By Haythar/MPA
ဆီးရီးယားနိုင်ငံ၌ ကလေးငယ်တစ်ဦး ဆော့ကစား နေသော ဓာတ်ပုံကို မြန်မာတွင်ငလျင်ကြောင့် ကလေးငယ်တစ်ဦး ပိတ်မိနေ ဟု ဖေ့ဘွတ်ခ်နှင့်ဆိုရှယ်မီဒီယာ များတွင် သတင်းအမှားများပျံ့နှံ့လျက်ရှိသည်။
အဆိုပါဓာတ်ပုံကို “စစ်အောင်” ဖေ့ဘွတ်ခ်အကောင့် က မတ် ၂၉ ရက်မနက်ပိုင်းတွင် “ မနေ့က လှုပ်ခဲ့သ ည့် ငလျင်ကြောင့် ပိတ်မိနေသည့်ကလေး” ဟုရေးသားဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ် – https://shorturl.at/BcPSk
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ပျံ့နှံ့နေသည့်ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ Lighthouse Journalism ဆိုသည့် နိုင်ငံခြားသတင်းဌာနက သတင်း အချက်လက်စစ်ဆေးထား သော ဓာတ်ပုံနှင့်ထပ်တူညီနေသည်။
Lighthouse Journalism သတင်းဌာနက “အပျက်စီးများအောက်တွင် ပိတ်မိနေသည့် ကလေးငယ်သည် ဆီးရီးယားနိုင်ငံမှ ဖြစ်ပြီး အဆိုပါ မိန်းကလေးသည်ဘေးကင်းလျက်ရှိကြောင်း၊ အဆိုပါမိန်းကလေးဆော့ကစားနေစဥ် ဖခင်ဖြစ်သူမှ ဗီဒီယိုရိုက်တင်ထားခြင်းဖြစ်ကြောင်း ၊ သူမဖခင်သည် သန့်ရှင်းသပ်ရပ်သည့် အဝတ်စားများနှင့် ပျော်ရွှင်စွာ ဆော့ကစားနေသည့် ကလေးမလေး၏ ဓာတ်ပုံများကိုလည်း တင်ခဲ့ကြောင်း မူရင်းရုပ်သံနှင့်အတူ ရေးသားဖော်ပြထားသည်။
သတင်းလင့်ခ် https://archive.ph/6lhNF
သုံးသပ်ချက်
မြန်မာနိုင်ငံတွင် ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပိတ်မိသေဆုံးသူများရှိနေပြီး ငလျင်ကြောင့်ပိတ်မိနေသည့် ကလေးငယ် ဟုဆိုကာ ဆိုရှယ်မီဒီယာ၌ ဖြန့်ဝေနေသော ဓာတ်ပုံသည် ဆီးရီးယားနိုင်ငံမှကလေးငယ်ဆော့ကစားနေသည့် ပုံဖြစ်သည်
ထို့ကြောင့် မြန်မာနိုင်ငံငလျင်ကြောင့် ပိတ်မိနေသည့် ကလေးငယ်ဟူ၍ ဖြန့်ဝေနေမှုများမှာ ဓာတ်ပုံအမှားဖြစ်သည်။
မြေငလျင်နှင့်ပတ်သက်သော သတင်းအမှားများ ဆိုရှယ်မီဒီယာများတွင် လွန်စွာပျံ့နှံ့လျက်ရှိသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများက ယုံကြည်စိတ်ချရသော သတင်းဌာနများက သတင်းများ ရေးသားဖော်ပြလျက်ရှိသည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။
စာတည်း – Wazza