By Haythar / MPA
ရခိုင်ပြည်နယ်၊ ကျောက်တော်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုတွင် မြောက်ဦးလွှတ်တော်ကိုယ်စား လှယ် ဦးဦးလှစော သေဆုံးဟုဆိုသည့် သတင်းအမှား စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
Min Chit Oo တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၂ ရက် ညပိုင်းတွင် မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော ဓာတ်ပုံကိုအသုံးပြုပြီး ကျောက်တော်ဗုံးကြဲခံမှုတွင် ULA/AA အဖွဲ့၏ ဗဟိုနိုင်ငံရေးခေါင်းဆောင် လည်းဖြစ်၊ ထွန်းမြတ်နိုင်၏ အကြံပေးလည်းဖြစ်သူဦးဦးလှစော သေဆုံးကြောင်းသိရ ဟု ရေးသားဖြန့်ဝေထား သည်။
အဆိုပါရေးသားဖြန့်ဝေမှုကို ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၄၄,၀၀၀ ကျော်၊ like and react ပေး သူ ၅၅၀ ကျော်ရှိပြီး အခြားစစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြလျက်ရှိသည်။
သတင်းအမှားလင့်များ
Min Chit Oo – https://archive.ph/sJHFC
Ko Thet – https://archive.ph/puf7v
Mayyu Htar Nay – https://archive.ph/Uh7Tt
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “ကျောက်တော်ကို စစ်တပ်ဗုံးကြဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ DVB,MPA,Narinjara သတင်းမီဒီ ယာတို့က သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာတို့တွင် အေအေထိန်းချုပ်ထားသော ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အေအေ ဗဟိုအကောက်ခွန်ဌာနမှူး ဦးဝိုင်းမောင်အပါအဝင် ဒေသခံ ၁၀ ယောက် ထပ်မနည်းသေဆုံးခဲ့ကြောင်း၊ ကျောက်တော်မြို့ပေါ်ရှိ ရပ်ကွက်နှင့်စျေးအပါဝင် လူနေထူထပ်သည့်နေရာများကို စစ်တပ်ကဂျက်ဖိုက်တာနှင့် သုံးကြိမ်တိုင် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
DVB – https://shorturl.at/5jmL7
MPA – https://shorturl.at/vRiU4
Narinjara – https://shorturl.at/mrMvc
သုံးသပ်ချက်
ကျောက်တော်မြို့ရှိ လူနေရပ်ကွက်နှင့် စျေးနေရာတို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲချမှုကြောင့် အေအေ ဗဟိုအကောက်ခွန်ဌာနမှူး ဦးဝိုင်းမောင်နှင့် ပြည်သူ ၁၀ ဦးထပ်မနည်း သေဆုံးခဲ့ကြောင်း သတင်းမီဒီယာ များက ရေးသားထားကြသည်။
ထို့ကြောင့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော ကျောက်တော်ကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုတွင် မြောက်ဦးလွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစော သေဆုံးဆိုသော အကြောင်းအရာ သတင်းအမှား ဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်သည်။