By Wadi / MPA
စစ်ကိုင်းတိုင်း ပုလဲမြို့ပတ်လည်ရှိ ကျေးရွာ ၁၀ ရွာခန့်တွင် PDF များ ဝင်ရောက်နေထိုင်ပြီး ရွာသားများကို နှင်ထုတ်ဟုဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“NP News-Myanmar” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီကျော်တွင် ပုလဲမြို့ ပတ် လည်ရှိ ကျေးရွာ ၁၀ရွာ ထက်မနည်းတွင် PDF များ ဝင်ရောက်နေထိုင်နေပြီး ရွာသားများကို နှင်ထုတ်ထား ကြောင်း၊ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်သူများကိုလည်း တစ်ယောက်လျှင် တစ်သောင်း ဒဏ်ကြေး ကောက်ခံနေကြောင်း ၊ ထို့ကြောင့် ရွာသားများ နေရပ်ပြန်လိုသော်လည်း ပြန်လို့မရကြောင်း စစ်ဘေးရှောင် ပြည်သူများ၏ ဓာတ်ပုံနှင့်တကွ ရေးသားဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/eRLT2
အဆိုပါအကြောင်းအရာကို “Snow Queen, Min Din” တယ်လီဂရမ်ချန်နနယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားလျက်ရှိသည်။
Snow Queen – https://archive.ph/tLK76
Min Din – https://archive.ph/qbwAt
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
{သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်}
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ နိုဝင် ဘာ ၁၅ ရက် “ DVB” သတင်းမီဒီယာ၌ ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
DVB တွင် နိုဝင်ဘာ ၁၄ ရက်က ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း၊ နှောကုန်းရွာကိုလည်း မီးရှို့ခဲ့သဖြင့် အမျိုးသမီး သုံးဦး သေဆုံးခဲ့ကြောင်း၊ ပုလဲမြို့တွင် ဖြစ် ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ စစ်ဘေးရှောင် ထွက်ပြေးနေကြောင်း ဓာတ်ပုံများနှင့် တကွ ဖော်ပြထားသည်။ သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/PZYVmy
ဆက်လက်အတည်ပြုနိုင်ရန် Google တွင် “ပုလဲမြို့ စစ်ဘေးရှောင်” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “ RFA, သံလွင်ခက်” နှင့် အခြား သတင်းမီဒီယာများတွင် သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နှစ်ဖက်တိုက်ပွဲများကြောင့် ဘေးလွတ်ရာရှောင်တိမ်း နေရသည့် စစ်ဘေးဒုက္ခသည် နှစ်သောင်းခန့် နေရပ်မပြန်နိုင်သေးကြောင်း၊ ဆေးဝါးနှင့် စားနပ်ရိက္ခာအကူ အညီများ လိုအပ်နေကြောင်း၊ နှစ်ဖက်တိုက်ပွဲ မဖြစ်တော့သော်လည်း စစ်တပ်က ပုလဲမြို့နယ်ထဲသို့ ပြန်ဝင် ရောက်ပြီး မြို့ပေါ်နှင့် ရွာများက ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေသောကြောင့် မပြန်နိုင်သေး ကြောင်း၊ နိုဝင်ဘာ ၂၃ ရက်တွင်လည်း အလယ်ဘုံရွာကို မီးရှို့ဖျက်စီးခဲ့ကြောင်း ဒေသခံအသံများနှင့်တကွ သတင်းရေးသားထားသည်။
အပြည့်အစုံဖတ်ရန် >>>
RFA – https://bitly.cx/pKUg
သံလွင်ခက် – https://bitly.cx/SdS1tP
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ပုလဲမြို့နှစ်ဖက်တိုက်ပွဲကြောင့် ပုလဲမြို့နှင့် ပုလဲမြို့နယ်ရှိ ရွာများမှ ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ကောင်စီက မြို့ပေါ်နှင့် အနီးနားရှိ ရွာများကို မီးရှို့ဖျက်ဆီးနေ သောကြောင့် နေရပ်မပြန်နိုင်သေးကြောင်း ရေးသားထားသည်။
ပုလဲမြို့အနီးရှိ ရွာများတွင် PDF များက ဝင်ရောက်နေထိုင်နေပြီး ရွာသားများကို နှင်ထုတ်ကြောင်း၊ ရွာထဲ ပြန်ဝင်သူ ရွာသားများကို ဒဏ်ကြေးတောင်းနေကြောင်း ဖော်ပြထားခြင်း မတွေ့ရပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ ပုလဲမြို့နယ်တွင်းရှိ ကျေးရွာများတွင် PDF များ ဝင်ရောက် နေထိုင်နေပြီး ရွာသားများကို နှင်ထုတ်” ဟုဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် နိုဝင်ဘာ ၂၅ ရက် ညနေ ၄ နာရီခွဲအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များဖြစ်ပါသည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။