By Wadi/MPA
ဘန်ကောက်မြို့တွင် ကျင်းပမည့် ဘင်္ဂလားပင် လယ်အော်ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု အစည်းအဝေး (BIMSTEC) တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူများက ဆန္ဒပြ ဆိုသည့် သတင်းအမှားအကြောင်းအရာများ လူမှုကွန်ယက်များတွင် ပျံ့နှံ့လျက်ရှိသည်။
ဖေ့ဘွတ်ခ်တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြသည်ဟုဆိုပြီး အဆောက်အဦးတစ်ခုရှေ့တွင် လူအများ ဆန္ဒပြနေသော ဗွီဒီယိုဖိုင်များ ပျံ့နှံ့လာသည်။
ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသော သတင်းများ >>> https://archive.ph/b20g1
လူမှုကွန်ယက်များတွင် ပျံ့နှံ့နေသည့် အကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားများ ပါဝင်သလို သတင်းအမှန်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
လူမှုကွန်ယက် ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော ဗွီဒီယိုဖိုင်များကို Screen Shoot ဖမ်း၍ Google Reverse Image Search ဖြင့် ရှာဖွေကြည့်သည့် အခါ ထိုင်းနိုင်ငံမီဒီယာဖြစ်သည့် “ ThaiPBSNorth” သတင်းဌာနက ဖော်ပြထား သော ဓာတ်ပုံ များနှင့် ထပ်တူညီနေသည်။
ထိုင်းမီဒီယာတွင် ထိုင်းဘာသာဖြင့် ဖော်ပြထား သောအကြောင်းအရာကို Google Translate အသုံးပြု၍ စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း တွေ့ရသည်။
အဆောက်အဦးတစ်ခုရှေ့တွင် ဆန္ဒပြနေသည့် ဗွီဒီယိုဖိုင်နှင့် ပတ်သက်၍ “ThaiPBSNorth” တွင် သစ်တောထိန်းသိမ်းရေးဥပဒေနှင့် ပတ်သက်၍ ချင်းမိုင်ခရိုင်ရှိ လယ်သမားများက ချင်းမိုင်ခရိုင် ခန်းမရှေ့တွင် ခြောက်ရက်မြောက်နေ့ ဆန္ဒထုတ် ဖော်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/99UVV
ထို့ကြောင့် လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် ဗွီဒီယိုဖိုင်များမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြခြင်းမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထိုင်းနိုင်ငံတွင် အာဏာသိမ်းမြန်မာစစ် ခေါင်း ဆောင်ကို လူအများစုဝေး၍ ဆန္ဒပြခြင်းမရှိသော် လည်း စာတန်းချိတ်ဆွဲဆန္ဒထုတ်ဖော်ခြင်းနှင့် ကမ့်ပိန်းများပြုလုပ်၍ ဆန့်ကျင်လျက်ရှိသည်။
မြစ်ကူးတံတားတစ်စင်းပေါ် တွင် “ We Do Not Welcome, Murderer Min Aung Hlaing” ဟု စာတမ်းချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်မှုရှိကြောင်း လူမှုကွန်ရက် X တွင် တင်ထားတာတွေ့ရသည်။
လင့်ခ် – https://archive.ph/73HCb
ထို့အပြင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် ဆန့်ကျင်သည့်အနေဖြင့်အနက်ရောင်အင်္ကျီဝတ်ဆင်သည့် ကမ်ပိန်းပြုလုပ် ဆိုသည့် အကြောင်းအရာများလည်း ပျံ့နှံ့လျက်သည်။
သတင်းစိစစ်ချက်
တံတားပေါ်တွင် စာတန်းချိတ်ဆွဲထားသော ဓာတ်ပုံ နှင့် ပတ်သက်၍ Google Reverse Image ဖြင့် ရှာဖွေကြည့်ရာ “ Narinjara” နှင့် “Mizzima” မီဒီယာများတွင် ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
မီဒီယာများတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် BIMSTEC အစည်းအဝေးတက်ရောက်ရန် ရောက်ရှိနေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို The King Taksin တံတားပေါ်တွင် “ လူသတ် မင်းအောင်လှိုင်ကို ကျွန်ုပ်တို့ မကြိုဆို” ဟူသည့် စာတန်းကို ချိတ်ဆွဲ ဆန္ဒပြခဲ့ကြောင်း၊ စာတန်းချိတ်ဆွဲထားသည့် တံတားသည် BIMSTEC အစည်းအဝေးကျင်းပ မည့် ဘန်ကောက် ရှန်ဂရီလာဟိုတယ် အနီးတွင် တည်ရှိကြောင်း ကို ဓာတ်ပုံနှင့်တကွ ဖော်ပြထား သည်။
သတင်းအပြည့်အစုံ ဖတ်ရန် >>>
Narinjara – https://bitly.cx/v3jtp
Mizzima – https://bitly.cx/5NjA1
စစ်ခေါင်းဆောင်ကို ဆန့်ကျင့်သောအားဖြင့် အင်္ကျီအနက် ဝတ်ဆင်ရန်အတွက်လည်း Milk Tea Alliance Thailand ၏ စာမျက်နှာတွင် ဖော်ပြထားတာ တွေ့ရသည်။
အပြည့်အစုံ ဖတ်ရန် >>> https://bitly.cx/T4cY
ထို့ကြောင့် လူမှုကွန်ယက်များတွင် ပျံ့နှံ့နေေသာ စစ်ခေါင်းဆောင်ကို ဆန့်ကျင့်သည့် ဆန္ဒပြစာတန်းနှင့် အနက်ရောင်ဝတ် ကမ်ပိန်းသည် သတင်းအမှန်ဖြစ်ကြောင်း တွေ့ရသည်။
သုံးသပ်ချက်
လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော အကြောင်းအ ရာများကို အချက်အလက် စစ်ဆေးကြည့်ရာ ဆန္ဒပြဗွီဒီယိုဖိုင်များမှာ စစ်ခေါင်းဆောင်ကို ဆန္ဒပြခြင်းမဟုတ်ဘဲ ထိုင်းပြည်တွင်း ဥပဒေများ နှင့် ပတ်သက်၍ ထိုင်းပြည်သူများဆန္ဒပြခြင်း ဖြစ်သည့်အတွက် သတင်းအမှားဖြစ်သည်။
BIMSTEC အစည်းအဝေးတက်ရောက်နေသည့် စစ်ခေါင်းဆောင်ကို မကြိုဆိုကြောင်း တံတား ပေါ်တွင် စာတန်းချိတ်ဆွဲ ဆန္ဒပြခြင်းနှင့် အနက်ရောင်ဝတ်ဆင်ခြင်း ကမ်ပိန်းတို့လုပ်ဆောင် ခြင်းသည် သတင်းအမှန်ဖြစ်ကြောင်း တွေ့ရသည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများ သည် ဧပြီ ၄ ရက် ညနေပိုင်းအထိ စစ်ဆေးတွေ့ရှိ ထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော အကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလို လျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။
စာတည်း – Wazza