By Haythar / MPA
မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်စီးနင်း၍ ကျေးရွာများကို မီးရှို့ခဲ့ ပြီး PDF များ မီးရှို့ဟု စစ်ကောင်စီတပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိ သည်။
Truth Media တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီခန့်က “ မတ္တရာမြို့နယ်ရှိ ဒေသခံပြည်သူ များနေအိမ်ကို PDFများက မီးရှို့ပြီးထွက်ပြေးနေသည်” ဟု ရေးသားဖော်ပြထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၁၂၀၀၀ ကျော်၊ Like and react ပေးသူ ၁၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များက ကူးယူဖြန့်ဝေနေကြသည်။
သတင်းအမှားလင့်ခ်များ
Truth Media – https://shorturl.at/plTZy
နေပြည်တော် – https://archive.ph/LsRy7
ရွှေနေကြာ – https://archive.ph/n3kYM
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင် ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Google တွင် “ မတ္တရာမြို့နယ် ကျေးရွာများမီးရှို့ခံရ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ RFA, The Irrawaddy, မြေလတ်အသံ သတင်းမီဒီယာတို့၌ ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် မတ္တရာမြို့နယ်ကို စစ်ကောင်စီတပ်က နိုဝင်ဘာ ဒုတိယပတ်မှစတင်ပြီး အင်အား ၄၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းလေးကြောင်းခွဲ၍ ကျေးရွာများကို စစ်ကြောင်းထိုးနေကြောင်း၊ မတ္တရာမြို့နယ်ရှိ သူဌေး ကုန်း၊ ဟင်္သာကုန်း၊ မရိုးကုန်း၊ ထန်းခြောက်ပင်၊ ရွှေဘိုးကြီး၊ သမင်ခြံရွာနှင့် ဆောက်ခြုံပေါက်ရွာအပါအဝင် ကျေး ရွာ ၂၀ ခန့် မီးရှို့ခံနေရကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲသည့်အပြင် နေအိမ်များကိုလည်းမီးရှို့နေ ကြောင်း ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
RFA – https://shorturl.at/oLIaA
The Irrawaddy – https://shorturl.at/L3x91
မြေလတ်အသံ – https://shorturl.at/Q7XSt
သုံးသပ်ချက်
မတ္တရာမြို့နယ်ထဲရှိ ကျေးရွာများသို့ နိုဝင်ဘာ ဒုတိယပတ်ကစတင်ပြီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သည် ကျေးရွာများသို့ လက်နက်ကြီးပစ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ကျေးရွာရှိပြည်သူနေအိမ်များ ကို မီးရှို့ခြင်းများပြုလုပ်ခဲ့သည်။
ထို့ကြောင့် PDF များက ကျေးရွာများကိုမီးရှို့နေသည်ဟု စစ်တပ်ထောက်ခံသူများ ဖြန့်ဝေသော အကြောင်းအ ရာသည် သတင်းအမှားဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။