By Wadi / MPA
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရွာများကို PDF များ မီးရှို့ပြီး အောင်ပွဲခံ ဆိုသည့် သတင်းအမှား အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Myanmar National Post” တယ်လီဂရမ်ချန်နယ်က မတ်လ ၂၁ ရက်၊ နေ့လည် ၁ နာရီ ၄၉ မိနစ်တွင် စစ် ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရွာတစ်ရွာကို PDF များက မီးရှို့ပြီး အောင်ပွဲခံနေကြောင်း၊ စိတ်ဓာတ်မှာ အောက်တန်းကျလွန်းကြောင်း၊ ဒီရုပ်သံကို များများဖြန့်ဝေမှသာလျှင် ပြည်သူများ အမှန်တရားကို သိမည် ဖြစ်ကြောင်း မီးလောင်မှုနှင့်အတူ အောင်ပွဲခံနေသော တော်လှန်ရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ရုပ်သံဖိုင်ကို ဖြန့်ဝေခဲ့သည်။
အဆိုပါရုပ်သံဖိုင်ကို မတ်လ ၂၂ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂,၀၀၀ ကျော်၊ Reaction ပေးသူ ၅၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/HNfA9
အဆိုပါ ရုပ်သံဖိုင်ကို “ကိုလှရွှေ(သတင်းမှန်)၊ ကိုနှင်းမောင်၊ Myanma Today (မြန်မာ့တူဒေး)” အပါအဝင် အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြကြသဖြင့် ပျံ့နှံ့မှုများပြားလျက်ရှိ သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
ကိုလှရွှေ(သတင်းမှန်) – https://archive.ph/XzEzb
ကိုနှင်းမောင် – https://archive.ph/XgVuP
Myanma Today(မြန်မာ့တူဒေး) – https://archive.ph/EWeak
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်ကို InVID Video Verification ဖြင့် စစ်ဆေး၍ ရရှိလာသော Keyframes ရုပ်ပုံများကို Google Reverse Image Search ဖြင့် ထပ်မံ ရှာဖွေကြည့်ရာ Mandalay Free Press(MFP) က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် သတင်းဖော်ပြထားသော ရုပ်သံဖိုင်နှင့် ထပ်တူညီနေသည်။
Mandalay Free Press သတင်းမီဒီယာက စစ်ကိုင်းတိုင်း ဝက်လက်မြို့ပေါ်ရှိ ရဲစခန်းကို ဇန်နဝါရီ ၂၄ ရက်တွင် ရွှေဘိုခရိုင် တပ်ရင်း(၁၅)၊ တပ်ခွဲ(၁) – Eagle Guerilla Force (EGF)က ရှော့တိုက်ဒုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း၊ ထို့အပြင် စစ် ကောင်စီအုပ်စုကို ဆက်ကြေးပေးပြီး ဂျင်ဝိုင်းဖွင့်ထားသော အဆောက်အဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့ များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရိုက်ကူးထားသည့် အောင်ပွဲခံ ရုပ်သံဖိုင်နှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/aJ74T
သုံးသပ်ချက်
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် ဖြန့်ဝေနေသော ရုပ်သံဖိုင်ကို စစ်ဆေးကြည့်ရာ ရုပ်သံဖိုင်မှာ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်က ရိုက်ကူးထားသော ရုပ်သံဖိုင်ဖြစ်ကြောင်း တွေ့ရှိရသည်။ ရုပ်သံဖိုင်အကြောင်းအရာမှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်ရှိ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုကို ဆက်ကြေးပေးပြီး ဂျင်ဝိုင်းဖွဲ့ထားသော အဆောက်အ ဦး မီးရှို့ဖျက်ဆီးခဲ့သောဖြစ်စဉ် ဖြစ်သည်။
ရဲစခန်းကို တိုက်ခိုက်ခြင်းဖြစ်ပြီး ရွာမီးရှို့မှုမဟုတ်ကြောင်း သတင်းဖော်ပြမှုအရ သိရသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ ဝက်လက်မြို့တွင် PDF များ ရွာမီးရှို့ပြီး အောင်ပွဲခံ” ဆိုသည့် အကြောင်းအရာသည် ရုပ်သံဖိုင်အဟောင်းကို အသုံးပြုပြီး ဖြန့်ဝေထားသော သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။