By Wadi / MPA
ရခိုင်ပြည်နယ် အမ်းမြို့ကို တိုက်ခိုက်ရန် တက်လာသော အာရက္ခတပ်တော် အင်အား ၄၀၀ ရှိ စစ်ကြောင်း ကို စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်ရှင်းလင်းခဲ့ရာ အားလုံးသေဆုံးဆိုသည့် သတင်းအမှား တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“Min Chit Oo” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၁ ရက် ည ၁၀ နာရီ ၂၀ မိနစ်တွင် “အမ်းကို တိုက်ခိုက်ရန် ဖားပြိုဘက်ကနေ တက်လာသော အင်အား ၄၀၀ ရှိ အာရက္ခတပ်တော် ကားတန်းကို စစ်ကောင်စီက လေကြောင်းကင်းထောက်ဖြင့် လိုက်လံကြည့်ရှုပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အားလုံးသေဆုံး”ဟု (မူရင်းရေးသားချက်အတိုင်း) ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၄,၀၀၀ ကျော်၊ Reaction ပေးသူ ၃၈၀ ကျော်၊ မှတ်ချက်ရေးသားသူ ၁၀ ဦးကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/0KMph
အဆိုပါအကြောင်းအရာကို “May Yu Htar Nay, Ko Thet” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
May Yu Htar Nay – https://archive.ph/0KMph
Ko Thet – https://archive.ph/UJ0th
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Google တွင် “အမ်းမြို့ မဲတောင်စခန်း” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “ People’s Spring, DMG, နိရဉ္ၑရာ နှင့် အခြားသတင်းမီဒီယာများ၌ သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းရှိ မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် အနီးပတ် ဝန်းကျင်ရှိ စခန်းများအားလုံးကို အောက်တိုဘာ ၇ ရက်၊ ညနေပိုင်း၌ အာရက္ခတပ်တော်(အေအေ) က အပြီး သတ်သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ အောက်တိုဘာ ၁၁ ရက်တွင် ခမရ ( ၃၇၃ ) နှင့် ကမ်းဒိတ်တောင်စခန်းကို ထပ်မံသိမ်းယူနိုင်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေကြောင်း၊ ခမရ ( ၃၇၃) သည် အမ်းမြို့နယ်အခြေစိုက် နပခ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) နှင့် ငါးမိုင်ခန့်သာ ကွာဝေးတော့ကြောင်း၊ နောက်ဆုတ်သွားသော စစ် ကောင်စီတပ်သားများသည် လေကြောင်းကာကွယ်ရေးတပ်နှင့် စရဖ တပ်တွင်သွားရောက်ပူးပေါင်းခဲ့ ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ ကြောင်း၊ စစ်ကောင်စီသည် အမ်းမြို့ရှိ မြို့ပေါ်တပ်ရင်းများ၊ မြို့အဝင် အထွက်နှင့် မြို့တွင်းနေရာများတွင် ခံစစ်အခိုင်အမာ ပြင်ဆင်နေကြောင်း၊ တပ်မိသားစုဝင်များကိုလည်း အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ကုန်ကားအစီးရေ ၂၃ စီးဖြင့် ပြောင်းရွှေ့ပေးခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
People’s Spring – https://shorturl.at/HCrL0
DMG – https://shorturl.at/RADHW
နိရိဉ္ဇရာ – https://shorturl.at/11vHJ
အာရက္ခတပ်တော် (အေအေ) ၏ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာတွင် အမ်းမြို့နယ်အတွင်းရှိ လက်ကျန် စခန်းများထဲက တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် အနီးပတ်ဝန်းကျင်ရှိ စခန်းများအားလုံး ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၇ ရက် ညနေ ၃ နာရီ ၅၀ မိနစ်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ ကြောင်း၊ အခြားသော စစ်စခန်းများကို သိမ်းယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း ထုတ် ပြန်ကြေညာထားသည်။
ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://shorturl.at/J0jcf
သုံးသပ်ချက်
သတင်းမီဒီယာများနှင့် အောက်တိုဘာ ၇ ရက် နှင့် ၁၁ ရက်များတွင် အမ်းမြို့နယ်အတွင်းရှိ မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် အနီးပတ်ဝန်းကျင်ရှိ စခန်းများ၊ ခမရ ( ၃၇၃ ) နှင့် ကမ်းဒိတ်တောင်စခန်းများကို အာရက္ခတပ်တော်(အေအေ)က သိမ်းပိုက်နိုင်ခဲ့ကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
အာရက္ခတပ်တော် (အေအေ) စစ်ယာဉ်တန်းကို စစ်ကောင်စီတပ်လေကြောင်း တိုက်ခိုက်မှုရှိသော်လည်း ၄၀၀ ခန့် သေဆုံးကြောင်း သတင်းမီဒီယာများ၌ ဖော်ပြထားခြင်းမရှိပေ။
အာရက္ခတပ်တော်(အေအေ)၏ ထုတ်ပြန်ချက်တွင်လည်း စခန်းသိမ်းတိုက်ပွဲများအကြောင်း ဖော်ပြထားပြီး ယာဉ်တန်း တိုက်ခိုက်ခံရမှုကို ဖော်ပြထားခြင်း မရှိပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “အမ်းမြို့ကို တိုက်ခိုက်ရန် တက်လာသော အင်အား ၄၀၀ ရှိ အာရက္ခတပ်တော် ယာဉ်တန်း လေကြောင်းတိုက်ခိုက်ခံရပြီး အားလုံးသေဆုံး” ဆိုသောအကြောင်းအရာ သည် သတင်းအမှားဖြစ်သည်။
အထက်ပါ စစ်ဆေးတွေ့ရှိချက်များသည် အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။