By Wadi / MPA
ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ဆိုင်ခွန်ရွာရှိ KNDF အဖွဲ့ သင်တန်းပေးရာနေရာသို့ စစ်ကောင်စီက လေ ကြောင်းဖြင့် ရှင်းလင်းဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“People Media” နှင့် “Min Din” တယ်လီဂရမ်ချန်နယ်တို့က ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီကျော်တွင် ရှမ်းပြည်နယ် တောင် ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆိုင်ခွန်ရွာတွင် KNDF အဖွဲ့ဝင်များ သင်တန်းပေးနေသည့် နေရာ ကို စစ်ကောင်စီက လေကြောင်းဖြင့်ရှင်းလင်းခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေလျက်ရှိသည်။
အဆိုပါအကြောင်းအရာကို ဒီဇင်ဘာ ၄ ရက် ညပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၅,၀၀၀ ကျော်၊ Reaction ပေးသူ ၃၈၀ ကျော် ရှိနေသည်။
People Media – https://archive.ph/LEqhn
Min Din – https://archive.ph/dZWL4
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
“သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်”
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “Mizzima” သတင်းမီဒီယာ၌ ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Mizzima တွင် ဒီဇင်ဘာ ၃ ရက် နံနက် ၃ နာရီခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆိုင်ခွန် ကျေး ရွာအနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက် လူငယ် တစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး နှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက် ၁၄ နှစ်အရွယ် နွားကျောင်းသားလူငယ် သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ လေကြောင်းဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း သတင်းဓာတ်ပုံနှင့်တကွ ရေးသားထားသည်။
သတင်းအပြည့်အစုံ>>> https://bitly.cx/eIdtM
Google တွင် “ဖယ်ခုံ ဆိုင်ခွန်ရွာ လေကြောင်းတိုက်ခိုက်ခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “သျှမ်း သံတော်ဆင့်၊ RFA ၊ VOA” အပါအဝင် အခြားသတင်းမီဒီယာများ၌ သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဒီဇင်ဘာ ၃ ရက် နံနက် ၃ နာရီ ဝန်းကျင်တွင် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့အ နောက်ခြမ်း၊ ဆိုင်ခွန်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဆိုင်ခွန်ရွာ ကို စစ်ကောင်စီက ဗုံးအလုံးရေ ၄၀ ကျော် ကြဲချခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
သျှမ်းသံတော်ဆင့် – https://bitly.cx/mCmc
RFA – https://bitly.cx/gcycX
VOA – https://bitly.cx/leAUe
ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်က ဖယ်ခုံမြို့နယ်၊ ကုန်းပေါကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ သဖြင့် တစ်လသားအရွယ် ကလေးငယ်တစ်ဦး၊ အသက် တစ်နှစ် ဆယ်လ အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ခြောက်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရခဲ့ဖူးသည်။
စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “KNDF အဖွဲ့ဝင်များ သင်တန်းပေး နေသည့် ဆိုင်ခွန်ရွာကို လေကြောင်းဖြင့် ရှင်းလင်း” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ် သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။