By Wadi/MPA
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သတ်ဖြတ်ထားသော PDF များ၏ ရုပ်အလောင်းပုံများကို KIA ပြန်ဖော် ထုတ်ဆိုသည့် အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် ဆိုရှယ်မီဒီယာများ၌ ပျံ့နှံ့လျက်ရှိသည်။
“Kachin Youth Political Movement” ဆိုသည့် ဖေ့ဘွတ်ခ်က မတ်လ ၂၄ ရက် နံနက် ၁၂ နာရီ၌ ၁၀၂၇ စစ် ဆင်ရေးအတွင်း စစ်ကူတိုက်ပေးထားသော PDF များကို TNLA က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ ကြောင်း ၊ KIA နယ်မြေအတွင်း ထင်ရာစိုင်းနေသည့် TNLA ၏ လုပ်ရပ်ကို ကြည့်မနေသင့်ကြောင်း၊ သေ ဆုံးသွားသူများ၏ ရုပ်အလောင်းများအား ရိုက်ကူးထားသည့် ရုပ်သံဖိုင်ကို မှတ်ချက်တွင် ကြည့်ရှုနိုင် ကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို မတ်လ ၂၅ ရက် ညနေပိုင်းအထိ Reaction ပေးသူ ၉၀ ကျော်၊ မှတ်ချက်ရေး သူ ၁၀ ဦးကျော်၊ ပြန်လည်မျှဝေသူ ၅၀ ကျော် ရှိနေသည်။
မူရင်းရေးသားထားသောလင့်ခ် >>> https://bitly.cx/ctFzi
အဆိုပါအကြောင်းကို “KO CHIT (MDY)” တယ်လီဂရမ်ချန်နယ်က မတ်လ ၂၅ ရက် နံနက် ၁၀ နာရီကျော် တွင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ပျောက်ဆုံးသွားသော PDF ရုပ်အလောင်းများကို KIA က ပြန်ဖော်နေ ကြောင်း၊ ရုပ်အလောင်းများမှာ အရိုးစုတွေပဲ ကျန်တော့တဲ့အထိ ကြောက်စရာကောင်းကြောင်း ဖေ့ဘွတ်ခ် တွင် ဖြန့်ချိထားသော ရုပ်သံဖိုင်လင့်ခ်နှင့်အတူ ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို “ကိုနှင်းမောင်၊ မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒ ဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
KO CHIT(MDY) – https://archive.ph/KVhOK
ကိုနှင်းမောင် – https://archive.ph/j3hES
မှိုင်းဝေ – https://archive.ph/vdPH9
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
ဖေ့ဘွတ်ခ်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို Screenshot ရိုက်၍ Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ The Chinland Post ၌ ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
The Chinland Post >>> https://bitly.cx/NjkVF
The Chinland Post တွင် ချင်းဘာသာစကားဖြင့် ရေးထားသည့်အတွက် ဖော်ပြထားသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ထပ်မံရှာဖွေကြည့်ရာ “Mizzima” သတင်းမီဒီယာက ဖော်ပြထား သော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Mizzima တွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လ အတွင်း ချင်းပြည်နယ်၊ မတူပီမြို့ရှိ စစ်ကောင်စီ တပ်စခန်းများ ကို ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်စဉ် စခန့်စွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သားများ၏ အရိုးစုရုပ်အလောင်းများကို မင်းတပ်မြို့ စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲရေးကော်မတီက ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ မင်းတပ်နှင့် မတူပီမြို့နယ်အကြားတွင် အရိုးစု ၂၀ ကျော် တွေ့ရှိခဲ့ကြောင်း၊ ဒေသခံ များ၏ ပြောကြားချက်အရ ၁၂၀ ကျော် ရှိကြောင်း၊ တောနက်သဖြင့် ဆက်လက်ရှာဖွေခြင်း မပြုတော့ ကြောင်း၊ တောထဲတွင် အစာရေစာပြတ်လပ်ပြီး ရာသီဥတုလည်း ကြမ်းသည့်အတွက် ဝမ်းရောဂါဖြစ်ပွားပြီး သေဆုံးခဲ့ခြင်း ဖြစ်နိုင်ကြောင်းကို သတင်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/I4h9m
ဆက်လက်အတည်ပြုနိုင်ရန် Google တွင် “ စစ်ကောင်စီအရိုးစုများ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “Khonumthung Burmese ၊ Radio NUG ၊ သံလွင်တိုင်းမ်” မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာ ထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ယင်းတို့၏ မိသားစုဝင်များထဲက သေဆုံးသူများ၏ ၁၅ ဦးထက် မနည်းသော ရုပ်အလောင်းကို ရှစ်လအကြာတွင် အစုလိုက်အပြုံလိုက် ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ တောထဲ တွင် သောက်စရာရေမရှိခြင်း၊ စားစရာပြတ်လပ်ခြင်း နှင့် တစ်လကျော်ထွက်ပြေးနေရင်း ဝမ်းရောဂါဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ရုပ်အလောင်းများမှာ အရိုးစုသာ ကျန်တော့ကြောင်း၊ ရုပ်အလောင်းများထဲတွင် ကလေးငယ်ရုပ်အလောင်း ၂ ခု နှင့် အမျိုးသမီးဟု သေချာသော ရုပ်အလောင်း တစ်ခု တွေ့ရပြီး ကျန်ရုပ်အ လောင်းများမှာ ကျား မ မခွဲခြားနိုင်ကြောင်း သတင်းဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Khonumthung Burmese – https://bitly.cx/1Vg9d
Radio NUG – https://bitly.cx/62Eeg
သံလွင်တိုင်းမ် – https://bitly.cx/61oW
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ၂၀၂၄ ဇွန်လအတွင်းဖြစ်ပွားခဲ့သည့် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက် ပြေးသွားသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရေးသားထား သည်။
ရုပ်အလောင်းများနှင့်အတူ စစ်တပ်အမှတ်အသားပါ စစ်အသုံးအဆောင်ပစ္စည်းများနှင့် စစ်ကောင်စီနှင့် သက်ဆိုင်သော အခြား အထောက်အထားများလည်း တွေ့ရသည်။
ထို့ကြောင့် ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော “ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA များ သတ်ဖြတ်ခဲ့သည့် PDF ရုပ်အလောင်းများ” ဆိုသည့် အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။