By Wadi / MPA
စစ်ကိုင်းတိုင်း မြင်းခြံမြို့ ကျောက်ကန်ရွာရှိ ပျူစောထီးစခန်းကို လာရောက်တိုက်ခိုက်သော PDF များအား မြင်းခြံပြည်သူ့စစ်အဖွဲ့များက သုတ်သင်နိုင်ခဲ့ဟုဆိုသည့် သတင်းအမှား အောက်တိုဘာ ၇ ရက် နှင့် ၈ ရက် တို့တွင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“People Media” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၇ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် မြင်းခြံမြို့ ကျောက်တန်း ပြည်သူ့စစ်ရွာရှိ လုံခြုံရေးစခန်းကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက လာရောက်တိုက်ခိုက်သည်ကို ဒေါ်သီတာယုမွန်ဦးဆောင်သည့် မြင်းခြံပြည်သူ့စစ်အဖွဲ့များက ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းတစ်စင်းကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်” ဟု ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကြောင်းအရာကို အောက်တိုဘာ ၉ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၃,၀၀၀ ကျော်၊ Reaction ပေးသူ ၁,၃၀၀ ကျော်ရှိပြီး မှတ်ချက်ရေးသားသူ ၄၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/jJfmk
People Media ၏ ဖြန့်ဝေမှုကို “ကာနယ်ချစ်ကောင်း၊ Snow Queen ၊ တိုက်ပွဲသတင်းစုံ” တယ်လီဂရမ် ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
ကာနယ်ချစ်ကောင်း – https://archive.ph/UDP9u
Snow Queen – https://archive.ph/FgSAl
တိုက်ပွဲသတင်းစုံ – https://archive.ph/Q9A6R
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ မြင်းခြံ ကျောက်ကန်ရွာ တိုက်ပွဲ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “MPA, DVB, လူထုခေတ်” သတင်းမီ ဒီယာများ၌ သတင်း ရေးသားထားသည်။
သတင်းမီဒီယာများတွင် မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ကန်ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက အောက်တိုဘာ ၇ ရက် နံနက် ၅ နာရီခွဲခန့်၌ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်အုပ်စုဝင် ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
MPA – https://shorturl.at/E5aVu
DVB – https://shorturl.at/Zlx0J
လူထုခေတ် – https://shorturl.at/mmpYk
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မြင်းခြံမြို့၊ ကျောက်ကန်ပျူစောထီးရွာကို အောက်တိုဘာ ၇ ရက်တွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်အုပ်စုဝင် ခုနှစ်ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း ရေးသားထားသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ကျောက်ကန်ရွာ တိုက်ပွဲတွင် မြင်းခြံပြည်သူ့စစ်များက PDF များကို သုတ်သင်နိုင်ခဲ့” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။