By Wadi / MPA
ရခိုင်ပြည်နယ် အမ်းမြို့တွင် အာရက္ခတပ်တော်(အေအေ)အဖွဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးဟုဆိုသည့် သတင်းအမှား နိုဝင်ဘာ ၁ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့ နှံ့ခဲ့သည်။
“Thazin Oo” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၁ ရက် နံနက် ၁၀ နာရီ ၅၄ မိနစ်တွင် နပခ ( အမ်း ) ဈေး တောင်ရပ်ကွက်ကို အာရက္ခတပ်တော် အေအေက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးဟု ဆိုကာ သေဆုံးနေသော ရုပ်အလောင်းဓာတ်ပုံနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၅,၀၀၀ ကျော်၊ Reaction ပေးသူ ၄၉၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/e6Myn
အဆိုပါအကြောင်းအရာကို “May Yu Htar Nay , Western 24 News” အပါအဝင် အခြားစစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
May Yu Htar Nay – https://archive.ph/dTo5P
Western 24 News – https://archive.ph/wNM5W
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Google ၌ “ အမ်းမြို့ လက်နက်ကြီးထိ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “DMG, The Irrawaddy, RFA” သတင်းမီဒီယာတို့တွင် သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၂၉ ရက်၌ အမ်းမြို့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ကိုးဦး သေဆုံးပြီး လူအစုလိုက် အပြုံလိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ လူနေအိမ်များလည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ Y12 အမျိုးအစားလေယာဉ်များဖြင့် ဗုံးလာကြဲခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၁ ရက် ကနေ ၃၁ ရက်နေ့အထိ တစ်လအ တွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ် သား ၆၀ ကျော် သေဆုံးခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
DMG – https://bitly.cx/wR2TO
The Irrawaddy – https://bitly.cx/YHJjbI
RFA – https://bitly.cx/t54e37
သုံးသပ်ချက်
သတင်းမီဒီယာများတွင် အောက်တိုဘာ ၂၉ ရက်၌ အမ်းမြို့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ကိုးဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သတင်းရေးထားသည်။
အာရက္ခတပ်တော် အေအေက လက်နက်ကြီးပစ်ခတ်မှုကြောင့်ဟု ဖော်ပြထားခြင်း မရှိပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “အမ်းမြို့တွင် အာရက္ခတပ်တော် အေအေက လက်နက်ကြီးပစ် ခတ်မှုကြောင့် ပြည်သူများသေဆုံး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းအထိ စစ်ဆေးတွေ့ရှိ ထားသော သက်သေပြအချက်အလက်များဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။