By Haythar/MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲပြီးနောက် TNLA /PDF တပ် စခန်းကို ဗုံးကြဲရာ TNLA/PDF တပ်သားအများပြားသေဆုံးခဲ့ဟု စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ် ချန်နယ် များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
People Media တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက ယူနီဖောင်းဝတ်ထားသည့် လူနှစ် ဦးနှင့် ပျက်စီးနေသည့်အဆောက်အဦးပုံကိုအသုံးပြုပြီး TNLA /PDF တပ်စခန်းကို ဗုံးကြဲရာ TNLA/PDF တပ် သားအများအပြားသေဆုံးခဲ့သည်ဟု ရေးသားဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၁၁,၀၀၀ ကျော်၊ like and react လုပ်သူ ၂၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာကလည်း ကူးယူဖော်ပြခဲ့ကြသည်။
သတင်းအမှားလင့်ခ်များ
People Media – https://archive.ph/Dchov
Min Din – https://archive.ph/pkBDh
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ Tachileik news agency သတင်းမီဒီယာက ဖော်ပြထားသည့်ဓာတ်ပုံနှင့်ထပ်တူညီနေ သည်။
Tachileik news agency သတင်းမီဒီယာတွင် ဆွေးနွေးပွဲ ပြေလည်မှုမရကြောင်း ထုတ်ပြန်ပြီးနောက် နောင်ချိုကို စစ်တပ်ဗုံးကြဲ အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရဟု ရေးသားဖော်ပြထားသည်။
Tachileik news agency သတင်းလင့်ခ် – https://shorturl.at/CSk9K
ထပ်မံ၍ Google တွင် “နောင်ချိုကို စစ်တပ်ဗုံးကြဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ BBC,DVB,Shwe phee myay news agency သတင်းမီဒီယာတို့က ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၉ ရက် ည ၈ နာရီ ကျော်အချိန်တွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံအပေါ် ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့သည်” ဟုရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
BBC – https://shorturl.at/Y1J9l
DVB – https://shorturl.at/GLgNK
Shwe phee myay – https://shorturl.at/onW43
သုံးသပ်ချက်
စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တွင်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ဆွေးနွေးပွဲမအောင်မြင်ကြောင်းထုတ်ပြန်ပြီးချိန်တွင် TNLA တပ်သိမ်းပိုက်ထားသည့်နောင်ချိုမြို့ကို လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်သည် ။ လေကြောင်းဗုံးကြဲသည့်နေရာမှာ လူနေရပ်ကွက်နှင့် ဆေးရုံဖြစ်ပြီး ဒေသခံ ၃ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသောTNLA /PDF တပ်စခန်းကို ဗုံးကြဲရာ TNLA/PDF တပ်သားအများပြားသေဆုံးဟုဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။
စာတည်း – Wazza