By Haythar / MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စိန့်ပက်ထရစ် ရိုမန်ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ် သားများ မီးရှို့ဖျက်ဆီးပြီးနောက် KIA PDF များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီတပ်ဝါဒဖြန့် တယ်လီဂ ရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
People Media တယ်လီဂရမ်ချန်နယ်က မတ် ၁၇ ရက် မွန်းလွဲပိုင်းတွင် အဆောက်အဦးများမီးလောင်နေသည့် ဗီဒီယိုဖိုင်နှင့်အတူ ဗန်းမော်မြို့ ဗန်းမော်-မန်ဝိန်းလမ်းမကြီးဘေးရှိ စိန့်ပက်ထရစ် ရိုမန်ကတ်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို KIA PDF များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေးသားဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို မတ် ၁၈ ရက် ညပိုင်းအထိ ကြည့်ရှုသူ ၃၆,၀၀၀ ကျော်၊ like and react ပေးသူ ၃၈၅ ဦးရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖြန့်ဝေခဲ့ကြသည်။
သတင်းအမှားလင့်ခ်များ
People Media – https://archive.ph/AN1UE
Snow Queen – https://archive.ph/vgejJ
Kyaw Swar – https://archive.ph/5ipmV
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော ဗီဒီယိုဖိုင်ကို InVID video verification အသုံးပြု၍ ရရှိလာသော keyframe ဓာတ်ပုံကို Google Reverse Image Search ဖြင့် ဆက်လက်စစ်ဆေးကြည့်ရာ People’s Springသတင်းမီဒီယာက ဖော်ပြထား သည့် ဗီဒီယိုဖိုင်နှင့်ထပ်တူညီနေသည်။
People’s Spring သတင်းမီဒီယာတွင် “ဗန်းမော်ရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီတပ်ဖွဲ့များ မီးရှို့ ဖျက်ဆီးဟု ကချင်သတင်းရင်းမြစ်အချို့ပြော” ဟုရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ် – https://shorturl.at/qvyQB
ထပ်မံ၍ အတည်ပြုနိုင်ရန် Google တွင် “ဗန်းမော်ရှိ ခရစ်ယာန်ဘုရားကျောင်းမီးရှို့ခံရ” ဆိုသည့် စာသားဖြင့် ရှာ ဖွေကြည့်ရာ RFA,People’s Spring နှင့် Kachin waves သတင်းမီဒီယာတို့က ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “ဗန်းမော်မြို့ ရှိ နှစ်ပေါင်း ၇၀ သက်တမ်းရှိသည့် စိန့်ပက်ထရစ် ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းကို စစ်ကောင်စီတပ်က မတ် ၁၆ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဗန်းမော်မြို့ စုပေါင်းရုံးရှိ စစ် ကောင်စီတပ်သားများက လာရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလတွင် စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းရှိဆရာတော်နေအိမ်၊ဓမ္မာရုံတို့မီးရှို့ခံခဲ့ရပြီး မတ် ၁၆ ရက်တွင် ဘုရားကျောင်းကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ဗန်းမော်မြို့တွင် ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း” ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
RFA – https://shorturl.at/o7ZgY
People’s Spring – https://shorturl.at/GZdzc
Kachin waves – https://shorturl.at/b3UR8
သုံးသပ်ချက်
ဗန်းမော်မြို့တွင် KIA PDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေသည်မှာ လေးလကျော်လာပြီဖြစ်ပြီး မြို့ဧရိယာ နှင့် အရေးပါသည့် စစ်ကောင်စီတပ်စခန်းအချို့ကို KIA ကသိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။
ထို့ကြောင့် ဗန်းမော်မြို့က ခရစ်ယာန်ဘုရားကျောင်းကို KIA PDF များက မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာ သတင်းအမှားအကြောင်းအရာဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်၂၀၂၁ မှ ၂၀၂၄ နှစ်ကုန်ပိုင်းအထိ ခရစ်ယာန်ဘုရားကျောင်း ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းအပါအဝင် ဘာသာရေးအဆောက်အအုံပေါင်း ရာနှင့်ချီ၍ ဖျက်ဆီးခဲ့သည်ဟု သတင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။