By Wadi / MPA
မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါစုဈေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှု ကြောင့် ပြည်သူများ သေဆုံးနေသော ဓာတ်ပုံကို မန္တလေး PDF များဟု စစ်တပ်ထောက်ခံသူများက သ တင်းအမှားများ ဖြန့်ဝေခဲ့သည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၁ ရက် ညနေ ၄နာရီ ၁၅ မိနစ်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် မတ္တရာမြို့တွင် မန္တလေး PDF ၃၀ ကျော် သေဆုံးပြီး ၃၀ ကျော် သေလုမြော ပါးဖြစ်နေဟု ဆိုကာ သေဆုံးသူများ၏ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၃,၀၀၀ ကျော်၊ Reaction ပေးသူ ၁၅၀ ကျော်၊ မှတ်ချက်ရေးသားသူ ၃၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/t9uzr
အဆိုပါ အကြောင်းအရာကို “Truth Media, Snow Queen” အပါအဝင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းးအမှားလင့်ခ်များ >>>
Truth Media – https://archive.ph/OzvVk
Snow Queen – https://archive.ph/peUAk
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “မတ္တရာမြို့ လေကြောင်း ဗုံးကြဲ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “VOA, RFA, Mizzima” အပါအဝင် အခြားမီဒီယာများ၌ သတင်း ရေးထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၁၁ ရက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဝေါစုကျေးရွာ ဘုန်းကြီး ကျောင်း၌ရှိသည့် စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုတွင် သံဃာ သုံးပါးနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ အများ အပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ ဝေါစုကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းတွင် ဒေသခံ ၃၀၀ခန့် ခိုလှုံနေကြောင်း သေဆုံးဒဏ်ရာ ရသည့် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားကြသည်။
Mizzima မီဒီယာတွင် ဖော်ပြထားသော ဓာတ်ပုံနှင့် တယ်လီဂရမ်၌ ပျံ့နှံ့နေသော ဓာတ်ပုံ တူညီမှုရှိနေသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
VOA – https://shorturl.at/oLZvF
RFA – https://shorturl.at/pbXAl
Mizzima – https://shorturl.at/XsFpM
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ဖေ့စ်ဘွတ်တွင် အောက်တိုဘာ ၁၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် သံဃာတော်နှင့် ကလေးသူငယ်များအပါအဝင် ပြည်သူ ၁၂ ဦးခန့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://shorturl.at/GKZ1h
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မတ္တရာမြို့နယ် ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်နေရာအား စစ်ကောင်စီက အောက် တိုဘာ ၁၁ ရက်၌ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၂ ဦး သေဆုံးကြောင်း ဖော်ပြ ထားသည်။ ဓာတ်ပုံများသည် သေဆုံးအရပ်သားများ၏ ဓာတ်ပုံဖြစ်ကြောင်း တွေ့ရသည်။
သေဆုံးသူများကို မန္တလေး PDF များဟု ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ မတ္တရာမြို့နယ်တွင် မန္တလေး PDF ၃၀ ကျော် သေဆုံး”ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်း၌ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။