By Haythar / MPA
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲခဲ့မှုအား အေအေစခန်း ဗုံးကြဲခံရပြီး ဗိုလ်ကြီးအပါအဝင် ၄၀ ကျော်သေဆုံး၊ ၇၀ ကျော်ဒဏ်ရာရဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
Subscriber ၄၅,၀၀၀ ကျော်ရှိသည့် Min Chit Oo တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၁ ရက် မနက်ပိုင်း တွင် “ အေအေ အင်အား ၁၀၀ ကျော်ရှိသည့် စခန်းနေရာကို လေကြောင်းဗုံးကြဲရာ အေအေ ဗိုလ်ကြီး အဆင့်ရှိ သူ တစ်ဦးအပါဝင်၄၀ နီးပါးခန့် သေဆုံးခဲ့ပြီး ၇၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ နေရာတွင် အေအေအဖွဲ့ကို ထမင်းဟင်း ချက်ပြီး ပို့ပေးနေရသောအမျိုးသမီး တစ်ဦးအပါအဝင် ငါးဦး သေဆုံးခဲ့ပြီး အခြား အေအေ အလုပ် ကူလုပ်ပေးသူ ၁၄ ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့” ဟု နေအိမ်ပျက်စီးနေသည့် ဓာတ်ပုံ အသုံးပြု၍ ရေးသားဖြန့် ဝေထားသည်။
အဆိုပါဖြန့်ဝေမှုကို အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၁၅,၅၀၀ ကျော်၊ Like and react ပေး သူ ၁၅၀ ကျော်ရှိသည့်အပြင် အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြထားသည်။
သတင်းအမှားလင့်ခ် – https://archive.ph/Qmlgw
ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/5xh5Q
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော် ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ Arakan Bay News သတင်းမီဒီယာ၌ ဖော်ပြထားသည့် ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Arakan Bay News သတင်းမီဒီယာလင့်ခ် – https://shorturl.at/HLsZZ
အဆိုပါသတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး Google တွင် “မောင်တောမြို့၊ ဖားဝပ်ချောင်းရွာကို စစ်ကောင် စီတပ်ဗုံးကြဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ Arakan Bay News, Narinjara, Western news တို့၌ ရေး သားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ဖားဝပ်ချောင်းကျေးရွာကို အောက်တိုဘာ ၂၁ ရက်မနက် ၂ နာရီဝန်းကျင်တွင် စစ်ကောင် စီတပ်က ပေါင် ၅၀၀ ဗုံးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ငါးဦးသေဆုံးပြီး ကိုယ်ဝန်သည်အမျိုးသမီး တစ်ဦးအပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
Arakan Bay News – https://shorturl.at/HLsZZ
Narinjara – https://shorturl.at/5uC6a
western news – https://shorturl.at/TzsIU
သုံးသပ်ချက်
အရပ်သားများနှင့်စစ်ရှောင်ပြည်သူများနေထိုင်နေသည့် ဖားဝပ်ချောင်းကျေးရွာကို မြေပြင်တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲသဖြင့် ပြည်သူ ၅ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ထို့ကြောင့် အေအေ စခန်းကိုဗုံးကြဲတိုက်ခိုက်ရာ အေအေ ဗိုလ်ကြီးအပါအဝင် ၄၀ ကျော် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများသည် အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းအထိ ရရှိထားသော အချက်အလက်များပေါ် မူတည်၍ စစ်ဆေးထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPA က အချက်အ လက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။