By Wadi/MPA
မကွေးတိုင်း၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို စစ်ကောင်စီက လေကြောင်းဖြင့် ရှင်းလင်းခဲ့ရာ PDF အများအပြား သေဆုံးဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“People Media” တယ်လီဂရမ်ချန်နယ်က မတ် ၃ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်အစပ်ရှိ နိုင်ငံပိုင် လက်ပံတိုရေနံမှော်တွင် ရေနံများ ခိုးယူတူးဖော်နေသည့် PDF များကို တပ် မတော်က လေကြောင်းဖြင့် ရှင်းလင်းခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် PDF များ ထိခိုက်သေ ဆုံးမှု များပြားခဲ့ကြောင်း ဗုံးဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အဦး ပုံများနှင့်တကွ ရေးသားဖြန့် ဝေထားခြင်းဖြစ်သည်။
အဆိုပါအကြောင်းအရာကို မတ်လ ၅ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၄၂,၀၀၀ ကျော်၊ Reaction ပေးသူ ၆၀၀ ကျော်နှင့် မှတ်ချက်ရေးသားသူ ၂၀ ကျော် ရှိသည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/q2G3v
အဆိုပါအကြောင်းအရာကို “Snow Queen , Kyaw Swar” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ် ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/Y8IYE
Kyaw Swar – https://archive.ph/A7KfB
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “BBC” နှင့် “မြေလတ်အသံ” သတင်းမီဒီယာတို့က ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် မတ်လ ၃ ရက် က မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နှင့် မြိုင် မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော် နှင့် ရွာများကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ၁၅ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း ၊ ဗုံးကြဲခံရသည့်ရွာများသည် PDF စခန်းများမရှိဘဲ အရပ်သားပြည်သူများသာ နေ ထိုင်သည့် ရွာများ ဖြစ်ကြောင်း ဒေသခံအသံများနှင့်တကွ ရေးသားထားသည်။
အပြည့်အစုံဖတ်ရန် >>>
BBC – https://bitly.cx/MbbGh
မြေလတ်အသံ – https://bitly.cx/fsAN
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ပေါက်နှင့်မြိုင်အစပ်ရှိ ရေနံမှော် ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “DVB, Mizzima, Myanmar Now” အပါအဝင် အခြား မီဒီယာများက သတင်းရေးသား ဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “ မတ်လ ၃ ရက် နံနက်အစောပိုင်း က မကွေးတိုင်း၊ ပေါက်မြို့နယ် လက်ပံတို ရေနံ မြေ နှင့် မြိုင်မြို့နယ် စပ်ကြားရှိ ကျေးရွာ ၇ ရွာခန့်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်သည် အပါအဝင် အရပ်သား ၁၂ ထက်မနည်းသေဆုံးခဲ့ ကြောင်း၊ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ရေနံလုပ်သားအများစု သေဆုံးခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
DVB – https://bitly.cx/dXO4h
Mizzima – https://bitly.cx/Vp5m
Myanmar Now – https://bitly.cx/U5ua
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မတ်လ ၃ ရက်က မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အကြားရှိ လက်ပံတို ရေနံမှော် အပါအဝင် အနီးရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ် သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရေးသားထားသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ် ကြားရှိ ရေနံမှောင်ကို လေကြောင်းတိုက်ခိုက်ရာ PDF များ အများအပြား သေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် မတ်လ ၅ ရက် ညနေပိုင်း အချိန်အထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။