By Haythar / MPA
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် အေအေ က မိုင်းထောင်ပြီး မိုင်းနင်းမိသည့် ကျွဲနွားများကို ရိက္ခာအဖြစ် ယူဆောင်နေဆိုသည့် အကြောင်းအရာနှင့် ဓာတ်ပုံနှစ်ပုံ ကို အသုံးပြုပြီး ဖေဖော်ဝါရီ ၁၂ ရက်တွင်ဖေ့ဘွတ်အ ကောင့်များနှင့် စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများရေးသားဖြန့်ဝေလျက် ရှိသည်။
“Arafat Arf” ဖေ့ဘွတ်အကောင့် က ဖေဖော်ဝါရီ ၁၁ ရက်ညပိုင်းတွင် ကျွဲနွားများသေဆုံးနေသည့် ဓာတ်ပုံတစ် ပုံ၊ ယူနီဖောင်းဝတ်ဆင်ထားသည့်တပ်သားတစ်ဦးမိုင်းကိုင်ထားသည့်ဓာတ်ပုံတို့ကိုအသုံးပြုပြီး “ အေအေ တပ်ဖွဲ့ က ရွာသားတွေရဲ့ကျွဲနွားများကို မိုင်းထောင်ပြီး ရိက္ခာအဖြစ်ယူဆောင်နေသည်” ဟု ရေးသားဖြန့်ဝေထားသည်။
အဆိုပါ ဖေ့ဘွတ်အကောင့်မှရေးသားချက်များကို တယ်လီဂရမ်ချန်နယ်များကလည်းကူးယူဖော်ပြထားကြသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://shorturl.at/GRp1D
တယ်လီဂရမ်သတင်းအမှားလင့်ခ်များ
Ka Ka Han – https://archive.ph/GTkKn
ရွှေဘ – https://archive.ph/zxaJk
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
နွားနှစ်ကောင် သေဆုံးနေသည့်ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ People’s Spring သတင်းမီဒီယာက ဇန်နဝါရီ ၂၇ ရက်တွင် ဖော်ပြထားသည့်ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
People’s Spring သတင်းမီဒီယာတွင် ဇန်နဝါရီ ၂၇ ရက်က စစ်ကိုင်းတိုင်း၊ မြင်းခြံမြို့နယ် ဆင်ဂွတ်ရွာစာသင် ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန်တွင် မြေသြဇာလှည်းဆွဲရင်းသေဆုံးခဲ့သည့် နွားနှစ်ကောင်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
မူရင်းသတင်းဓာတ်ပုံလင့်ခ် – https://shorturl.at/AdvVF
ထို့အပြင် ယူနီဖောင်းဝတ်ဆင်ထားသည့်တပ်သားတစ်ဦးမိုင်းကိုင်ထားသည့်ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ နိရဥ္စရာ သတင်းမီဒီယာက ဇန်နဝါရီ ၂၃ ရက်တွင် ဖော်ပြထားသည့် သတင်းဓာတ်ပုံနှင့် ထပ်တူညီနေသည်။
နိရဥ္စရာ သတင်းမီဒီယာတွင် မောင်တော နမခ ၅ ရှေ့ရှိ မြို့ဝင်လမ်းတစ်လျောက်ကို အာရက္ခတပ်တော် အေအေက မိုင်းရှင်းလင်းရာ မိုင်းအလုံးရေ ၁၀၀ ကျော် ရှင်းလင်းနိုင်ခဲ့ဟု ရေးသားဖော်ပြထားသည်။
မူရင်းသတင်းလင့်ခ် – https://shorturl.at/3qviA
ထပ်မံ၍ Google တွင် ရခိုင်ပြည်နယ်ရှိကျေးရွာများတွင် အေအေကမိုင်းရှင်းဆိုသည့် စာသားနှင့် ရှာဖွေ ကြည့်ရာ နိရဥ္စရာ၊ Arakan Princess Media တို့က ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “ အာရက္ခတပ်တော်သိမ်းပိုက်ထားသည့် မြို့နယ်များတွင် မိုင်းရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေကြောင်း ၊ ဇန်နဝါရီလတွင် မောင်တောမြို့ နမခ ၅ ရှေ့ရှိ မြို့ဝင်လမ်းတစ်လျောက်မိုင်းအလုံးရေ ၁၀၀ ကျော်ရှင်းလင်းနိုင်ကြောင်းနှင့် ဖေဖော်ဝါရီလတွင် မောင်တောမြို့ ရှိ ကျေးရွာ ရပ်ကွက်များမှမိုင်းအလုံးရေ ၃၀ ကျော်ကို ရှင်းလင်းခဲ့ကြောင်း” ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
နိရဥ္စရာ – https://shorturl.at/ILGgA
Arakan Princess Media – https://shorturl.at/9nbJi
သုံးသပ်ချက်
ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် အေအေက ရွာသားများ၏ ကျွဲနွားများကို မိုင်းထောင်ကာ ရိက္ခာအဖြစ်ရှာ ဖွေနေသည်ဟု ဝါဒဖြန့်ချိရန်အတွက် မြင်းခြံမြို့နယ်ဆင်ဂွတ်ရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်လေကြောင်း တိုက် ခိုက်မှုကြောင့် မြေသြဇာလှည်းဆွဲရင်း သေဆုံးခဲ့သည့် နွားနှစ်ကောင်ပုံ ၊ မောင်တော နမခ ၅ ရှေ့ရှိ မြို့ဝင် လမ်း တလျောက်ကို အာရက္ခတပ်တော် အေအေက မိုင်းရှင်းလင်းနေသည့်ပုံများကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့ ခြင်းဖြစ်သည် ။
အဆိုပါသတင်းအကြောင်းအရာကို စတင်ဖြန့်ချိခဲ့သည့် Arafat Arf ဖေ့ဘွတ်အကောင့်ကို လေ့လာကြည့်ရာ ရခိုင် ပြည်နယ်တွင်းရှိ အေအေတပ်များနှင့်ပတ်သက်ပြီး သတင်းအမှားများ တင်ဆက်လေ့ရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်တွင် အေအေတပ်က မိုင်းထောင်ပြီး မိုင်းနင်းမိသည့်ကျွဲနွားများကို ရိက္ခာအဖြစ် ယူဆောင်နေ ဟုဆိုကာ အသုံးပြုထားသည့် ဓာတ်ပုံများသည် သတင်းဓာတ်ပုံအမှားများဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။