By Wadi / MPA
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါကျေးရွာတွင် စစ်တပ်က စစ်ကြောင်းထိုး၍နောက် ပြည်သူအချို့ သတ်ဖြတ် ခံခဲ့ရပြီး စစ်တပ်ထောက်ခံသူများက PDF များ သတ်ဖြတ်ဟုဆိုကာ တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား များ ဖြန့်ဝေခဲ့ကြသည်။
Subscriber ၁၄၀,၀၀၀ ကျော်ရှိသည် “မှိုင်းဝေ”တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၀ရက် နံနက် ၁၀နာရီ ကျော်တွင် “ဘုတလင်မြိုနယ် စီပါရွာရှိ ပြည်သူအချိုကို အကြမ်းဖက် PDF များမှ စစ်တပ်သတင်းပေး ဒလန်ဟု စွပ်စွဲကာ ရက်ရက်စက်စက် အပိုင်းပိုင်း ခုတ်ဖြတ်သတ်ဖြတ်” ဟု (မူရင်းရေးသားချက်အတိုင်း) ဦးခေါင်း၊ ခြေ၊ လက်ဖြတ်တောက်ခံရပြီး သေဆုံးနေသော ပြည်သူအချို့၏ ဓာတ်ပုံများနှင့် အတူ ရေးသားဖြန့်ဝေထားခြင်း ဖြစ် သည်။
အဆိုပါ အကြောင်းအရာကို အောက်တိုဘာ ၂၀ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၂၄,၀၀၀ကျော်၊ Reaction ပေး သူ ၄၂၀ကျော်ရှိသည်။
စစ်တပ်ထောက်ခံသော အခြား ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက ကူးယူဖြန့်ဝေထားသဖြင့် ပျံ့နှံ့မှုများပြား လျက်ရှိသည်။
မှိုင်းဝေ – https://archive.ph/geUdQ
Snow Queen – https://archive.ph/T5tjg
ကျွန်းလှမီးအိမ်ရှင် – https://archive.ph/HphUd
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ် ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
စီပါကျေးရွာနေ ပြည်သူအချို့ သတ်ဖြတ်ခံရမှုတွင် မည်သူ့လက်ချက်ဖြစ်ကြောင်း သိရှိရန် Google တွင် “ဘုတလင်မြို့နယ် စီပါကျေးရွာ ပြည်သူများသတ်ခံရ” ဟူသည့် စာသားဖြင့် ရှာဖွေရာ VOA, Mandalay Free Press(MFP) နှင့် မြေလတ်အသံ သတင်းမီဒီယာများ၌ သတင်းဖော်ပြထားသည်။
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါကျေးရွာကို အောက်တိုဘာ ၁၇ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးခဲ့ကြောင်း၊ အောက်တိုဘာ ၁၉ရက်တွင် စီပါကျေးရွာ၌ မီးရှို့ခံထားရသော နေအိမ် ၂၀၀ခန့်နှင့် ခန္ဓာကိုယ်အ စိတ်အပိုင်းများ ဖြတ်တောက်၍ သတ်ဖြတ်ခံထားရသော ဒေသခံပြည်သူခြောက်ဦး၏ ရုပ်အလောင်းများ တွေ့ရှိ ရကြောင်း သတင်းမီဒီယာများ၌ ရေးသား ဖော်ပြထားသည်။
စီပါကျေးရွာအနီးအနားရှိ ကျေးရွာများ၌လည်း စစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်းများ ရှိကြောင်း၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ဘုတလင်၊ စီပါ၊ ငပုရင်း၊ ကြိုကုန်း၊ မြောက်ကျီ၊ ရှမ်းတဲ၊ တလိုင်း စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၁၀ ရွာခန့်ရှိ ဒေသခံပြည်သူ ၄၀၀၀ ခန့်သည် နေရပ်မှ တိမ်းရှောင်ကာ တောတောင်များထဲ၌ နေထိုင်နေရပြီး စားသောက်ကုန်များ လိုအပ် နေကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
VOA – https://bitly.cx/iOBZDZ
https://bitly.cx/Nr7w5
MFP – https://bitly.cx/iI2A
မြေလတ်အသံ – https://bitly.cx/XNe3M
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်တပ်က စစ်ကြောင်းထိုး၍ နေအိမ်မီးရှို့ခြင်းနှင့် ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းမီဒီယာများ၌ ရေးသားဖော်ပြထားကြသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖြန့်ဝေထားသော “စီပါရွာတွင် ပြည်သူ အချို့ကို PDFများ သတ်ဖြတ်” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အ လက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်သည်။