By Haythar / MPA
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် လူ ၄၀ ခန့် သေဆုံးမှုကို အေအေ တပ်ဖွဲ့ဝင် ၃၀၀ ကျော်သေဆုံးဟု စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် များက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။
Truth Media တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၉ ရက် မနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရနေသူများ၊ ပျက်စီးနေသည့်အဆောက်အဦး ဓာတ်ပုံများကိုအသုံးပြုပြီး “ ကျောက်နီမော်စခန်း လေကြောင်းဗုံးကြဲခံရပြီး အေအေ ၃၀၀ ကျော်သေဆုံးတဲ့အပြင် ရာချီထိခိုက်ဒဏ်ရာရ” ဟု ရေးသားဖြန့်ဝေ ထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို ဇန်နဝါရီ ၉ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၃၃၀၀ ကျော် like and react ပေးသူ ၁၂၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များကလည်းကူးယူဖော်ပြထားကြသည်။
သတင်းအမှားလင့်ခ်များ
Truth Media – https://shorturl.at/62kTv
Nyan Myint – https://archive.ph/L0AyY
ပုလဲမြေ- https://archive.ph/LxCdT
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင်ပျံ့နှံ့နေသည် ဓာတ်ပုံများကို Google Reverse Image Searchဖြင့်ရှာဖွေကြည့်ရာ Development Media Group(DMG) သတင်းမီဒီယာတွင် အသုံးပြုထားသည့် ဓာတ်ပုံများနှင့်ထပ်တူညီနေ သည်။
DMG သတင်းမီဒီယာတွင် အဆိုပါဓာတ်ပုံများကို ကျောက်နီမော်တိုက်နယ်ဗုံးကြဲခံရမှုကြောင့် ထိခိုက်ပျက်စီးမှု မြင်ကွင်းဟု ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်- https://shorturl.at/ocaah
ဆက်လက်အတည်ပြုနိုင်ရန် Google တွင် “ကျောက်နီမော်ကို စစ်တပ်ဗုံးကြဲ”ဆိုသည့် စာသားဖြင့် ရှာဖွေကြည့် ရာ RFA, DVB,Narinjara သတင်းမီဒီယာတို့က သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာတို့တွင် “ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို စစ်ကောင်စီတပ်ကလေကြောင်းက ဗုံးကြဲတိုက်ခိုက် ခဲ့မှုကြောင့် အရပ်သား ၄၁ ဦး သေဆုံးပြီး ၅၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ နေအိမ် ၅၀၀ ခန့်မီးလောင်ပျက်စီးခဲ့ ကြောင်း” ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
RFA – https://shorturl.at/z1YKs
DVB – https://shorturl.at/4HjeL
Narinjara – https://shorturl.at/gTe7v
သုံးသပ်ချက်
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးရပြီး အရပ်သား ပြည်သူ ၄၁ ဦးထိခိုက်သေဆုံးပြီး ၅၂ ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော ကျောက်နီမော်စခန်းလေ ကြောင်း ဗုံးကြဲခံရပြီး အေအေ ၃၀၀ ကျော်သေဆုံးပြီး ရာချီထိခိုက်ဒဏ်ရာရ ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်သည်။