By Wadi
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင်တွင် TNLA နှင့် PDF များ ဂုဏ်ပြုပွဲလုပ်နေချိန် စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲဟုဆိုသည့် သတင်းအမှားကို စစ်ကောင်စီဝါဒဖြန့် ကျော်စိုးဦးက တယ်လီဂရမ်ချန် နယ်တွင် သတင်းအမှားဖြန့်ဝေထားသည်။
“People Media” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁၂ ရက် ည ၆ နာရီ ၁၇ မိနစ်တွင် စစ်ကောင်စီဝါဒဖြန့် ကျော်စိုးဦး၏ ရုပ်သံဖိုင်တစ်ခု ဖြန့်ဝေခဲ့သည်။ ရုပ်သံဖိုင်ထဲတွင် နောင်ချိုမြို့၊ လန်းဆန်းလက်ဖက်ရည်ဆိုင် တွင် TNLA နှင့် PDF များကို ဂုဏ်ပြုပွဲလုပ်နေချိန် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲရှင်းလင်းခဲ့ ကြောင်း၊ တိုက်ခိုက်မှုအတွင်း TNLA နှင့် PDF ၂၀ ခန့် သေဆုံးခဲ့ပြီး ၊ ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပါရှိသည်။
အဆိုပါရုပ်သံဖိုင်ကို နိုဝင်ဘာ ၁၃ ရက် ညပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၇၁,၀၀၀ ကျော်၊ Reaction ပေးသူ ၁,၃၀၀ ကျော်ရှိပြီး မှတ်ချက်ရေးသားသူ ၁၀၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/AFFr9
အဆိုပါ သတင်းအမှား ဖြန့်ဝေထားသော ရုပ်သံဖိုင်ကို “View of Su, Snow Queen” တယ်လီဂရမ်ချန် နယ်များအပြင် အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများ ပြားနေသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
View of Su – https://archive.ph/ozaII
Snow Queen – https://archive.ph/GA8YR
ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
“သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်”
Google တွင် “နောင်ချို၊ လန်းဆန်းလက်ဖက်ရည်ဆိုင်” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “VOA, DVB, RFA” အပါအဝင် အခြား မီဒီယာများ၌ သတင်းရေးသားထားသည်။
သတင်းမီဒီယာများတွင် နိုဝင်ဘာ ၁၂ ရက်၊ နေ့လည်ပိုင်းက ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့မဈေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင်၅၀၀ဗုံး ကြဲချခဲ့ကြောင်း၊ တိုက် ခိုက်မှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လန်းဆန်း လက် ဖက်ရည်ဆိုင်သည် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး၌ ရှိပြီး ခရီးသွားများ ခရီးတစ်ထောက် နားလေ့ရှိသည့် ဆိုင်ဖြစ်ကြောင်း၊ သေဆုံးထိခိုက်သူများသည် လက်ဖက်ရည်ထိုင် သူဒေသခံများ၊ ကားသမားများနှင့် ခရီးသွားများဖြစ်ကြောင်း ဒေသခံအသံများနှင့်တကွ သတင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
VOA – https://bitly.cx/XMOgRR
DVB – https://bitly.cx/5Ry7e
RFA – https://bitly.cx/6kkX
တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၏ သတင်းနှင့်ပြန်ကြားရေး တယ်လီဂရမ်ချန် နယ်တွင် နိုဝင်ဘာ ၁၂ ရက် ရက်စွဲဖြင့် နောင်ချို နှင့် မိုးကုတ်မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၂၀)ဦး သေဆုံးပြီး၊ ( ၂၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၁၂ ရက် က နောင်ချို မြို့မဈေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို ပေါင် ၅၀၀ ဗုံးကြဲချမှုကြောင့် ဒေသခံ (၁၁) ဦး သေဆုံးပြီး၊ (၁၁) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း၊ နိုဝင်ဘာ ( ၁၁ ) ရက်က မိုးကုတ်မြို့ကို ဗုံး ငါးလုံး ကြဲချမှုကြောင့် ဒေသခံ (၉)ဦး သေဆုံးခဲ့ပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။
ထုတ်ပြန်ချက် အပြည့်အစုံဖတ်ရန် >>> https://bitly.cx/Z1RFL
သုံးသပ်ချက်
သတင်းမီဒီယာများနှင့် TNLAက နိုဝင်ဘာ ၁၂ ရက်တွင် နောင်ချိုမြို့ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကြဲချမှုကြောင့် အရပ်သား (၁၁) ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေးသားထားသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ လန်းဆန်းလက်ဖက်ရည်ဆိုင်တွင် TNLA နှင့် PDF များကို ဂုဏ်ပြုပွဲလုပ်နေချိန် စစ်ကောင်စီက လေကြောင်းဖြင့် ရှင်းလင်းရာ ၂၀ ခန့် သေဆုံး” ဟုဆိုသော အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို ပုံဖျက်ထားသော သတင်းအမှားဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။