By Haythar/MPA
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ် မုန်ညှင်းရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲမှုကြောင့် သေဆုံးသူများ၏ ဓာတ်ပုံကိုအသုံးပြု၍ PDF များသေဆုံးသည်ဟု စစ်ကောင်စီတပ်ဝါဒဖြန့်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။
နေပြည်တော် တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၂၄ ရက်မွန်းလွဲပိုင်းတွင် အလောင်းများကို ထမ်းစင်ဖြင့် သယ် ဆောင်နေသည့် ဓာတ်ပုံကိုအသုံးပြု၍ မုန်ညှင်းရွာတွင် စစ်ကောင်စီတပ်လေထီးဗုံးကြဲမှုကြောင့်သေဆုံးသော PDF များဟုရေးသားဖြန့်ဝေထားသည်။
အဆိုပါသတင်းအမှားဖြန့်ဝေမှုကိုဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်းအထိ ကြည့်ရှုသူ ၄၈၀၀ ကျော်၊ like and react လုပ်သူ ၁၀၀ ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာကလည်း ကူးယူဖြန့်ဝေလျက်ရှိသည်။
သတင်းအမှားလင့်ခ်များ
နေပြည်တော် – https://archive.ph/zqSFA
Truth Media – https://shorturl.at/dJuIP
Sit Min – https://archive.ph/Wbqa1
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေ ကြည့်ရာ The Nation Voice သတင်းမီဒီယာက ဖော်ပြထားသော သတင်းဓာတ်ပုံနှင့်ထပ်တူညီသည်။
The Nation Voice သတင်းမီဒီယာတွင် “ စစ်တပ် လေထီးအသုံးပြုပြီး လေကြောင်းကတိုက်ခိုက်မှုကြောင့် သုံးနှစ်အရွယ်ကလေးအပါဝင် ပြည်သူ ၈ ဦး သေဆုံး” ဟုရေးသားဖော်ပြထားသည်။ သတင်းလင့်ခ် – https://shorturl.at/RjMKm
ထပ်မံ၍ သတင်းအကြောင်းရာကိုအတည်ပြုနိုင်ရန် Google တွင် “ စေတုတ္တရာမြို့နယ် မုန်ညှင်းရွာကို စစ်တပ် ဗုံးကြဲဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ “ RFA,DVB,မြေလတ်အသံ” သတင်းမီဒီယာများက ရေးသားဖော်ပြ ထားသည်။
သတင်းမီဒီယာများတွင် မကွေးတိုင်း စေတုတ္တရာမြို့နယ် မုန်ညှင်းရွာကိုဖေဖော်ဝါရီ ၂၃ ရက် မနက် ၃ နာရီဝန်း ကျင်၌ စစ်ကောင်စီတပ်က လေထီးနဲ့ ဗုံးကြဲတာကြောင့် အသက် ၃ နှစ်အရွယ်ကလေးတစ်ဦး၊ အသက် ၁၀ နှစ် အရွယ်ကလေးတစ်ဦးအပါ ၈ ဦးသေဆုံးခဲ့ကြောင်း၊ မုန်ညှင်းရွာဒေသခံများစိုက်ပျိုးရေးပြုလုပ်နေသည့် တဲ၊ တိုက် ၁၈ လုံးရှိပြီး အားလုံးမီးလောင်သွားကြောင်း၊ ဗုံးကြဲမှုကြောင့် အခြားဒေသခံ ၁၃ ဦးလည်းထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
RFA – https://shorturl.at/xrAJN
DVB – https://shorturl.at/4rDG2
မြေလတ်အသံ – https://shorturl.at/9k3jq
သုံးသပ်ချက်
မုန်ညှင်းကျေးရွာကို စစ်ကောင်စီတပ်က လေထီးဖြင့်ဗုံးကြဲခဲ့သည့်ဖြစ်စဥ် မှန်ကန်သော်လည်း ထိခိုက်သေဆုံးသူ များမှာ စိုက်ပျိုးရေးလုပ်ကိုင်သူ ဒေသခံပြည်သူများဖြစ်သည် ။
သေဆုံးသူများမှာ ကိုဟန်ဌေး၊ မဌေးဌေး၊ မစန်းညွှန့် ၊မလွမ်းမူ၊ မယမုံဦး နှင့် ကလေး ၂ ဦးတို့ဖြစ်ကြသည်။
စစ်ကောင်စီတပ်က စက်တပ်လေထီးဖြင့်ဗုံးကြဲမှုများကို ပြုလုပ်လာခဲ့ပြီးနောက် ပြည်သူများသေဆုံးမှုကိုPDF များသေဆုံးသည်ဟု ရည်ရွယ်ချက်ရှိရှိ သတင်းအမှားများဖြန့်လာခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မုန်ညှင်းရွာတွင် စစ်ကောင်စီတပ် လေထီးဗုံးကြဲမှုကြောင့်သေဆုံးသည့် PDF များ ဟုရေးသားဖော်ပြထားသည့်ဓာတ်ပုံသည် သတင်းဓာတ်ပုံအမှားဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။