By Haythar/MPA
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ် နတ် စောင့်ရွာကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူခြောက်ဦးထိခိုက် သေဆုံးခဲ့မှုကို PDF ၆၀ ကျော်သေဆုံးသည်ဟု စစ် ကောင်စီတပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။
Truth Media တယ်လီဂရမ်ချန်နယ်က မတ်၆ ရက် ညနေပိုင်းတွင်မီးလောင်ပျက်စီးထားသည့်နေရာ ဓာတ်ပုံကို အသုံးပြုပြီး တောင်သာမြို့နယ်ကို လေကြောင်းဗုံးကြဲရာ PDF ၆၀ ကျော်သေဆုံးသည်ဟုရေးသားဖော်ပြထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို မတ် ၈ ရက် ညနေပိုင်းထိ ကြည့်ရှုသူ ၉၉၀၀ ကျော်ရှိပြီး like and react လုပ်သူ ၁၆၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြထားကြသည်။
သတင်းအမှားလင့်ခ်များ
Truth Media https://shorturl.at/7aZa3
နေပြည်တော် https://archive.ph/PWmCC
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင်ပျံ့နှံ့နေသည့် ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ မြေလတ်အသံ သတင်းမီဒီယာတွင်အသုံးပြုထားသည့်ဓာတ်ပုံနှင့်ထပ်တူညီနေသည်။
မြေလတ်အသံ သတင်းမီဒီယာတွင် “ တောင်သာတွင် စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် မိသားစု ၅ ဦးအပါ ၆ ဦးသေဆုံးပြီး နေအိမ် ၃၀ ကျော်မီးလောင်” ဟုရေးသားဖော်ပြထားသည်။
မူရင်းသတင်းလင့်ခ် https://shorturl.at/iH28b
ထပ်မံ၍အတည်ပြုနိုင်ရန် Google တွင် “ တောင်သာကိုစစ်တပ်ဗုံးကြဲ “ ဆိုသည့်စာသားဖြင့်ရှာဖွေကြည့်ရာ ‘ BBC,RFA,MIZZIMA သတင်းမီဒီယာတို့တွင်ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာတို့တွင်” တောင်သာမြို့နယ်နတ်စောင့်ရွာကို စစ်တပ်လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာစိုးရိမ်ရသူ ၄ ဦးရှိကြောင်း၊ ရွာလယ်ခေါင် ဓမ္မာရုံအနီးဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့်နေအိမ် ၃၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့ကြောင်း” ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
BBC https://shorturl.at/VlIPu
RFA https://shorturl.at/pUYCF
MIZZIMA https://tinyurl.com/2s3kn7rx
သုံးသပ်ချက်
တောင်သာမြို့နယ်နတ်စောင့်ရွာကို စစ်ကောင်စီတပ်လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ခြောက်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့သည်။
ထို့ကြောင့် သေဆုံးသူများသည် ပြည်သူများဖြစ်ပြီး PDF ၆၀ ကျော်သေဆုံးသည်ဆိုသည်မှာ သတင်းအမှားအကြောင်းအရာဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။