By Haythar / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းသုံးဗုံးကြဲပြီးနောက် TNLA,MNDAA ရှိရာနေရာကို ဗုံးကြဲခြင်းဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအ မှားဖြန့်ဝေခဲ့သည်။
Subscriber ၁၄၀,၀၀၀ ကျော်ရှိသည့် မှိုင်းဝေ တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းတွင် အဆောက်အဦးပျက်စီးနေသည့် ဗီဒီယိုနှစ်ခုနှင့်အတူ TNLA/MNDAA ရှိရာ အီနိုင်းကိုဗုံးကြဲခဲ့သည်ဟု ရေးသား ဖြန့်ဝေခဲ့သည်။
မှိုင်းဝေ၏ ရေးသားဖြန့်ဝေမှုကို အောက်တိုဘာ ၁၅ ရ က် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၃၃,၀၀၀ ကျော်၊ Like and react ပေးသူ ၆၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖြန့်ဝေခဲ့ကြသည်။
သတင်းအမှားလင့်ခ်များ
မှိုင်းဝေ – https://archive.ph/Y8XLB
BAK 24 News – https://archive.ph/1Ce60
Snow Queen – https://archive.ph/BOFqV
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
Google တွင် “အီနိုင်းကျေးရွာကို စစ်ကောင်စီတပ်ဗုံးကြဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ BBC,Shan News, Shwe Phee Myay သတင်းမီဒီယာတို့၌ သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် လားရှိုးမြို့နယ် အီနိုင်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၄ ရက် ၁၂ နာရီ ၁၀ မိနစ်တွင် ပေါင် ၅၀၀ ဗုံး ခုနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ငါးလုံး ၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရား ကျောင်းနှင့် ခန်းမဆောင်အပါအဝင် မူကြိုကျောင်းတို့ ထိမှန်ပျက်ဆီးခဲ့ပြီး ပြည်သူသုံးဦးသေဆုံးခဲ့ကြောင်း ရေး သားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
BBC – https://shorturl.at/osa4q
Shan News – https://shorturl.at/7T0kT
Shwe Phee Myay – https://shorturl.at/d6tcP
သုံးသပ်ချက်
အီနိုင်းကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ ရက်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု မှန်ကန်သော် လည်း ဗုံးကြဲခံရသည့်နေရာသည် ပြည်သူများနေထိုင်ရာနေရာနှင့် ဘာသာရေးအဆောက်အဦးတို့ဖြစ်သည်။
သေဆုံးသူများနှင့် ဒဏ်ရာရသူများသည် ပြည်သူများဖြစ်ကြောင်း သတင်းမီဒီယာများကဖော်ပြသော သတင်းများအရ သိရသည်။
ထို့ကြောင့် TNLA,MNDAA ရှိရာနေရာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲဆိုသော အကြောင်းအရာ သည်သတင်းအမှား ဖြစ်သည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်သည်။