By Wadi / MPA
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အိုင်ပေါင်းချောင်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ ရွာရှိ PDF ၃၅ ဦးကို သုတ်သင်ရှင်းလင်းဟုဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၃၁ ရက် နံနက် ၁၁ နာရီ ၁၈ မိနစ်တွင် စစ်ကိုင်း တိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အိုင်ပေါင်းချောင်ရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး PDF ၃၅ ဦးကို ရှင်း လင်းခဲ့ကြောင်း၊ မုံလှရွာရှိ PDF စခန်းကိုလည်း ဒရုန်းဗုံးကြဲ၍ ဖျက်ဆီးခဲ့သည်ဟု ရေးသားဖြန့်ဝေ ခဲ့ထား ခြင်းဖြစ်သည်။
အဆိုပါအကြောင်းအရာကို နိုဝင်ဘာ ၁ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၄,၉၀၀ ကျော်၊ Reaction ပေးသူ ၁၄၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/HaCCh
အဆိုပါအကြောင်းအရာကို “Snow Queen, Ye Yint Htet(#yyh)” တယ်လီဂရမ်ချန်နယ်များက ကူးယူ ဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/MnVFK
Ye Yint Htet(#yyh) – https://archive.ph/9sXID
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Google တွင် “ကန့်ဘလူ အိုင်ပေါင်းချောင်ရွာ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “DVB, Tachileik News Agency, မြေလတ်အသံ” အပါအဝင် အခြား သတင်းမီဒီယာများ၌ သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၃၀ ရက် နေ့လည်ပိုင်း၌ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ နှစ်ရွာကို စစ်ကောင်စီနှင့် ပျူစောထီးများက စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ မီးရှို့ခံရသည့်ရွာများမှာ ကျီစု နှင့် ကျောက်တိုင် ရွာများ ဖြစ်ပြီး ဘာသာရေးအဆောက်အအုံများ အပါအဝင် လူနေအိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အိုင် ပေါင်းချောင်ရွာက ဒေသခံ အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၃၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၊ အောက်တိုဘာ ၃၁ ရက် နံနက် ၆ နာရီခန့်၌ ကျီစုရွာနှင့် ကျောက်တိုင် ရွာကို ဒရုန်းဗုံးကြဲပြီး ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
DVB – https://bitly.cx/S9QCF
Tachileik News Agency – https://bitly.cx/Law6rN
မြေလတ်အသံ – https://bitly.cx/Q4wCw
သုံးသပ်ချက်
သတင်းမီဒီယာများတွင် အောက်တိုဘာ ၃၀ ရက်၌ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ ကျီစုနှင့် ကျောက်တိုင် ရွာကို စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာရှိ ဒေသခံပြည်သူ ၃၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေးသားထားသည်။
ဖမ်းဆီးခံထားရသူ ၃၇ ဦးသည် PDF များ မဟုတ်ဘဲ ပြည်သူများဖြစ်ကြောင်း သတင်းမီဒီယာများ၌ ရေး သားဖော်ပြထားသည်။
ထို့ကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “အိုင်ပေါင်းချောင်ရွာကို စစ်ကြောင်းထိုးပြီး PDF ၃၅ ဦးကို သုတ်သင်ရှင်းလင်း” ဆိုသည့် သတင်းအကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် နိုဝင်ဘာ ၁ ရက် ညနေပိုင်းအထိ စစ်ဆေး တွေ့ရှိ ထားသော သက်သေပြအချက်အလက်များဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။