By Wadi / MPA
ပဲခူးတိုင်းရှိ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရခြင်းမရှိဟု စစ်ကောင်စီထောက်ခံသူများ တယ်လီဂရမ်ချန်များ၌ သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၁ ရက် နံနက် ၉ နာရီတွင် တောင်ငူလေတပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သွားသည်ဆိုသော သတင်း မှန် မမှန် သိရှိရန် တောင်ငူ လေတပ်စခန်းရှိ တာဝန်ရှိသူများကို မေးကြည့်ရာ ပစ်ခတ်ခံရမှုမရှိ ဟူ၍ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၇,၀၀၀ ကျော်၊ Reaction ပေးသူ ၄၁၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/wbPQP
အဆိုပါသတင်းအမှားကို “အထွန်းဖွား ၊ Min Chit Oo” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားခဲ့သည်။
အထွန်းဖွား – https://archive.ph/1tGbD
Min Chit Oo – https://archive.ph/jvErM
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Google တွင် “ တောင်ငူလေတပ်စခန်း” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “RFA, MPA, Mizzima” အပါအဝင် အခြားမီဒီယာများ၌ သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၂၀ ရက် ည ၈ နာရီကျော်၌ တောင်ငူလေတပ်ကို ၁၀၇(မမ) ရှော့ တိုက်ဒုံး သုံးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က ဦးဆောင်ပြီး အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တို့ရှိ တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရာတွင် စစ်ကောင်စီ၏ အဓိကအားထားရာ လေတပ်စခန်းတစ်ခုဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
RFA – https://bitly.cx/ZBc4D
MPA – https://shorturl.at/7hTu4
Mizzima – https://shorturl.at/o9jpZ
Brave Warriors for Myanmar (BWM) အဖွဲ့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် အောက်တိုဘာ ၂၁ရက် ရက်စွဲ ဖြင့်တောင်ငူလေတပ်စခန်းအား ၁၀၇ မမ ရှော့တိုက်ဒုံး သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်လုံးကိုအောင် မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://bitly.cx/Ozu7
သုံးသပ်ချက်
သတင်းမီဒီယာများ နှင့် BMW အဖွဲ့က အောက်တိုဘာ ၂၀ ရက် က တောင်ငူလေတပ်သို့ BMW အဖွဲ့ ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြောင်း ရေးသားထားသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံး တိုက်ခိုက်ခံရမှု မရှိခဲ့” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။