By Haythar/MPA
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ၂၀၂၂ နိုဝင်ဘာ က စစ်ကောင်စီယာဥ်တန်းမိုင်း ဆွဲတိုက်ခိုက်ခံရ သည့် ဗီဒီယိုအဟောင်းကိုအ သုံးပြုပြီး ငလျင်ဘေး ကို ကူညီရန်လာသည့် စစ်တပ်ကယ်ဆယ်ရေး ယာဥ် ကို PDF များ မိုင်းဆွဲတိုက်ခိုက်သည်ဟု စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေ လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ မတ် ၂၉ မနက်ပိုင်းတွင် ခေတ်သစ်သတင်းမီဒီယာက တင်ဆက်ထားသည့် သတင်းတစ်ခုကို အသုံးပြုပြီး “ ငလျင်ဘေးကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများကို ကယ်ဆယ်ရန်လာသည့် ကယ်ဆယ်ရေး ယာဉ်တန်းအား PDF များမှ မိုင်းဆွဲတိုက်ခိုက်” ဟုရေးသားဖြန့်ဝေထားသည်။
အဆိုပါသတင်းရေးသားဖြန့်ဝေမှုကို မတ် ၂၉ ညနေ ပိုင်းအထိ ကြည့်ရှုသူ ၁၆,၀၀၀ ကျော်၊ like and react လုပ်သူ ၄၀၀ ကျော်ရှိပြီး အခြား ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြထားကြ သည်။
သတင်းအမှားလင့်ခ်များ
မှိုင်းဝေ – https://archive.ph/oLYDa
ကပ္ပတိန်မှိုင်းဝေ – https://archive.ph/MssOL
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ဖြန့်ဝေထားသော သတင်းဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ ခေတ်သစ်သတင်းမီဒီ ယာက ၂၀၂၂ နိုဝင်ဘာတွင် တင်ဆက်ထားသည့် သတင်းနှင့်ထပ်တူညီသည်။
ခေတ်သစ်သတင်းမီဒီယာတွင် “ မြင်းမူမြို့ပေါ်တွင် စစ်ကောင်စီတပ်ယာဥ်တန်းကိုမိုင်းဆွဲတိုက်ခိုက်” ဟုရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ် – https://shorturl.at/ZAgJs
ထပ်မံ၍ အတည်ပြုနိင်ရန် Google တွင် “ မြင်းမူ “ ဆိုသည့်စာသားဖြင့်ရှာဖွေကြည့်ရာ မြေလတ်အသံသတင်းမီဒီယာနှင့် MFP သတင်းမီဒီယာတို့က သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင်” စစ်ကိုင်းတပ်မ ၃၃ မှထွက်လာသည့် စစ်ကား ၂၂ စီးပါယာဥ်တန်းကို ၂၀၂၂ နိုဝင်ဘာ ၁၉ မနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်း ၃ကြိမ်ဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကြောင်း”ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
မြေလတ်အသံ – https://shorturl.at/rFAUb
Mandalay FreePress-MFP https://shorturl.at/zxYgL
သုံးသပ်ချက်
မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြည်သူများပိတ်မိနေပြီး ထိခိုက်သေဆုံးသူ ၁၀၀၀ ကျော်ရှိလာသည့်အချိန်တွင် ကူညီကယ်ဆယ်ရန်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်သည်ဟု ဖြန့်ဝေထားေသာ ဗီဒီယိုဖိုင်သည် ၂၀၂၂ နိုဝင်ဘာ၁၉ က ဗီဒီယိုအဟောင်းဖြစ်သည်။
ထို့ကြောင့် ငလျင်ဘေးကို ကူညီရန်လာသည့် စစ်ကောင်စီတပ်ကယ်ဆယ်ရေးယာဥ်ကို PDF များက မိုင်းဆွဲတိုက်ခိုက်ဆိုသည်မှာ သတင်းအမှားအကြောင်းအရာဖြစ်သည်။
စာတည်း -Wazza