By Fact Check Team / MPA
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော သတင်းအမှားများကို MPA၏ သတင်းအချက်အလက်စစ်ဆေးသူ များကလေ့လာစောင့်ကြည့်၍ Fact Check သတင်းများ ရေးသား ဖော်ပြလျက်ရှိသည်။
အောက်တိုဘာ ၁၄ ရက်မှ ၂၁ရက်အတွင်း သတင်းအမှားဖြစ်ကြောင်း အချက်အလက်စစ်ဆေးရေးသားခဲ့ သော Fact Check News များကို စာဖတ်သူများ တစုတစည်းတည်း ဖတ်ရှုနိုင်ရန် ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါသည်။
အောက်တိုဘာ ၁၄ရက် – မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါစုဈေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် က လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးပြည်သူများ ဓာတ်ပုံကို မန္တလေး PDF များဟု စစ်တပ်ထောက်ခံသူ များက သတင်းအမှားများ ဖြန့်ဝေခဲ့သည်။
Google တွင် “မတ္တရာမြို့ လေကြောင်း ဗုံးကြဲ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “VOA, RFA, Mizzima” အပါအဝင် အခြားမီဒီယာများ၌ ဖြစ်စဉ်အမှန်အကြောင်း သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၁၁ ရက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဝေါစုကျေးရွာ ဘုန်းကြီး ကျောင်း၌ရှိသည့် စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာသုံးပါးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားကြသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “မတ္တရာမြို့နယ်တွင် မန္တလေး PDF ၃၀ ကျော် သေဆုံး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အောက်တိုဘာ ၁၅ရက် – ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းသုံး ဗုံးကြဲပြီးနောက် TNLA,MNDAA ရှိရာနေရာကို ဗုံးကြဲခြင်းဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များက သတင်းအမှားဖြန့်ဝေခဲ့သည်။
Google တွင် “အီနိုင်းကျေးရွာကို စစ်ကောင်စီတပ်ဗုံးကြဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ BBC,Shan News, Shwe Phee Myay သတင်းမီဒီယာတို့၌ သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် လားရှိုးမြို့နယ် အီနိုင်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၄ ရက် ၁၂ နာရီ ၁၀ မိနစ်တွင် ပေါင် ၅၀၀ ဗုံးခုနှစ်လုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ငါးလုံး ၊ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်းနှင့် ခန်းမဆောင်အပါအဝင် မူကြိုကျောင်းတို့ ထိမှန်ပျက်ဆီးခဲ့ပြီး ပြည်သူသုံးဦးသေဆုံးခဲ့ကြောင်း ရေး သားဖော်ပြထားကြသည်။
ထို့ကြောင့် TNLA,MNDAA ရှိရာနေရာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲဆိုသော အကြောင်းအရာ သည်သတင်းအမှား ဖြစ်သည်။
အောက်တိုဘာ ၁၇ရက် – ရခိုင်ပြည်နယ် မောင်တောရှိ စစ်ကောင်စီ၏ အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ(နခခ-၅)ကို လာရောက် တိုက်ခိုက်သော အာရက္ခတပ်တော် အထိနာပြီး ဆုတ်ခွာထွက်ပြေးဟုဆိုသည့် သတင်းအမှား စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
Google တွင် “မောင်တော နခခ(၅) တိုက်ပွဲ” ဆိုသည့် စာသားဖြင့် ရှာဖွေရာ “နိရဉ္ဇရာ၊ DMG ၊ BNI” မီဒီယာများ၌ သတင်းရေးထားသည်။
သတင်းမီဒီယာများ၌ မောင်တောမြို့ရှိ စစ်ကောင်စီ၏နောက်ဆုံး လက်ကျန်စခန်းဖြစ်သည့် အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) ကို သိမ်းပိုက်ရန်အတွက် အာရက္ခတပ်တော် (အေအေ) နှင့် စစ်ကောင်စီ တပ်တို့ကြားတွင် ယခုရက် ပိုင်းအတွင်း တိုက်ပွဲအပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေပြီး အောက်တိုဘာ ၁၅ ရက်အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း၊ စစ်ကောင်စီဘက်က လေကြောင်းဖြင့် အဆက်မပြတ်ဗုံးကြဲ တိုက်ခိုက်နေကြောင်း၊ အာရက္ခတပ်တော် (အေအေ) ဘက်က လက်နက်ကြီးပစ်ကူများဖြင့် ထိုးစစ် ဆင်နေကြောင်း၊ နှစ်ဘက်စလုံး အထိအခိုက်အကျအဆုံးများရှိနေပြီး အရေအတွက် မသိရှိရသေးကြောင်း ရေးသားထားသည်။
နခခ(၅)တိုက်ပွဲတွင် အာရက္ခတပ်တော် (အေအေ) အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း ဖော်ပြထား ခြင်း မတွေ့ရပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ မောင်တော နခခ(၅) တိုက်ပွဲတွင် အာရက္ခတပ်တော်(အေအေ) အထိနာပြီး ဆုတ်ခွာထွက်ပြေး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အောက်တိုဘာ ၁၈ရက် – ရခိုင်ပြည်နယ် မောင်တော အောင်မင်္ဂလာရှိ အာရက္ခတပ်တော်(အေအေ) စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ရှင်းလင်းဟုဆိုသည့် သတင်းအမှား အောက်တိုဘာ ၁၆ ရက် တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များ၌ သတင်းပျံ့နှံ့ခဲ့သည်။
ပျံ့နှံ့နေသော ဓာတ်ပုံများ၌ Arakan Bay News မီဒီယာ၏ ရေစာအမှတ်အသားတွေ့ရသဖြင့် Arakan Bay News ၌ ရှာဖွေ ရာ ထပ်တူညီသော ဓာတ်ပုံများ တွေ့ရသည်။
Arakan Bay News တွင် အောက်တိုဘာ ၁၆ ရက် နေ့လည် ၂ နာရီကျော်၌ မောင်တောင်မြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် တစ်ဦးအပါ အဝင် အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း ဖော်ပြထားသည်။ ထို့အပြင် နေအိမ်တစ်အိမ်၊ ဘုရားသိမ်၊ ဆိုင်ခန်း တစ်ခန်း၊ ကားနှစ်စီး နှင့် ဆိုင်ကယ် ၁၀ စီးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ သတင်းဖော်ပြထားသည်။
နိရဉ္ဇရာ ၊ DVB သတင်းမီဒီယာများ၌ ဗုံးကြဲခံရသော အောင်မင်္ဂလာကျေးရွာတွင် အရပ်သားပြည်သူများ နေထိုင်ကြောင်း ရေးသာထားသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ မောင်တော်၊ အောင်မင်္ဂလာ အာရက္ခတပ်တော်(အေအေ) စခန်းကို ဗုံးကြဲတိုက်ခိုက်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အောက်တိုဘာ ၁၈ ရက် – စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီရပ်ကွက် မေတ္တာလမ်းသွယ်(၁) ရှိ နဝရတ် စိန်၊ ပလက်တီနမ် ရတနာဆိုင်ကို PDF များ ဓားပြတိုက်၍ ရရှိလာသော ငွေများ ခွဲတမ်းချ ရယူနေကြောင်း နှင့် အဝေမတည့်သဖြင့် PDF အချင်းချင်း ပြန်ဖမ်း ဟုဆိုသည့် သတင်းအမှားများ တယ်လီဂရမ်ချန်နယ်များ၌ ဓာတ်ပုံများနှင့် အတူ ပျံ့နှံ့လျက်ရှိသည်။
ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ Mizzima, People Spring, Mandalay Free Press တို့၌ ဖော်ပြထားသည့် ဓာတ်ပုံများနှင့်ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် မုံရွာတွင် ရွှေဆိုင်ဓားပြတိုက်သူများကို စစ်ကောင်စီတပ်က မဖမ်းတာကြောင့် တော်လှန်ရေး အင်အား စုများက ဖော်ထုတ်ဖမ်းဆီးဟူ၍ သတင်းဓာတ်ပုံနှင့်တကွ ရေးသားဖော်ပြထားသည်။
ထို့ကြောငင့် “ရွှေဆိုင်ဓားပြတိုက်မှုတွင် အဝေမတည်တော့သဖြင့် PDF အချင်းချင်းပြန်ဖမ်း”ဟုဆိုသော အကြောင်းအရာ သည် သတင်းအမှားဖြစ်သည်။
အောက်တိုဘာ ၂၀ရက် – စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါကျေးရွာတွင် စစ်တပ်က စစ်ကြောင်းထိုး၍ နောက် ပြည်သူ အချို့ သတ်ဖြတ်ခံခဲ့ရပြီး စစ်တပ်ထောက်ခံသူများက PDF များ သတ်ဖြတ်ဟုဆိုကာ တယ် လီဂရမ်ချန်နယ်များ၌ သတင်း အမှားများ ဖြန့်ဝေခဲ့ကြသည်။
စီပါကျေးရွာနေ ပြည်သူအချို့ သတ်ဖြတ်ခံရမှုတွင် မည်သူ့လက်ချက်ဖြစ်ကြောင်း သိရှိရန် Google တွင် “ဘုတလင်မြို့နယ် စီပါကျေးရွာ ပြည်သူများသတ်ခံရ” ဟူသည့် စာသားဖြင့် ရှာဖွေရာ VOA, Mandalay Free Press(MFP) နှင့် မြေလတ် အသံ သတင်းမီဒီယာများ၌ သတင်းဖော်ပြထားသည်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါကျေးရွာကို အောက်တိုဘာ ၁၇ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခဲ့ ကြောင်း၊ အောက်တိုဘာ ၁၉ရက်တွင် စီပါကျေးရွာ၌ မီးရှို့ခံထားရသော နေအိမ် ၂၀၀ခန့်နှင့် ခန္ဓာကိုယ်အ စိတ်အပိုင်းများ ဖြတ်တောက်၍ သတ်ဖြတ်ခံထားရသော ဒေသခံပြည်သူခြောက်ဦး၏ ရုပ်အလောင်းများ တွေ့ရှိ ရကြောင်း သတင်းမီဒီယာ များ၌ ရေးသား ဖော်ပြထားသည်။
စစ်တပ်ထောက်ခံသော ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖြန့်ဝေထားသော “စီပါရွာတွင် ပြည်သူ အချို့ကို PDFများ သတ်ဖြတ်” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အောက်တိုဘာ ၂၀ရက် – ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှု ကြောင့် TNLA ခေါင်းဆောင် အပါအဝင် ၄၀ ကျော် သေဆုံးဟု တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။
ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ Shwe Phee Myay သတင်းမီဒီယာ၌ ဖော်ပြထားသည့် ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Google တွင် “နောင်ချိုမြို့ကိုစစ်တပ်ကဗုံးကြဲဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ RFAနှင့် The Irrawaddy, သတင်း မီဒီယာတို့တွင် နောင်ချိုမြို့ကို စစ်ကောင်စီတပ်ကအောက်တိုဘာ ၁၇ ရက် သီတင်း ကျွတ်လပြည့် ညတွင် နောင်ချိုမြို့ရဲ စခန်း၊ နောင်ချိုမြို့အထွက် စစ်ဆေးရေးဂိတ်၊ သဖန်းကိုင်း ရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနေအိမ် ဆယ်လုံး ကျော်ထိခိုက်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
နောင်ချိုကိုစစ်ကောင်စီတပ်က လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်ရာ TNLA ခေါင်းဆောင်အပါအဝင် ၄၀ ကျော် သေဆုံး ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အောက်တိုဘာ ၂၁ရက် – ပဲခူးတိုင်းရှိ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရခြင်းမရှိဟု စစ် ကောင်စီထောက်ခံ သူများ တယ်လီဂရမ်ချန်များ၌ သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
Google တွင် “တောင်ငူလေတပ်စခန်း” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “RFA, MPA, Mizzima” အပါအဝင် အခြား မီဒီယာများ၌ သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၂၀ ရက် ည ၈ နာရီကျော်၌ တောင်ငူလေတပ်ကို ၁၀၇(မမ) ရှော့ တိုက်ဒုံး သုံးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က ဦးဆောင်ပြီး အခြားတော် လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ရေးသားထားသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံး တိုက်ခိုက်ခံရမှု မရှိခဲ့” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဖော်ပြပါ သတင်းအမှားအကြောင်းအရာ ရှစ်ပုဒ်ကို MPA Fact Check Team က အောက်တိုဘာ တတိယပတ်အတွင်း အချက်အလက်စစ်ဆေး ရေးသားခဲ့သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြု ဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။