By Haythar / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိးမြို့ကို MNDAA အဖွဲ့က ဖုန်းလိုင်းပိတ်ပြီး ၃ ရက်အတွင်း ပြည်သူ ၃၀ ခန့် အသတ်ခံထားရဟုဆိုသည့် သတင်းအမှား အောက်တိုဘာ ၄ရက်တွင် တစ်တော့ခ်အကောင့်များ၌ ပျံ့နှံ့ခဲ့ သည်။
တစ်တော့ခ်တွင် Follower ၁၈၀၀ ကျော်ရှိသည့် some lwin aung တစ်တော့ခ်အကောင့်က အောက်တို ဘာ ၄ ရက်မွန်းလွဲပိုင်း၌ “ အောက်တိုဘာ ၁ ရက်မှ ၃ ရက်အတွင်း လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က ဖုန်း လိုင်းပိတ်ပြီး ပြည်သူ ၃၀ ခန့်ကို ပစ်သတ်ထားပြီး သတ်ခံရသူများတွင် ဗမာလူမျိုးအများဆုံးပါဝင်” ဟု ရေး သားဖြန့်ဝေထားသည်။
Some lwin aung တစ်တော့ခ်အကောင့်၏ ဖြန့်ဝေမှုကို အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၂၁,၀၀၀ ကျော်၊ Reaction ပေးသူ ၇၀၀ ကျော် နှင့် မှတ်ချက်ပြုရေးသားသူ ၄၀ ရှိပြီး အခြားအကောင့် ၉၀ ကျော်က ဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ် – https://archive.ph/uhMur
တစ်တော့ခ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တစ်တော့ခ်၌ ပျံ့နှံ့နေသည့် အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “လားရှိုးမြို့ ဖုန်းလိုင်းပိတ်ခံရ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ RFA,BBC,DVB သတင်းမီဒီယာတို့က ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းရန်ကာကွယ်ရန်အတွက် စတားလင့်ခ် အင်တာနက်များကို MNDAA အဖွဲ့က အောက်တိုဘာ ၅ ရက်မှ စတင် ဖြတ်တောက်ထားပြီး ဖုန်း ဆက်သွယ်ရေးလိုင်းများ ပြတ်နေရသည့် အကြောင်းအရင်းကို အတည်မပြုနိုင်သေးကြောင်း ရေးသား ဖော်ပြ ထားသည်။
သတင်းမီဒီယာလင့်ခ်များ
BBC – https://shorturl.at/GeIdd
RFA – https://shorturl.at/TNeF6
DVB – https://shorturl.at/SUIjJ
လားရှိုးမြို့အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေသော်လည်း စိုးရိမ်စရာမရှိကြောင်း MNDAA က အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့အတူ လားရှိုးမြို့အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နေသည့် Freedom Youth Volunteer အဖွဲ့ကလည်း မြို့တွင်း ပစ်ခတ်မှုမရှိကြောင်း ရေးသားဖော်ပြထားသည်။
Freedom Youth Volunteer https://shorturl.at/Mr4Cu
သုံးသပ်ချက်
လားရှိုးမြို့အတွင်း စတားလင့်အင်တာနက်များ ၊ ဖုန်းလိုင်းများ ပြတ်တောက်မှု မှန်ကန်သော်လည်း မြို့တွင်း ပစ်ခတ်မှုမရှိကြောင်းနှင့် စစ်ကောင်စီတပ်၏ လေကြောင်းရန်က ကာကွယ်နိုင်ရန် စတားလင့်ခ် အင်တာနက် များ ဖြတ်တောက်ထားခြင်းဖြစ်သည်။
ထို့ကြောင့် လားရှိုးမြို့တွင် ဖုန်းလိုင်းပိတ်ပြီး သုံးရက်အတွင်း ဗမာလူမျိုးအများစု အပါအဝင် ပြည်သူ ၃၀ ကို MNDAA တပ်ဖွဲ့က ပစ်သတ်ဟုဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများသည် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းအထိ ရရှိထား သော အချက်အလက်များပေါ် မူတည်၍ စစ်ဆေးထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်သည်။