By Haythar / MPA
ရခိုင်ပြည်နယ် သံတွဲ-ဂွလမ်းပေါ်ရှိ ကျိန္တလီချောင်းပေါ် ဖြတ်ထိုးထားသော ကုလားပြင်(ရတနာမြိုင်)တံတား ကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးပြီးနောက် အေအေအဖွဲ့က မိုင်းခွဲဖျက်ဆီးဟု စစ်ကောင်စီဝါဒဖြန့်တယ် လီဂရမ်ချန်နယ်များက အောက်တိုဘာ ၈ ရက်တွင် သတင်းအမှား ဖြန့်ဝေခဲ့သည်။
Subscriber ၅၈,၀၀၀ ကျော်ရှိသည့် Ka Ka Han တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၈ ရက် မွန်းလွဲ ပိုင်းတွင် “ရခိုင်ပြည်နယ်အတွင်းရှိ ဂွမြိုနှင့် ကျိန္တလီမြိုကို ဆက်သွယ်ထားသည့် ကုလားပြင်ရွာထိပ်က တံတားအား အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲမှ မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း သိရပါတယ်” ( မူရင်း ရေးသားချက်အတိုင်း) ဟု တံတားပျက်စီးနေသည့် ဓာတ်ပုံ အသုံးပြု၍ ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းအထိ ကြည့်ရှုသူ ၇၆၀၀ ကျော်၊ Like and react ပေးသူ ၁၃၀ ကျော်ရှိပြီး အခြားချန်နယ်များစွာက ကူးယူဖော်ပြထားသည်။
သတင်းအမှားလင့်ခ်များ
Ka Ka Han – https://archive.ph/p8SyN
Snow Queen – https://archive.ph/jQ81x
Ye yint htet – https://archive.ph/nZ1Bd
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Ka Ka Han တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေထားသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ ဧရာဝတီသတင်းဌာနက သတင်းဓာတ်ပုံနှင့် ထပ်တူညီနေသည်။
ဧရာဝတီသတင်းမီဒီယာ၌ စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့သော ကျိန္တလီတံတားဟု ရေးသားဖော်ပြ ထားသည်။
ဧရာဝတီသတင်းလင့်ခ် – https://shorturl.at/wKbc5
Google တွင် “ကျိန္တလီတံတား” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ ဧရာဝတီ ၊ MPA၊ Western News ၊ Development Media Group သတင်းမီဒီယာများ၌ သတင်းရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာများတွင် ရခိုင်ပြည်နယ် ဂွမြို့နှင့် ကျိန္တလီမြို့ကြားရှိ ကုလားပြင်(ရတနာမြိုင်)တံတားကို စစ် ကောင်စီတပ်က အောက်တိုဘာ ၇ ရက်တွင် မိုင်းခွဲဖျက်ဆီးခဲ့သည့်အတွက် ဒေသခံများသွားလာရေးခက် ခဲ နေသည်” ဟု ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
ဧရာဝတီ – https://shorturl.at/IXKmV
MPA – https://shorturl.at/FqCUo
Western News – https://shorturl.at/e5zVV
DMG – https://shorturl.at/9239A
သုံးသပ်ချက်
သတင်းအမှား နှင့်အတူ ဖြန့်ဝေထားသော တံတားကျိုးနေသော ဓာတ်ပုံ စစ်ဆေးမှုနှင့် သတင်းမီဒီယာများက သတင်းဖော်ပြမှုအရ ရခိုင်ပြည်နယ် ဂွမြို့နှင့် ကျိန္တလီမြို့ကြားရှိ ကုလားပြင်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဂွမြို့နှင့် ကျိန္တလီမြို့ကြားရှိ ကုလားပြင်တံတားကို အေအေ မိုင်းခွဲဖျက်ဆီးဆိုသည့်အကြောင်းအ ရာသည် သတင်းအမှားဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းအထိ ရရှိထား သော အချက်အလက်များပေါ် မူတည်၍ စစ်ဆေးထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အ လက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။