By Wadi/MPA
ထိုင်းနယ်စပ်ရှိ မြန်မာသတင်းထောက် အမျိုးသမီးများကို NUG အဖွဲ့ဝင်များက လိင်အမြတ်ထုတ်မှုများ လုပ်နေဆိုသော သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၂၅ ရက် ညနေ ၆ နာရီ ၂၂ မိနစ်တွင် CDM သမားများကို လိင် လုပ်သားအဖြစ် ဇာတ်သွင်းခဲ့သည့် NUG အဖွဲ့က ထိုင်းနယ်စပ်ရှိ သတင်းထောက် အမျိုးသမီးများကိုလည်း ခြေတော်တင် လိင်အမြတ်ထုတ်မှုများ ပြုလုပ်နေကြောင်း၊ အလိုမတူဘဲ အဓမ္မပြုကျင့်မှုများ ပြုလုပ်နေ ကြောင်း၊ ထောက်ခံသူများအနေဖြင့် NUG အား ဆက်လက်ယုံကြည်နေမည်ဆိုလျှင် ယခုလို လိင်အမြတ် ထုတ်မှုများ ဆက်ပြီးဖြစ်ပွားနေဦးမည် ဖြစ်ကြောင်း မြေလတ်အသံသတင်းဌာန၏ “သတင်းခန်းထဲက အနိုင် ကျင့်ခံ အမျိုးသမီး သတင်းသမားများ” ဆိုသည့် Screenshot ပုံနှင့်တကွ ရေးသားဖြန့်ဝေထားခြင်းဖြစ် သည်။
အဆိုပါအကြောင်းအရာကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၅၆,၀၀၀ ကျော်၊ Reaction ပေးသူ ၅၉၀ ကျော်ရှိနေသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/cHAtX
အဆိုပါအကြောင်းအရာကို “Kyaw Swar, Ka Ka Han” အပါအဝင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များက ကူးယူဖော်ပြနေသဖြင့် ပျံ့နှံ့မှု များပြားလျက်ရှိခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Kyaw Swar – https://archive.ph/uJyJ6
Ka Ka Han – https://archive.ph/uvMxb
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ “မြေလတ်အသံ” မီဒီယာ၏ဖေ့ဘွတ်ခ်၌ ရှာဖွေကြည့်ရာ ဆောင်းပါးရှင် ခိုင်ရီ ရေးသားထားသော “သတင်းခန်းထဲက အနိုင်ကျင့်ခံ အမျိုးသမီးသတင်း သမားများ” ဆိုသည့် သတင်းဆောင်းပါးကို တွေ့ရသည်။
သတင်းဆောင်းပါးထဲတွင် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို ဒိုင်းအဖြစ် အသုံးချ၍ လုပ်ငန်းခွင်အတွင်းရှိ အမျိုးသမီး သတင်းသမားများကို လိင်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့သည့် သတင်းအယ်ဒီတာများ ရှိနေ ကြောင်း၊ အဆိုပါ ကျူးလွန်သူများထဲက တစ်ဦးမှာ ပြည်တွင်း နာမည်ကြီး သတင်းမီဒီယာတစ်ခုတွင် လုပ် ကိုင်ခဲ့ဖူးသူဖြစ်ကြောင်း၊ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ပြီး မီဒီယာ လုပ်ငန်း ဆက်လက်လုပ်ကိုင်နေသူများထဲက တချို့ပါကြောင်း၊ လိင်အမြတ်ထုတ်မှုများမှာ သတင်းမီဒီယာ လောကထဲတွင်လည်း ရှိနေကြောင်း၊ ကျူးလွန်ခံရသူ မိန်းကလေးများက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ငြင်းဆန်သည့်အခါ ရာထူးနှင့် အခွင့်အာဏာကို အသုံးချကာ လုပ်ငန်းခွင်အတွင်း နှိမ့်ချခွဲခြားဆက်ဆံမှုများ ပြုလုပ်ကြကြောင်း၊ ဒီဖြစ်ရပ်များအတွက် အကာအကွယ်ပေးထားတဲ့ မူဝါဒများ မရှိသလို ကျူးလွန်သူများ သည် အထက်လူကြီး အများစုဖြစ်သလို အမျိုးသားများ ဖြစ်နေသည့်အတွက် ထုတ်ဖော်ဝန်ခံပြောကြားရန် အတွက် အကန့်အသတ်များ ရှိနေကြောင်း ကျူးလွန်ခံရသူ အမျိုးသမီးများ၏ အသံနှင့်တကွ ဖော်ထုတ်ရေး သားထားသည်။
ဆောင်းပါးအပြည့်အစုံဖတ်ရန် >>> https://bitly.cx/BX7yR
သက်သေပြချက်
မြေလတ်အသံ၏ ဆောင်းပါးထဲတွင် အမျိုးသမီး သတင်းမီဒီယာသမားများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံ နေရမှုများ ရှိနေပြီး ကျူးလွန်သူများမှာ သတင်းမီဒီယာသမား အယ်ဒီတာ အမျိုးသားများ ဖြစ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ ထိုင်းနယ်စပ်ရှိ မြန်မာသတင်းထောက် အမျိုးသမီးများကို NUG အဖွဲ့ဝင်များက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ် သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်သည်။