By Wadi / MPA
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာသား ခြောက်ဦး သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က မီဒီယာများကို ဒေါ်လာ ၅၀၀၀ ပေး၍ လုပ်ကြံသတင်းရေး ခိုင်းဟုဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“Ko Myo Win” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၄ ရက် ည ၁၁ နာရီ ၅၂ မိနစ်၌ ဘုတလင်မြို့ နယ် ရှိ စီပါရွာတွင် အရပ်သား ခြောက်ဦး သတ်ဖြတ်ခံရသည့် ကိစ္စ မီဒီယာများ၌ ပျံ့နှံ့ခဲ့မှုသည်အမျိုးသားညီညွတ် ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ စီစဉ်မှုကြောင့် ဖြစ်ကြောင်း၊ ဦးရည်မွန်က မီဒီယာများကို ဒေါ် လာ ၅၀၀၀ ပေး၍ သတင်းရေးခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသည့် ရွာသား ခြောက်ဦးသည် ကြံ့ခိုင် ရေးပါတီဝင်များဖြစ်ပြီး သတ်ဖြတ်ခဲ့သူမှာ PDF များဖြစ်ကြောင်း၊ ထိုဖြစ်စဉ်ကို ဦးရည်မွန်က စစ်တပ် သတ်ဖြတ်သွားသည်ဟုဆိုကာ မီဒီယာများကို ငွေပေး၍ရေးခိုင်းခဲ့ဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၆,၈၀၀ ကျော်၊ Reaction ပေးသူ ၁,၄၀၀ ကျော်နှင့် မှတ်ချက်ရေးသားသူ ၆၀ ကျော် အထိ ရှိခဲ့သည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/rJguz
“Snow Queen, Htoo News” တယ်လီဂရမ်ချန်နယ်များအပြင် အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/zIkHf
Htoo News – https://archive.ph/jiH7p
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိ စစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Google တွင် “ ဘုတလင်မြို့ စီပါရွာ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “ Myanmar Now, BBC, Tachileik News Agency” များက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၁၇ ရက်၌ ဘုတလင်မြို့နယ်ထဲရှိ စီပါ ရွာသား ခြောက်ဦးကို စစ် ကောင်စီတပ်ဖွဲ့များက အရှင်လတ်လတ် ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြကြောင်း၊ အောက်တိုဘာ ၇ ရက် နံနက် ၉ နာရီခန့်တွင် အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းက စီပါရွာထဲသို့ စစ်ကြောင်း ထိုး ဝင်ရောက်လာခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း အခြေစိုက် ခြေမြန်တပ်မဌာချုပ်ဖြစ်သည့် တပ်မ ၃၃ မှလာ သော စစ်ကြောင်းဖြစ်ကြောင်း၊ ကျားဘီလူးစစ်ကြောင်းဟု နာမည်ကြီးကြောင်း၊ ကျားဘီလူးစစ်ကြောင်း ကြောင့် ၁၀ ရက်အတွင်း ဒေသခံ ၂၂ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း၊ စီပါရွာဖြစ်စဉ်သည် အဆိုး ရွားဆုံးဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ကြောင်း၊ ကိုယ်တိုင်တွေ့ကြုံခဲ့သည့် ဒေသခံများ၏ ပြောကြားချက်များ နှင့်တကွ ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://bitly.cx/07CfVm
BBC – https://bitly.cx/OAZA
Tachileik News Agency – https://bitly.cx/Oz95
သုံးသပ်ချက်
သတင်းမီဒီယာများတွင် အောက်တိုဘာ ၁၇ ရက်တွင် ဘုတလင်မြို့နယ်ရှိ စီပါရွာတွင် ရွာသားခြောက်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရကြောင်း၊ စစ်ကိုင်းတိုင်း အခြေစိုက် ခြေမြန်တပ်မဌာနချုပ် တပ်မ ၃၃ ကျားဘီလူးစစ်ကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်ပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
သတ်ဖြတ်ခံရသူများသည် ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ပြီး သတ်ဖြတ်ခဲ့သူများက PDF များဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပေ။ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ဒေါ်လာ ၅,၀၀၀ ပေး၍ သတင်းရေးခိုင်းခဲ့သည် ဆိုသော အချက်အလက်ကိုလည်း မတွေ့ရပါ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ စီပါရွာဖြစ်စဉ်ကို ဦးရည်မွန်က ဒေါ်လာပေး၍ သတင်းရေး ခိုင်းသည်” ဆိုသော အကြောင်းအရာသည် လုပ်ကြံဖန်တီးရေးသားထားသော သတင်းအမှားဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် အောက်တိုဘာ ၂၈ ရက် မွန်းလွဲပိုင်းအထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။