By Wadi / MPA
ထိုင်းနိုင်ငံထဲသို့ တရားမဝင်ခိုးဝင်လာသော PDF ၁၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးဟုဆိုသည့် သတင်း အမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၄၁ မိနစ်တွင် ထိုင်းနိုင်ငံထဲသို့ တရားမဝင်ခိုးဝင်လာသူ PDF အမျိုးသား ခုနှစ်ဦး နှင့် အမျိုးသမီး ခြောက်ဦး တို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပြီး ဖမ်းဆီးခံလိုက်ရသူများသည်မြန်မာနိုင်ငံတွင်အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့သူများဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ဟု ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၂၄ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၅၀,၀၀၀ ကျော်၊ Reaction ပေးသူ ၈၅၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/t4ZkL
အဆိုပါအကြောင်းအရာကို “ အထွန်းဖွား၊ Snow Queen” တယ်လီဂရမ်ချန်နယ်များအပြင် အခြားစစ် ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင်ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
အထွန်းဖွား – https://archive.ph/kvZYD
Snow Queen – https://archive.ph/fSnAM
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “News 1” ထိုင်းမီဒီယာ၌ ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။News 1 ထိုင်းမီဒီယာ၌ အောက်တိုဘာ ၂၂ ရက် ညက ထိုင်းနိုင်ငံ ဖုဖရမြို့နယ်ထဲတွင် ထိုင်းစစ်တပ်နှင့် နယ် စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် ပစ်ကပ်ကားနှစ်စီးကို သံသယရှိ၍ စစ်ဆေးခဲ့ရာ၊ ကားပေါ် တွင် မြန်မာနိုင်ငံဘက်မှ တရားမဝင်လိုက်ပါလာသူ ရိုဟင်ဂျာ ၁၃ ဦးနှင့် လမ်းပြခေါ်ဆောင်လာသူ ထိုင်းနိုင်ငံ သား နှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://bitly.cx/Qoutl
Google တွင် “ထိုင်းနိုင်ငံ ရိုဟင်ဂျာ ဖမ်းဆီးခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “RFA” နှင့် “DVB” မီဒီယာများ၌ သတင်းရေးထားသည်။သတင်းမီဒီယာများ၌ အောက်တိုဘာ ၂၂ ရက် ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ဖုဖရမြို့နယ်ထဲတွင် မြန်မာ နိုင်ငံမှ ထိုင်းနိုင်ငံထဲသို့ တရားမဝင်ခိုးဝင်လာသော အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၃ ဦးကို ထိုင်းအာဏာပိုင် များက ဖမ်းဆီးခဲ့ကြောင်း၊ ရိုဟင်ဂျာ အမျိုးသား ခုနှစ်ဦး နှင့် အမျိုးသား ခြောက်ဦးအပြင် လမ်းပြခေါ်ဆောင် လာသူ ထိုင်းနိုင်ငံသား နှစ်ဦး ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းမိသူများကို လဝက ဥပဒေဖြင့်ဆက်လက် အရေးယူမည်ဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
RFA – https://bitly.cx/L2fd
DVB – https://bitly.cx/Vpoi
အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများအရ တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ ထိုင်းနိုင်ငံတွင် တရားမဝင်ခိုးဝင်လာသူ PDF ၁၃ ဦး ဖမ်းဆီးခံရ” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။