By Wadi/ MPA
ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကောင်စီက အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုသည့် အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီ ၃ မိနစ်တွင် ဗန်းမော်မြို့ကို ဖေဖော်ဝါ ရီ ၁၇ ရက်တွင် စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ ထွက်ပြေးသွားသည့် KIA နှင့် PDF များကို လိုက်လံချေမှုန်းနေကြောင်း သေဆုံးခဲ့သည့် KIA စစ်သည်ပုံများနှင့်တကွ ရေးသားဖြန့်ဝေထားခြင်း ဖြစ်သည်။
အဆိုပါအကြောင်းအရာကို ဖေဖော်ဝါရီ ၁၉ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၄၀,၀၀၀ ကျော်၊ Reaction ပေးသူ ၈၀၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/ni816
အဆိုပါအကြောင်းအရာကို “BAK24News ၊ KO CHIT (MDY)” အပါအဝင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
BAK24News – https://archive.ph/EgGOs
KO CHIT (MDY) – https://archive.ph/CK3sG
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Google တွင် “ဗန်းမော်” ၊ “ဗန်းမော်မြို့သိမ်းတိုက်ပွဲ” ၊ “ဗန်းမော် ခလရ ၂၃၆” စသည့် စာသားများဖြင့် ရှာဖွေကြည့်ရာ “Kachin News Group ၊ Mizzima ၊ People’s Spring” သတင်းမီဒီယာများအပြင် အခြား မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် KIA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဗန်းမော်မြို့သိမ်း တိုက်ပွဲ သည် ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၄ ဒီဇင် ဘာ ၄ ရက်ကတည်းက စတင်ခဲ့သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အမှတ် ( ၆၀၀၇ ) သံချပ်ကာတပ်ရင်း၊ အမှတ် ( ၅၀၁၄ ) တင့်ကားတပ်ရင်း နှင့် ဗန်းမော် လေဆိပ်တို့ကို သိမ်းပိုက်ထားနိုင်ပြီ ဟု KIA က အတည်ပြုထားကြောင်း၊ ဖေဖော်ဝါရီ ၁၈ တွင် အမြောက်တပ် အမှတ် ( ၃၆၆ ) နှင့် ခလရ ၂၃၆ တို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်ရှိတွင် စကခ ၂၁ သို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်း ထန်လျက်ရှိကြောင်း၊ တိုက်ပွဲအတွင်း KIA တပ်ဖွဲ့ဝင်များ ကျဆုံးမှု အများအပြားရှိသလို စစ်ကောင်စီဘက် ကလည်း ထိခိုက်ကျဆုံးမှုများပြီး စစ်ကောင်စီတပ်သား အများအပြားကိုလည်း စစ်သုံ့ပန်းများအဖြစ် ဖမ်း ဆီးရမိထားကြောင်း၊ စစ်ကောင်စီကလည်း ဗန်းမော်မြို့ မကျရေးအတွက် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများကို အသုံးပြုကာ အပြင်းအထန်ကာကွယ်နေပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားမြို့ ကိုလည်း လုံခြုံရေးအထူးတင်းကျပ်ထားကြောင်း၊ KIA အနေနှင့်လည်းမြို့သိမ်းတိုက်ပွဲအောင်မြင်ရေး အတွက် ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်းကို ကချင်နိုင်ငံရေးသတင်းအရင်းအမြစ်များ၏ အသံနှင့် တကွ ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Kachin News Group – https://bitly.cx/x8oS
Mizzima – https://bitly.cx/1kqAf
People’s Spring – https://bitly.cx/8IEr
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ကချင်ပြည်နယ် ဗန်းမော်မြို့၌ မြို့သိမ်းတိုက်ပွဲအတွက် KIA ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း၊ KIA က ဗန်းမော်ရှိ တပ်ရင်းတော်တော်များများကို သိမ်းပိုက်ထားနိုင်ပြီး ကျန်ရှိနေသည့် လက်ကျန်တပ်ရင်းများ ကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း ၊ စစ်ကောင်စီက မြို့မကျရေးအတွက် အပြင်းအထန်ခုခံနေကြောင်း ရေးသားထားသည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ ဗန်းမော်မြို့ကို စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်နိုင်ပြီ” ဆိုသော အကြောင်းအရာသည် သတင်းအမှားသာဖြစ်ကြောင်း သိနိုင်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄နာရီအထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။