By Wadi / MPA
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တစ်လအတွင်း TNLA က လူသားဒိုင်းအဖြစ် အသုံးပြုထားသည့် အရပ်သား ၃၈ ဦး သေဆုံးပြီး ၇၀ ဦး ဒဏ်ရာရဟုဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ တွင် ပျံ့နှံ့လျက်ရှိသည်။
“Myanmar Hard Talk” တယ်လီဂရမ်ချန်နယ်က TNLA ထိန်းချုပ်ထားသော ရှမ်းမြောက်ဒေသတွင် လူ သားဒိုင်းအဖြစ် အသုံးပြုထားသည့် အရပ်သားများ တစ်လအတွင်း ၃၈ ဦးသေဆုံးပြီး ၇၀ ဦး ဒဏ်ရာရခဲ့ ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင် အရပ်သားများကို ထွက်မပြေးခိုင်းဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးထား သောကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း၊ နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးသူများရှိသလို TNLA သတ်ဖြတ် ခြင်းကြောင့် သေဆုံးသူများလည်း ရှိကြောင်း ဒီဇင်ဘာ ၂ရက်၌ ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို ဒီဇင်ဘာ ၄ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၁၃,၀၀၀ ကျော်၊ Reaction ပေးသူ ၁၄၀ ကျော် ရှိနေသည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/LaHmW
အဆိုပါအကြောင်းအရာကို “Snow Queen, Ye Yint Htet (#yyh)” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။
ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/iALJf
Ye Yint Htet(#yyh) – https://archive.ph/DHO1m
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော သတင်းအကြောင်းအရာ မှန်/မမှန် သိရှိရန် TNLA ၏ တယ်လီဂရမ်ချန်နယ်တွင် ရှာဖွေကြည့် ရာ နိုဝင်ဘာ တစ်လအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် တအောင်း ပြည်တွင်း ဒေသခံ ( ၃၈ ) ဦး သေဆုံး၍ ( ၇၀ ) ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၃၀ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီးပြည်သူများကိုဦးတည်ကာနေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရမှုများရှိပြီး ၊ အဆောက်အဦးများ ပျက်စီးမှုများရှိကြောင်း ဒီဇင်ဘာ ၂ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အပြည့်အစုံ >>> https://bitly.cx/ziZwc
Google တွင် “TNLA ထိန်းချုပ်ဒေသ လေကြောင်းတိုက်ခိုက်မှု” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “RFA, VOA,Tachileik News Agency” အပါအဝင် သတင်းမီဒီယာများတွင် သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာတစ်လအတွင်း အရပ်သား ၃၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၇၀ ရှိခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ထားကြောင်း၊ အရပ်သားသေ ဆုံးသော အရေအတွက်အနေဖြင့် နောင်ချို ၁၆ ဦး၊ ကျောက်မဲ ၁၀ဦး၊ မိုးကုတ် ကိုးဦး၊ ကွတ်ခိုင် သုံးဦးတို့ ဖြစ်သည်။ နိုဝင်ဘာလကုန်အထိ သေဆုံးအရပ်သား ၄၀ဦး အထက်ရှိပြီး လေကြောင်းတိုက်ခိုက်မှုအနေဖြင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အပြီးနောက်ပိုင်း ပိုမိုမြင့်တက် လာကြောင်း ဒေသခံအသံများနှင့်တကွ ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
RFA – https://bitly.cx/3Y2I
VOA – https://bitly.cx/vgxja
Tachileik News Agency – https://bitly.cx/Yij8
TNLA က စစ်ရေးတင်းမာမှုများကို အဆုံးသတ်အတွက် စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းရန် အမြဲတမ်း အသင့်ရှိ ကြောင်း ၂၀၂၄ နိုဝင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
သတင်းမီဒီယာများနှင့် TNLA ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုဝင်ဘာ တစ်လအတွင်း ဒေသခံအရပ်သားပြည်သူ ၃၈ ဦး သေဆုံးပြီး ၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုနိုင်သည်။
သေဆုံးပြည်သူများသည် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရခြင်းဖြစ်ပြီး TNLA က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းမဟုတ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “TNLA က လူသားဒိုင်းအဖြစ် အသုံးချထားသော ပြည်သူ ၃၈ ဦးသေဆုံးပြီး ၇၀ ဦး ဒဏ်ရာရ” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တောင်ကြီးမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ ဆုံစဉ် “လက်နက်ကိုင်များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများတွင် သတင်းရရှိမှုအပေါ် မူတည်ကာ လို အပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အသုံးချမှု မခံရစေရေးနှင့် ဘေးကင်း လုံ ခြုံရေးအတွက် သတိပြုရန် လိုအပ်ကြောင်း” စက်တင်ဘာ ၃ ရက်က ပြောဆိုခဲ့ဖူးသည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။