By Wadi/ MPA
စစ်ကိုင်းတိုင်း ကလေးမြို့ နတ်ချောင်းရွာရှိ PDF များ စခန်းချနေသည့် ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းရာ PDF အများအပြား သေဆုံးခဲ့ဟု ဆိုသော အကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံလျက်ရှိသည်။
“People Media” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၃၄ မိနစ်တွင် စစ်ကိုင်း တိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းကျေးရွာရှိ ဆေးရုံကို PDF များက တပ်စွဲပြီး ဌာနချုပ် ဖွင့်လှစ်ထားသည့်အတွက် စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက် ကစ၍ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းခဲ့ကြောင်း၊ ရှင်းလင်းမှုကြောင့် PDF တပ်ဖွဲ့ဝင် အများအပြား ထိခိုက် သေဆုံးခဲ့ပြီး PDF များ နေထိုင်သည့် အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဗုံးဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံပုံများနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၁၈,၅၀၀ ကျော်၊ Reaction ပေးသူ ၂၈၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/Ys2OZ
အဆိုပါအကြောင်းအရာကို “Snow Queen, မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/QoIkH
မှိုင်းဝေ – https://archive.ph/IBlrF
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “Mandalay Free Press(MFP)” မီဒီယာတွင် ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
MFP တွင် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက် နှင့် ၁၃ ရက် နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ကြောင့် အရပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ နတ်ချောင်းကျေးရွာနှင့် မိုင် ၂၀ ကွာဝေးသည့် ကမ်းပါးနီ တံတားအနီးတွင် စစ်ကောင်စီနှင့် တော် လှန်ရေး တပ်ဖွဲ့များ စစ်ရေးတင်းမာနေသောကြောင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို နေ့စဉ် ရက်ဆက် ဗုံးကြဲနေခြင်းဖြစ်ကြောင်း ဒေသခံအသံများနှင့်အတူ ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/TcKd
Google တွင် “ ကလေးမြို့ နတ်ချောင်းရွာဆေးရုံ ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Mizzima, Chin World,People’s Spring” မီဒီယာ အပါအဝင် အခြား မီဒီယာများက သတင်း ရေးသားထားသည်။
သတင်းမီဒီယာများတွင် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းရှိ နတ်ချောင်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် လူထိခိုက်မှု မရှိသော်လည်း ဆေးရုံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ရေးသား ထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Mizzima – https://bitly.cx/nYLMc
Child World – https://bitly.cx/HXSK9
People’s Spring – https://bitly.cx/y26v
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ကလေးတောင်ပိုင်း နတ်ချောင်းရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ရေးသားထားပြီး တိုက်ခိုက်မှုကြောင့် အဆောက်အဦးများ ထိခိုက်ခဲ့ပြီး လူသေဆုံးမှု မရှိကြောင်း ဖော်ပြထားသည်။
နတ်ချောင်းတိုက်နယ်ဆေးရုံကို PDF များ စခန်းချနေသည့် ဌာနချုပ်နေရာဟု ဖော်ပြထားခြင်း မတွေ့ရပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ PDF များ စခန်းချပြီး ဌာနချုပ်ပြုလုပ်ထားသည့် နတ်ချောင်း ရွာရှိ ဆေးရုံကို လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ PDF အများအပြား သေဆုံး” ဆိုသော အကြောင်းအရာ သည် သတင်းအမှား ဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။