By Wadi/MPA
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေးဝရွာရှိ PDF များ၏ စစ်လက်နက်ထုတ်စက်ရုံကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ဆိုသည့်သတင်းအမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိ သည်။
“Min Din” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁၂ နာရီတွင် အညာဘက်က PDF များကို လက်နက်ထောက်ပံ့နေသည့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ၊ ညောင်ဂွေးဝရွာရှိ စစ်လက်နက်ပစ္စည်းထုတ် စက်ရုံကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်းခဲ့ကြောင်း၊ NUG က အညာတွင် ရုံးဖွင့်မည်ဟု ပြောကြားပြီး နောက်တွင် စစ်ကောင်စီ၏ ရှင်းလင်းမှုကြောင့် PDF များ နေ့စဉ် သေဆုံးနေရကြောင်းကို ဗုံးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို ဖေဖော်ဝါရီ ၄ ရက် နေ့လယ်အထိ ဝင်ရောက်ကြည့်ရှုသူ ၁,၀၀၀ ကျော်၊ Reaction ပေးသူ ၃၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/IqFT9
အဆိုပါအကြောင်းအရာကို “ Ka Ka Han, Kyaw Swar” တယ်လီဂရမ်ချန်နယ်များအပြင် အခြားစစ် ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားလျက်ရှိသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Ka Ka Han – https://archive.ph/ftlIT
Kyaw Swar – https://archive.ph/n7mSN
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “မြေလတ်အသံ” သတင်းမီဒီယာ၌ ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
“မြေလတ်အသံ” တွင် ဖေဖော်ဝါရီ ၂၃ ရက်က မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ စိုင်ကောင်းရွာကို စစ်ကောင် စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သောကြောင့် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီ ၃၀ ရက်က ညောင်ဂွေးဝရွာနှင့် အလယ်စုကျေးရွာကို စစ်ကြောင်းထိုးပြီး မီးရှိုခဲ့ကြောင်း၊ ညောင်ဂွေးဝရွာရှိ ကားဝပ်ရှော့ တစ်ခု မီးလောင်ခဲ့ပြီး ကားသုံးစီးနှင့် ဆိုင်ကယ် နှစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း၊ အလယ်စုရွာရှိ နေအိမ် ငါးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ရွာများကို စစ်ကောင်စီ၏ ဆိပ်ဖြူအခြေစိုက် ကပစ ၂၂ တပ်က မီးရှို့ခဲ့ ခြင်းဖြစ်ကြောင်း ညောင်ဂွေးဝရွာရှိ မီးလောင်ပျက်စီးသွားသော အပျက်အစီးဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/7wkB0
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ ဆိပ်ဖြူမြို့နယ် ညောင်ဂွေးဝရွာ မီးရှို့ခံရ” ဆိုသည့် စကားလုံးဖြင့် ရှာ ဖွေကြည့်ရာ “People’s Spring, Tachileik News Agency, DVB” အပါအဝင် အခြားမီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့ အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂၂) က ၎င်းတို့ တိုက်ခိုက်မခံရရေးအတွက် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဇန်န ဝါရီ ၃၀ ရက်က စတင်၍ စစ်ကြောင်းထိုးခြင်း၊ ပစ်ခတ်ခြင်း၊ ရွာမီးရှို့ခြင်းများ ပြုလုပ်နေကြောင်း ၊ စစ် ကြောင်းထိုးမှုကြောင့် ကျောက်ကြီး၊ ညောင်ဂွေးဝ၊ တောင်ဖြူ နှင့် ရှားတော အပါအဝင် ကျေးရွာ ရှစ်ရွာရှိ ဒေသခံ ပြည်သူ ၇,၀၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း၊ ညောင်ဂွေးဝ ရွာရှိ ပြည်သူပိုင် ကားဝပ် ရှော့ကို မီးရှို့ခံခဲ့ရကြောင်း၊ အလယ်စုရွာရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ရွာသား အမျိုးသား ၁၅ ဦး ဖမ်း ဆီးခံခဲ့ရကြောင်း၊ ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက် ကလည်း ကပစ ၂၂ က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် အမွှာကလေးငယ် နှစ်ဦး အပါအဝင် မိသားစုဝင် ငါးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/S892
Tachileik News Agency – https://bitly.cx/boK3
DVB – https://bitly.cx/Zcxde
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ဇန်နဝါရီ ၃၁ ရက်က မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာများကို ဆိပ်ဖြူမြို့ အခြေစိုက် ကပစ-၂၂ က စစ်ကြောင်းထိုးပြီး ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်နေကြောင်း ရေးထားဖော် ပြထားကြသည်။
ရွာမီးရှို့မှုများကြောင့် ညောင်ဂွေးဝရွာရှိ ကားဝပ်ရှော့တစ်ခု မီးလောင်ပျက်စီးခဲ့ပြီး ကားသုံးစီးနှင့် ဆိုင် ကယ်နှစ်စီး ပျက်စီးခဲ့ကြောင်း ရေးထားသည်။
ညောင်ဂွေးဝရွာရှိ မီးရှို့ဖျက်စီးခံရသောနေရာမှာ ပြည်သူပိုင် ကားဝပ်ရှော့ဖြစ်သည်ဟု ဖော်ပြထားသည်။ PDF များ၏ လက်နက်စက်ရုံဟု ဖော်ပြထားခြင်း မတွေ့ရပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ ညောင်ဂွေးဝရွာရှိ PDF များ၏ စစ်လက်နက်ပစ္စည်းထုတ် စက်ရုံကို စစ်ကောင်စီက ဗုံးကြဲရှင်းလင်း” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။