By Haythar/MPA
မကွေးတိုင်း၊ချောက်မြို့နယ် အမှတ် ၃ ပြည်ထောင်စု လမ်းမပေါ်တွင် စခန်းမှူးနှင့် ရေနံမြေတပ်သားလိုက်ပါလာသည့် အိမ််စီးကား စစ်ဆေးမခံသဖြင့် PDF များက ပစ် ခတ်မှုကို ဆက်ကြေးမပေးသည့်အိမ်စီးကားကို PDF များကပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။
U Nay win တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၂၈ ရက် မနက်အစောပိုင်းတွင် လက်နက်ကိုင်ဆောင်ထားသူအချို့ ကားများကို စစ်ဆေးပြီးနောက်ပစ်ခတ်ခဲ့သည့် ဗွီဒီယို တစ်ခုကိုအသုံးပြုပြီး
ဆက်ကြေး မပေးသည့်အိမ်စီးကားကို PDF များကပစ်ခတ်ခဲ့သည်ဟုရေးသားဖော်ပြထားသည်။
အဆိုပါ ရေးသားဖြန့်ဝေမှုကို ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၂၀၀၀ ကျော်ရှိပြီး like and react လုပ်သူ ၃၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့ကြသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။
သတင်းအမှားလင့်ခ်များ
U Nay win – https://archive.ph/l9zHz
Snow Queen – https://archive.ph/olB3u
Kyaw Swar – https://archive.ph/AZ1Zr
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင်ပျံ့နှံ့နေသည့် ဗွီဒီယို ဖိုင်ကို InVID Verification Tools အသုံးပြုပြီး ရလာသည့် Keyframe ကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ ခေတ်သစ်သတင်းမီဒီယာတွင်အသုံးပြုထားသည့် ဗွီဒီယို ဖိုင်နှင့်ထပ်တူညီနေသည်။
ခေတ်သစ်သတင်းမီဒီယာတွင် ချောက်မြို့နယ် အမှတ် ၃ ပြည်ထောင်စု လမ်းမပေါ်တွင်ရဲစခန်းမှူး မင်းမင်းစိုးလိုက်ပါလာသည့် အိမ်စီးကား ကိုစစ်ဆေးရာမောင်းပြေးသဖြင့် ပစ်ခတ်မှုဖြစ် ဟုရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ် https://shorturl.at/77iDg
ထပ်မံ၍ သတင်းအကြောင်းအရာကိုအတည်ပြုနိုင်ရန် Google တွင် ချောက်မြို့နယ်တွင် အိမ်စီးကားပစ်ခတ်ခံရ ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ Radio NUG သတင်းမီဒီယာတွင်ရေးသားဖော်ပြထားသည်။
Radio NUG သတင်းမီဒီယာတွင် “ ချောက်မြို့ၐနယ် အမှတ် ၃ ပြည်ထောင်စု လမ်းမပေါ်တွင်Chauk Guerrilla Force PDF တပ်ဖွဲ့ ကလမ်းပိုင်းလုံခြုံရေးယူခဲ့ကြောင်း၊စစ်ဆေးနေစဥ် ချောက်မြို့နယ်မြို့မရဲစခန်းမှူးနှင့် ရေနံမြေရဲတပ်သား ၃ ဦးလိုက်ပါလာသည့် အိမ်စီးကား စစ်ဆေးမှုမခံယူဘဲ လှည့်ပြေးသဖြင့်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း” ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ် https://shorturl.at/JBIYp
သုံးသပ်ချက်
ချောက်မြိုနယ် အမှတ် ၃ ပြည်ထောင်စု လမ်းမပေါ်တွင် Chauk Guerrilla Force PDF တပ်ဖွဲ့ ကလမ်းပိုင်းလုံခြုံရေးယူနေစဥ်လှည့်ပြေးသည့် စစ်ကောင်စီတပ်စခန်းမှူးအိမ်စီးကား ပစ်ခတ်ခံခဲ့ရသည်
ထို့ကြောင့် ဆက်ကြေး မပေးသည့်အိမ်စီးကားကို PDF များကပစ်ခတ် ခဲ့သည်ဆိုသည်မှာ သတင်းအမှားအကြောင်းအရာဖြစ်သည်။