By Haythar/ MPA
ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး အေအေအဖွဲ့က လူသားဒိုင်းပြုလုပ်ရန် ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ လျက်ရှိသည်။
Subscriber ၂၃,၀၀၀ ကျော်ရှိသည့် မေယုဌာနေ တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက
“ အမ်းမှ စစ်ရှောင်ပြည်သူများအား အေအေ က လူသားတံတိုင်းပြုလုပ်ရန် ဓားစာခံများအဖြစ် ဖမ်းဆီးထား” ဟု ရေးသားဖော်ပြထားသည်၊
အဆိုပါဖြန့်ဝေမှုကို အောက်တိုဘာ ၁၈ ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၃၂၀၀၀ ကျော်ရှိပြီး အခြားတယ်လီ ဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။
သတင်းအမှားလင့်ခ်များ
May Yu Htar Nay – https://archive.ph/AdtJk
Ko Thet – https://archive.ph/DU9q1
Min Chit OO – https://archive.ph/YURsw
တယ်လီဂရမ်ချန်နယ် တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော် ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
မေယုဌာနေ တယ်လီဂရမ်ချန်နယ်က ရေးသားဖော်ပြထာသော သတင်းအကြောင်းအရာနှင့်ပတ်သက်ပြီး Google တွင် “ အမ်းမြို့နယ်စစ်ရှောင်များဖမ်းဆီးခံရ “ ဆိုသည့် စာသားဖြင့်ရှာဖွေရာ RFAနှင့် Narinjara သတင်းမီဒီယာနှစ်ခု၌ ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၁၆ ရက်၌ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ မကွေးတိုင်းဘက်သို့ တိမ်း ရှောင်လာသည့် စစ်ရှောင်ကား ၁၅ စီးကို အမ်း- ပဒါန်းကားလမ်းအတိုင်း စစ်ကောင်စီတပ်က လမ်းတစ်ဝက်တွင် ဖမ်းဆီးထားပြီး ဖမ်းဆီးခံထားရသူများနှင့် အဆက်သွယ်မရသေးကြောင်း ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
RFA – https://shorturl.at/C6Tnv
Narinjara – https://shorturl.at/cHMzb
သုံးသပ်ချက်
အမ်းမြို့နယ်မှ စစ်ရှောင်လာသည့် စစ်ရှောင်ကား ၁၅ စီးကို စစ်ကောင်စီတပ်က လမ်းခုလတ်တွင် ဖမ်းဆီးထားပြီး
ဖမ်းဆီးခံထားရသူ ၁၀၀ ကျော်ရှိသည်။
ထို့ကြောင့် တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော အမ်းမြို့စစ်ရှောင်များကို အေအေက လူသားဒိုင်းပြုလုပ်ရန် ဖမ်းဆီးထားဆိုသောအကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများသည် အောက်တိုဘာ ၁၈ ရက် မွန်းလွဲပိုင်းအထိ ရရှိထားသော အချက်အလက်များပေါ် မူတည်၍ စစ်ဆေးထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အ လက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်သည်။