By Fact Check Team / MPA
ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။ MPA၏ သတင်းအချက်အလက်စစ်ဆေးသူများက ပျံ့နှံ့နေသော သတင်းအကြောင်း အရာများကို လေ့လာစောင့်ကြည့်၍ သတင်းအတု၊ သတင်းအမှားများဖြစ်ကြောင်း သက်သေပြစိစစ်ထား သော Fact Check သတင်းများ ရေးသားဖော်ပြပေးလျက်ရှိသည်။
MPA သည် Myanmar Fact-Checking Network(MFCN) အဖွဲ့ဝင် မီဒီယာတစ်ခုဖြစ်ပြီး တခြားသော အဖွဲ့ဝင် မီဒီယာများနှင့်အတူ ပူးပေါင်း၍ သတင်းအမှားများကို အချက်အလက်စစ်ဆေး၍ သတင်းများ ရေးသားနေသည်။
အောက်တိုဘာ ၁ရက်မှ ၇ရက်အတွင်း သတင်းအတု၊ သတင်းအမှားဖြစ်ကြောင်း အချက်အလက် စစ်ဆေး ခဲ့သည့် Fact Check News များကို စာဖတ်သူများ တစုတစည်းတည်း ဖတ်ရှုနိုင်ရန် ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါသည်။
အောက်တိုဘာ ၁ရက် – ပင်းတဲရွာ ဗုံးကြဲခံရမှုကို PDF များ ခိုအောင်းရာနေရာဟု တံဆိပ်ကပ်၍ စစ်တပ် ထောက်ခံသူများ သတင်းအမှားဖြန့်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပင်းတဲရွာတွင် PDF ၁၀၀ ခန့် ခိုအောင်းနေကြောင်း သတင်းပို့မှုကြောင့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းဆိုသည့် သတင်းအမှား စက်တင်ဘာ ၂၉ ရက်တွင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
Google တွင် “ ကန့်ဘလူမြို့ လေကြောင်း ဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “Mandalay Free Press, The Irrawaddy, The 74 Media” တို့၌ သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ် မဟုတ် သည့် နေရာများကို စစ်ကောင်စီက သုံးရက်ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ ကြောင်း၊ စက်တင်ဘာ ၂၉ ရက်တွင် ပင်းတဲရွာနှင့် မကျီးကုန်းရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းဆောင်နှင့် လူနေအိမ် လေးလုံး ပျက်စီးခဲ့ကြောင်း ရေးသားထားသည်။
ပင်းတဲရွာနှင့် မကျီးကုန်းရွာကို စစ်ကောင်စီနှင့် ပျူစောထီးများက မကြာခဏ စစ်ကြောင်းထိုးသဖြင့် ရွာသားများသည် ရွာတွင်နေထိုင်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ဗုံးကြဲခံရမှုကြောင့် လူသေဆုံးမှု မရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ ပင်းတဲရွာတွင် PDF ၁၀၀ ခန့် ခိုအောင်းနေသည်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် – https://www.facebook.com/mmpressphoto/posts/pfbid0bwijvLQ9wYnQnMicrvr8R32dPLzcQMKCVbCgYe4uZpJsUM1QJVBkj8D6UkUHA6nRl
အောက်တိုဘာ ၂ရက် – ကောလင်းတွင် ပြည်သူများကို စစ်တပ်ဗုံးကြဲ၊ KIA နှင့် NUG ဌာနချုပ်ဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ဥက္ကံကျေးရွာအရှေ့ဖက် အိုင်ကြီးလမ်းခွဲအနီးရှိ ပြည်သူများနေထိုင်ရာ နေရာပေါ်သို့ စစ်ကောင်စီတပ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ထောက်ခံသူများက KIAနှင့် NUG ဌာနချုပ်ဟူ၍ အောက်တိုဘာ ၁ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား ဖြန့်ဝေခဲ့ကြ သည်။
ဖြန့်ဝေထားသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ မြေလတ်အသံ သတင်းမီဒီယာ၌ ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
Google တွင် “ကောလင်းမြို့နယ် စစ်တပ် ဗုံးကြဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ DVB,Kachin Waves , Western News သတင်းမီဒီယာတို့က သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ကောလင်းမြိုနယ် ဥက္ကံရွာအနီးသို့ စစ်ကောင်စီတပ်က စက်တင်ဘာ ၃၀ ရက် မွန်း တည့် ၁၁နာရီ ၅၀ခန့်တွင် ဗုံးလေးလုံး ကြဲချခဲ့တာကြောင့် ကားဝပ်ရှော့တစ်ခုကို ထိမှန်ခဲ့ပြီး ပြည်သူ ခုနှစ် ဦး သေဆုံးခဲ့သည်ဟု ရေးသားဖော်ပြထားကြသည်။
စစ်ကောင်စီတပ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သော နေရာသည် KIA နှင့် PDF ဌာနချုပ်မဟုတ်ဘဲ အရပ်သား ပြည်သူများနေထိုင်ရာ နေရာဖြစ်သည်။
ထို့ကြောင့် ကောလင်းမြို့နယ် ဥက္ကံကျေးရွာရှိ KIA နှင့် NUG ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်း က ဗုံးကြဲခဲ့ဟုဆိုသည့် အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
သတင်းအပြည့်အစုံ – https://www.facebook.com/share/p/hodta9RVNtTHYiHi/
အောက်တိုဘာ ၄ရက် – တောင်ကုတ် ခေါင်းလောင်းတူရွာကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အေအေ ၄၀ ကျော်သေဆုံးဆိုသည့် သတင်းအမှား
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂ ရက်က လေကြောင်းကတဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးထိခိုက အေအေ ၄၀ ကျော် သေဆုံး၍ ၃၀ ကျော် ထိခိုက်ဒဏ်ရာရ ဟူ၍ တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှားများ ဖြန့်ဝေခဲ့သည်။
Google တွင် တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူရွာကို စစ်ကောင်စီတပ်ဗုံးကြဲဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ BBC, Narinjara, Development Media Group သတင်းမီဒီယာတို့ကရေး သားဖော်ပြ ထားသည်။
သတင်းမီဒီယာများတွင် တောင်ကုတ်မြို့နယ် ခေါင်းလောင်းတူရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂ရက် ညပိုင်း၌ လေကြောင်းက ဗုံးနှစ်လုံးကြဲချခဲ့သဖြင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေး သားဖော်ပြထားကြသည်။
ထို့ကြောင့် တောင်ကုတ်မြို့နယ် အေအေယာယီစစ်သင်တန်းပေးရာနေရာကို ဗုံးကြဲမှုကြောင့် အေအေ ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရ ဆိုသည့်အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
သတင်းအပြည့်အစုံ – https://www.facebook.com/story.php?story_fbid=1096895918466462&id=100044381921069&rdid=jCgh81LZwvsvacNp
အောက်တိုဘာ ၅ရက် – ဖယ်ခုံ လအိကျေးရွာက ဘုရားဆင်းတုတော်တွေကို KNDF , KPP နဲ့ PDF တွေ ဖျက်ဆီးဆိုပြီး စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်
ဖယ်ခုံမြို့၊ လအိကျေးရွာရှိ ဘုရားဆင်းတုတော်များကို KNDF , KPP နဲ့ PDF များ ခေါင်းဖြတ် ဖျက်ဆီးခဲ့ ဟုဆိုသည့် သတင်းအမှား အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့ နှံ့ ခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နေသော ဗုဒ္ဓဆင်းတုတော် ဦးခေါင်းပြတ်နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေရာ အောက်တိုဘာ ၄ရက် DVB သတင်းဌာန၏ သတင်းအစီအစဉ်၌ ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Googleတွင် “ ဖယ်ခုံ လအိကျေးရွာ ဆင်းတုတော်များ” ဆိုသည့် စာသားဖြင့် ရှာကြည့်ရာ “သျှမ်းသံတော်ဆင့်၊ DVB , Mizzima, Tachileik News, Mekong News” စသည့် သတင်းများ၌ သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ဖယ်ခုံမြို့၊ လအိကျေးရွာ တောင်ပေါ်၌ တည်ထားသော စေတီတစ်ဆူရှိ ဘုရားဆင်းတုတော်များ ဖျက်ဆီးခံခဲ့ရကြောင်း၊ ဆင်းတုတော် ၇ဆူထက်မနည်း ဦးခေါင်းဖြတ်ခံထားရ ကြောင်း၊ မည်သူက မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့မှုအား မသိရှိရသေးကြောင်း၊ အဆိုပါ ဖြစ်ရပ်အတွက် ကျူးလွန်သူများကို ဥပဒေအရ အရေးယူမည်ဟု KNDF က သတိပေးထုတ်ပြန်ထား သည်။
ဒါကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များတွင် ပျံ့နှံ့နေသော လအိကျေးရွာရှိ ဘုရားဆင်းတုတော် များကို KNDF, KPP နှင့် PDF များ ဖျက်ဆီးဟုဆိုသည့် အကြောင်းအရာသည် သတင်းအမှားသည်။
သတင်းအပြည့်အစုံ – https://www.facebook.com/watch/?v=1374741423499641
အောက်တိုဘာ ၅ရက် – လားရှိုးကို စစ်ကောင်စီတပ် ဗုံးကြဲပြီးနောက် ကိုးကန့်တပ်ဖွဲ့ဝင် ၁၀၀ခန့်သေဆုံးဆိုသည့် သတင်းအမှား
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကဗုံးကြဲပြီးနောက် ပြည်သူတစ် ဦး ထိခိုက်ဒဏ်ရာရမှုကို ကိုးကန့်တပ်ဖွဲ့ဝင်များ ၁၀၀ ခန့် သေဆုံးဟုဆိုသည့် သတင်းအမှား အောက်တိုဘာ ၄ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
ဖြန့်ဝေထားသော ရုပ်သံဖိုင်ကို InVID video verification tools အသုံးပြု၍ ရလာသည့် keyframe ကို Google Reverse Image search အသုံးပြုရှာဖွေကြည့်ရာ Myanmar Pressphoto Agency (MPA) က ဖော်ပြထားသည့် ဓာတ်ပုံများနှင့်ထပ်တူညီနေသည်။
MPA တွင် လားရှိုးမြို့ကို စစ်ကောင်စီတပ်ကလေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦး ပုံများဖြစ်ကြောင်း ရေးသားထားသည်။
Google တွင် “လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ RFA, MPA နှင့် ရွှေဖီမြေသတင်းမီဒီယာတို့၌ သတင်းရေးသားထားသည်။
သတင်းမီဒီယာများတွင် “ လားရှိုးမြို့ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၄ ရက် မနက်ပိုင်းတွင် လေ ကြောင်းက ဗုံး ၄ ကြိမ်ကျဲချခဲ့ရာ ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး လားရှိုးမြို့ရှိ ကွမ်ရင်တရုတ်ဘုံ ကျောင်းနှင့် အမှတ် ၅ ရပ်ကွက်ရှိနေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ရေးသားဖော်ပြထားကြသည်။
ထို့ကြောင့် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲမှုကြောင့် ကိုးကန့်တပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
သတင်းအပြည့်အစုံ – https://www.facebook.com/story.php?story_fbid=1097521311737256&id=100044381921069&rdid=kpo1u7eLEidgltU7
အောက်တိုဘာ ၇ရက် – ဘုတလင်မြို့တိုက်ပွဲတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများအားလုံး အသတ်ခံရဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင် ဘုတလင်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်းများ အားလုံး အသတ်ခံလိုက်ရပြီဆိုသည့် သတင်းအမှား ၂၀၂၄ အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသာ သတင်းဓာတ်ပုံများနှင့်ပတ်သက်၍ Google Reverse Image Search ဖြင့် ရှာဖွေကြည့်သည့်အခါ MFP နဲ့ People’s Springတို့၌ တင်ထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
Google တွင် “ဘုတလင် စစ်အုပ်စုအလောင်း ၃၀ ကျော်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်သည့်အခါ “RFA, Mizzima, MPA, MFP” နှင့် အခြားမီဒီယာများ၌ သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် စက်တင်ဘာ ၃၀ ရက်က ဘုတလင်မြို့နယ် ကူတော်ရွာတွင် ရှိသည့် စစ်ကောင်စီအ ခြေချစခန်းမှ ထွက်ခွာလာသည့် စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး၊ သုံ့ပန်း ၄၀ ကျော် နှင့် လက်နက်ခဲ ယမ်းများသိမ်းယူနိုင်ခဲ့ကြောင်း၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်က လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဖမ်းမိထားသည့်စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ တိုက်ပွဲအတွင်းသေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များ ၏ ရုပ်အလောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သင်္ဂြိုဟ်ပေးခဲ့ကြောင်း ရေးသားထားသည်။
ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများကို သတ်ပစ်ဟူ၍ သတင်းမီဒီယာများတွင် ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော “ ဘုတလင် တိုက်ပွဲအတွင်း ဖမ်းမိထားသော စစ်သုံ့ပန်းအားလုံးကို သတ်ပစ်လိုက်ပြီ” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
သတင်းအပြည့်အစုံ – https://fb.watch/v3tCyUPHAV/
အောက်တိုဘာ ၇ရက် – လားရှိုးမြို့ကို စစ်ကောင်စီပြန်သိမ်းရန် PDF များ ထောက်ခံဟု စစ်တပ်ဝါဒဖြန့်သူများ သတင်းအမှားဖြန့်
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူမည့်ကိစ္စအပေါ် PDF များက ထောက်ခံနေဟုဆိုသည့် သတင်းအမှား အောက်တိုဘာ ၅ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။
Google တွင် “လားရှိုးမြို့ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ရေး” ဆိုသည့် စကားလုံဖြင့် ရှာဖွေကြည့်ရာ “RFA” နှင့် “DMG” မီဒီယာ တို့တွင် သတင်း ရေးသားထားသည်။
သတင်းမီဒီယာများတွင် ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး မြေပြင်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောကြားကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများကို စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှုလုပ်ခြင်းသည် တိုင်းပြည်ကို မငြိမ်းချမ်းစေလိုသော သဘောဖြစ်ကြောင်း ရေးသားထား သည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ လားရှိုးကို စစ်ကောင်စီ ပြန်လည်သိမ်းမည့်ကိစ္စ PDF များ ထောက်ခံနေ” ဆိုသည့် အကြောင်းအရာသည် ဝါဒဖြန့်ချိထားသော သတင်းအမှားသည်။
သတင်းအပြည့်အစုံ – https://www.facebook.com/mmpressphoto/posts/pfbid02dSKqdZhdwhbc1uaeUUd5h98yHYzb1ZF5WSykvFm4LvFC4QGGAre2n74hKnuYCLHHl
အောက်တိုဘာ ၇ရက် – လားရှိုးမြို့ကို MNDAA အဖွဲ့ ဖုန်းလိုင်းပိတ်ပြီး သုံးရက်အတွင်း ပြည်သူ ၃၀ ခန့် အသတ်ခံရဟုဆိုသည့် သတင်းအမှား
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြို့ကို MNDAA အဖွဲ့က ဖုန်းလိုင်းပိတ်ပြီး ၃ ရက်အတွင်း ပြည်သူ ၃၀ ခန့် အသတ်ခံထားရဟုဆိုသည့် သတင်းအမှား အောက်တိုဘာ ၄ရက်တွင် တစ်တော့ခ်အကောင့်များ၌ ပျံ့နှံ့ခဲ့ သည်။
တစ်တော့ခ်၌ ပျံ့နှံ့နေသည့် အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “လားရှိုးမြို့ ဖုန်းလိုင်းပိတ်ခံရ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ RFA,BBC,DVB သတင်းမီဒီယာတို့က ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းရန်ကာကွယ်ရန်အတွက် စတားလင့်ခ် အင်တာနက်များကို MNDAA အဖွဲ့က အောက်တိုဘာ ၅ ရက်မှ စတင် ဖြတ်တောက်ထားပြီး ဖုန်း ဆက်သွယ်ရေးလိုင်းများ ပြတ်နေရသည့် အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်း ရေးသား ဖော်ပြ ထားသည်။
ထို့ကြောင့် လားရှိုးမြို့တွင် ဖုန်းလိုင်းပိတ်ပြီး သုံးရက်အတွင်း ဗမာလူမျိုးအများစု အပါအဝင် ပြည်သူ ၃၀ ကို MNDAA တပ်ဖွဲ့က ပစ်သတ်ဟုဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
သတင်းအပြည့်အစုံ- https://www.facebook.com/mmpressphoto/posts/pfbid02BoRvBUdC2xwJsbDXUbsC6bxEbTAmMtb1iYudEodJnhy887c9CAzyR2FiNogrPL8cl
ဖော်ပြပါ သတင်းအတု၊ သတင်းအမှားအကြောင်းအရာ ရှစ်ပုဒ်ကို MPA Fact Check Team က အောက် တိုဘာ ပထမပတ်အတွင်း အချက်အလက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
Facebook, Tiktok, Youtube,Telegram, X(Twitter), Instagram နှင့် တခြားသော ပလက်ဖောင်းများတွင် သတင်းအမှန်များနှင့် သတင်းအတု၊ သတင်းအမှားများ ရောထွေးပျံ့နှံ့လျက်ရှိသည်။
ဆိုရှယ်မီဒီယာများပေါ်တွင် တွေ့၊ မြင်၊ ကြား၊ သိ နေရသော သတင်းအကြောင်းအရာများကို အလျင်စလို ယုံကြည်လက်ခံခြင်း၊ ပြန်လည်မျှဝေခြင်းများ မပြုလုပ်ရန် တိုက်တွန်းချင်ပါသည်။
ကျင့်ဝတ်လိုက်နာ၍ သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့်အတည်ပြု ရေးသားဖော်ပြနေသော သတင်းဌာနများ၏ သတင်းများကို ဖတ်ရှုရန် အကြံပြုလိုပါသည်။
သတင်းအကြောင်းအရာ၌ ပါဝင်သော စာသား၊ ဓာတ်ပုံ၊ ဗီဒီယို စသည့်တို့ကို Google တွင် ရှာဖွေ၍ သတင်းအမှန် ဟုတ်/မဟုတ် အတည်ပြု စစ်ဆေးကြည့်ရှုနိုင်သည်။
မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် သတင်းအမှားများကို အချက်အလက်စစ်ဆေးရေးသား နေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါ သည်။
MPA ဖေ့ဘွတ်ခ်လင့်ခ် https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။