By Haythar / MPA
ကရင်နီလူထုအသံ သတင်းစာစောင်မျက်နှာဖုံး ဓာတ်ပုံကိုအသုံးပြု၍ ကယားPDF များကြောင့် ကယားပြည် သူများ ကော်ဖီမသောက်နိုင်ဘဲ သုံးနှစ်ကြာ စစ်ရှောင်နေရဆိုသည့် သတင်းဓာတ်ပုံအမှား တယ်လီဂရမ်ချန်နယ် များ၌ ပျံ့နှံ့လျက်ရှိသည်။
Subscriber ၂၅,၀၀၀ ကျော်ရှိသည့် Truth Media တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းတွင် ကယားလူမျိုးတစ်ဦးရိုးရာဝတ်စုံနှင့်လက်သုံးချောင်ထောင်ထားသည့် ဓာတ်ပုံကိုအသုံးပြုပြီး Gold Roast ကော်ဖီမစ်တောင် မသောက်ရပဲစစ်ရှောင်နေရတာ၃နှစ်ကျော်ပြီတဲ့ “ ဟုလှောင်ပြောင်စာရေးသားဖြန့်ဝေထား သည်။
အဆိုပါရေးသားဖြန့်ဝေမှုကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၁၀၀၀၀ ကေျာ်ရှိပြီး like and react လုပ်သူ ၁၃၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြထားကြသည်၊
သတင်းအမှားလင့်ခ်များ
Truth Media – https://shorturl.at/dG1y4
Ko Nyein Maung – https://archive.ph/8xZj0
နေပြည်တော် – https://archive.ph/K2y77
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင် ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့် ရာ ၂၀၂၄ နိုဝင်ဘာလတွင် ထုတ်ဝေထားသော Karenni People’s Voice သတင်းစာစောင် မျက်နှာဖုံး၌အသုံးပြု ထားသည့် ဓာတ်ပုံနှင့်ထပ်တူညီနေသည်။
သတင်းဓာတ်ပုံမူရင်းလင့်ခ် – https://shorturl.at/T4biC
Karenni People’s Voice လူမှုကွန်ယက်စာမျက်နှာတွင် လူထုသတင်းရရှိရေးအတွက် ကနဦး ခြေလှမ်း အနေဖြင့် အတွဲ ၁ အမှတ် ၁ သတင်းစာစောင်ကို အခမဲ့စတင်ဖြန့်ဝေခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ကရင်နီလူထုအသံ သတင်းစာစောင်မျက်နှာဖုံးကိုအသုံးပြုပြီး တော်လှန်ရေးကာလအတွင်း PDF များကြောင့် ကယားပြည်သူများ ကော်ဖီမသောက်နိုင်သကဲ့သို့ သရော်လှောင်ပြောင်၍ ရေးသားဖော်ပြထားသော သတင်း အမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။