By Haythar+Wadi/MPA
မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားသည့် ယာဥ်တန်းကို PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဓာတ်ပုံ အဟောင်းများ အသုံးပြုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
မှိုင်းဝေ၊ Ko Thet၊ THAR SITT(Psy)၊ U Nay Win စသည့် ချန်နယ်များနှင့် အခြားဝါဒဖြန့်ချန်နယ်များက မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားသည့် ယာဉ်တန်းကို PDF များ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေးသားဖြန့်ဝေထားခြင်းဖြစ်သည်။
သတင်းအမှားလင့်ခ်များ
မှိုင်းဝေ – https://archive.ph/ZnQJP
Ko Thet – https://archive.ph/tLvRz
THAR SITT(Psy) – https://archive.ph/znxuo
U Nay Win – https://archive.ph/o7TtI
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ဝါဒဖြန့်ချန်နယ်များကဖြန့်ဝေထားသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ “မြေလတ် အသံ” တွင် ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်စွဲဖြင့် ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေပြီး People’s Spring သတင်းမီဒီယာတွင် ဖော်ပြထားသောဓာတ်ပုံအဟောင်းများနှင့် ထပ်တူညီလျက်ရှိသည်။
မြေလတ်အသံတွင် ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက် ညနေ ၃ နာရီခွဲခန့်တွင် မန္တလေးကနေ ရွှေဘိုဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် ကားနှစ်စီး၊ ကုန်တင်ကား တစ်စီး နှင့် ဆိုင်ကယ်တစ်စီး မိုင်းထိခဲ့ကြောင်း၊ မိုင်းထိမှုကြောင့် ရဟန်းတစ်ပါး အပါအဝင် အရပ်သား ခုနှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းဓာတ်ပုံများ နှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/f8idI
People’s Spring သတင်းမီဒီယာတွင် ၂၀၂၅ မတ် ၄ ရက်က စစ်ကောင်စီတပ် Faw ကားတစ်စီးကို တော် လှန်ရေး ရဲဘော်များက သိမ်းပိုက်အပြီးတွေ့ရစဥ်” ဟု ရေးသားဖော်ပြထားသည်။ သတင်းလင့်ခ် https://shorturl.at/5fgWk
ထပ်မံ၍ ဖြန့်ဝေထားသော ဓာတ်ပုံ၌ နွားထိုးကြီး PDF တံဆိပ်ပါ သေနတ်ပစ်နေပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ Myanmar Pressphoto Agency (MPA) သတင်းမီဒီယာတွင်ဖော်ပြထားသော ဓာတ်ပုံ နှင့် ထပ်တူညီနေသည်။
MPA တွင် မတ် ၁၁ ရက်က နွားထိုးကြီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၄၇ ဦးသေဆုံးဟု ရေးသားဖော်ပြထားသည်၊
သတင်းမီဒီယာလင့်ခ် – https://shorturl.at/WbPc8
ပျံ့နှံ့နေသော သတင်းအကြောင်းအရာများကို အတည်ပြုနိုင်ရန် မုံရွာခရိုင်တပ်ရင်း ၁၂ ကို MPA Fact Check Team က ဆက်သွယ်မေးမြန်းရာ “ ဒီဘက်မှာတော်လှန်ရေးတပ်တွေက ကယ်ဆယ်ရေးကားတွေကို မိုင်းဆွဲတိုက်ခိုက်တာမ ရှိပါဘူး၊ သတင်းအမှားပါ။ စစ်ကောင်စီဘက်က ကျတော်တို့နဲ့ ပြည်သူကြားကိုရန်တိုက်ပေးသလိုပါဘဲ။ လော လောဆယ်ကျတော်တို့ဘက်က အကုန်လုံးက လမ်းကြောင်းပိုင်းမှာ မိုင်းဆွဲဖို့ ငလျင်ကြောင့်နဲ့ ရပ်ဆိုင်းထားတာ ရှိပါတယ်။ ငလျင်ကြောင့်နဲ့ ဒီလောက်ဆိုးဆိုးဝါးဝါးကပ်ဘေးကြီးကိုကျတော်တို့က ကယ်ဆယ်ရေးအဖွဲ့ယာဥ် တွေကို မိုင်းဆွဲဆိုရင် ကျတော်တို့လူမှမဟုတ်တော့တာ ၊ အဲ့လိုလုပ်လို့မှမရတာ၊ တခြားအဖွဲ့စည်းတွေလည်း လမ်းပိုင်းဖြတ်တောက်ရေးအကုန်နားထားတယ်” ဟု ဖြေဆိုသည်။
တိုက်ခိုက်မှုများနှင့် ပတ်သက်၍ NUG က မတ်လ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပြီး ထုတ်ပြန် ချက်တွင် ငလျင်ဒဏ်သင့် ဒေသများနှင့် ဆက်စပ်နေသော ခရိုင်များအတွင်း ခုခံ ကာကွယ်စစ်မှလွဲ၍ ထိုးစစ် အားလုံးကို မတ်လ ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ သီတင်းနှစ်ပတ်ကြာ ရပ် ဆိုင်းရန် နှင့် ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့များအား လိုအပ်သည့် အကူအညီနှင့် ကာကွယ် စောင့်ရှောက်မှုများ ပေးရန် လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များအား ညွှန်ကြားထားပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://bitly.cx/JmPWh
သုံးသပ်ချက်
မြန်မာနိုင်ငံတွင် အင်အားပြင်း ၇.၇ ရစ်ချက်စတာ စကေးရှိသည့် ငလျင်ကြောင့် ပြည်သူများထိခိုက် ပျက်စီး သေဆုံးနေချိန်တွင် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးများ လိုအပ်ချက်မြင့်မားနေသည်။
နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအချို့ မြေပြင်ရောက်ရှိကယ်ဆယ်နေချိန်တွင် မြေပြင်အကူညီ လိုအပ်လျက်ရှိ နေသော စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားသည့်ယာဥ်တန်းကို PDF များက မိုင်းဆွဲတိုက်ခိုက်နေကြောင်း ဓာတ်ပုံ အဟောင်းများကိုအသုံးပြုပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ရည်ရွယ်ချက်ရှိရှိ သတင်းအမှား များဖြန့်ဝေထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။
စာတည်း – Wazza
#MPA #FactCheck #Mis_Disinformation #ငလျင် #စစ်ကိုင်း #Wadi #Haythar