By Wadi/ MPA
စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ အောင်ဇေယျဈေးအား PDF များက ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ဆိုသော သတင်း အမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Ko Thet” တယ်လီဂရမ်ချန်နယ်က မတ်လ ၂၆ ရက် နေ့လည် ၃ နာရီကျော်တွင် “ရွှေဘိုမြို့ အောင်ဇေယျ ဈေးအား မတ်လ ၂၅ ရက်နေ့တွင် PDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း” သတင်းဓာတ်ပုံများနှင့်တကွ ရေးသား ဖော်ပြထားသည်။
အဆိုပါအကြောင်းအရာကို မတ်လ ၂၇ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၇၉,၀၀၀ ကျော်၊ Reaction ပေးသူ ၃၈၀ ကျော် ရှိသည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/x1ZWw
အဆိုပါအကြောင်းအရာကို “Snow Queen, Kyaw Swar” တို့အပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြ ခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/c0wrV
Kyaw Swar – https://archive.ph/RxP5l
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “ရွှေဘိုမြို့ အောင်ဇေယျဈေး လက်နက်ကြီး ထိ”ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “မြေလတ်အသံ” နှင့် “The Irrawaddy” သတင်းမီဒီယာတို့က သတင်းရေးသားထားသည်။
သတင်းမီဒီယာများတွင် မတ်လ ၂၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ အောင်ဇေယျဈေး အတွင်း လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း၊ ရွှေဘိုမြို့ အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ်ကနေ ပစ်ခတ်လိုက်ခြင်းဖြစ် ကြောင်း၊ ဗုံးသီးကျရောက်မှုကြောင့် ဈေးအတွင်း ရှိ ကလေးငယ်တစ်ဦးအပါအဝင် ငါးဦး ထိမှန်ဒ ဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေ အနေရှိကြောင်း၊ လက်နက်ကြီးမကျရောက်ခင် နံနက်ပိုင်း၌ ရွှေဘိုမြို့ပြင် ကျွန်းတောကွေ့အနီးတွင် စစ်တပ် နှင့် တော်လှန် ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲကို စစ်တပ်ဘက်က လက်နက်ကြီးပစ်ကူ ပေးရာကနေ ဗုံးသီးတစ်လုံးမှာ ဈေးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရှော့တိုက်ဒုံးမဟုတ် ကြောင်း ဒေသခံအသံများနှင့်တကွ သတင်းရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
မြေလတ်အသံ – https://bitly.cx/Hykgz
The Irrawaddy – https://bitly.cx/7RyC
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ရှိ အောင်ဇေယျဈေးအတွင်းသို့ စစ်တပ်ဘက်က ပစ် ခတ်သော လက်နက်ကြီးဗုံးသီးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးသားထားသည်။
ဈေးအတွင်း ကျရောက်ပေါက်ကွဲမှုသည် စစ်တပ်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီးဖြစ်ပြီး PDF များ ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံးမဟုတ်ကြောင်း ရေးသားထားသည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန် နယ်များတွင် ပျံ့နှံ့နေသော “ရွှေဘိုမြို့ အောင်ဇေယျဈေး ကို PDF များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် မတ်လ ၂၇ ရက် မွန်းလွဲပိုင်းအချိန်ထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။
စာတည်း – Wazza