By Wadi / MPA
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူမည့်ကိစ္စအပေါ် PDF များက ထောက်ခံနေဟုဆိုသည့် သတင်းအမှား အောက်တိုဘာ ၅ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“သတင်းတမန်” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် လားရှိုးမြို့ကို စစ် ကောင်စီပြန်လည်သိမ်းယူမည့်အပေါ် PDF များက ထောက်ခံနေကြောင်း၊ PDF များအနေဖြင့် တိုင်းရင်း သားအဖွဲ့များ နောက်လိုက်သာ ဖြစ်နေရပြီး လက်ရှိသိမ်းပိုက်ထားသည့်မြို့များကို ကိုယ်တိုင်မအုပ်ချုပ်ရ သဖြင့် မကျေနပ်မှုများ ဖြစ်နေကြောင်း၊ လားရှိုးဖြစ်စဉ်သည် PDF များကို အမြင်မှန်ရစေခဲ့ကြောင်း စသည့် ဝါဒဖြန့်ဝေထားသော အကြောင်းအရာများ ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကြောင်းအရာကို အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၇,၀၀၀ကျော်၊ Reaction ပေးသူ ၁၀၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/H0Yr2
သတင်းတမန် တယ်လီဂရမ်ချန်နယ်၏ ဖြန့်ဝေမှုကို “Ko Thet, BAK24News, Min Chit Oo” တယ်လီ ဂရမ်ချန်နယ်များအပြင် အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော် ပြခဲ့သဖြင့် ပျံ့နှံ့ မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Ko Thet – https://archive.ph/DcRO2
BAK24News – https://archive.ph/mXJul
Min Chit Oo – https://archive.ph/QLHWt
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact -Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “လားရှိုးမြို့ စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ရေး” ဆိုသည့် စကားလုံဖြင့် ရှာဖွေကြည့်ရာ “RFA” နှင့် “DMG” မီဒီယာ တို့တွင် သတင်း ရေးသားထားသည်။
အောက်တိုဘာ ၁ ရက် RFA တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်သိမ်းပိုက် ရယူရန် မဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က ပြောကြားကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများကို စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှုလုပ်ခြင်းသည် တိုင်းပြည်ကို မငြိမ်းချမ်းစေလိုသော သဘောဖြစ်ကြောင်း၊ မိုင်းရယ်မြို့ နယ်တွင် ရမခတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ဖွဲ့စည်းထားသော်လည်း လားရှိုးကို ပြန်လည်တိုက်ယူရန် မလွယ်ကူနိုင်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောကြားကြောင်း သတင်းထဲ၌ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/pcjeq
အောက်တိုဘာ ၅ ရက် DMG တွင် ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး မြေပြင်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောကြောင်း၊ မကြာမီတွင် MNDAA နှင့် စစ်ကောင်စီအကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနိုင်ကြောင်း၊ လားရှိုးမြို့အား စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်နေခြင်းသည် စစ်ခေါင်းဆောင်၏မိုက်မဲမှုသာဖြစ်ကြောင်း သတင်းရေးသား ဖော်ပြထား သည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/U0o3M
ကိုးကန့်သတင်းကွန်ရက်ဖေ့ဘွတ်၌ စစ်ကောင်စီက လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ် မဟုတ်သော လူနေအိမ် များအပေါ် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးများကြဲချခြင်းသည် နိုင်ငံတကာက တားမြစ်ထားသော စစ်ရာဇ ဝတ်မှုကို ရဲရဲတင်းတင်းကျူးလွန်နေခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://shorturl.at/xeNYJ
သုံးသပ်ချက်
သတင်းမီဒီယာများတွင် လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူရေး ကြိုးပမ်းမှုသည် ဖြစ်လာ နိုင် စရာ မရှိကြောင်း၊ လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းသည် စစ်ခေါင်းဆောင်၏ မိုက်မဲမှုသာဖြစ်ကြောင်း NUG နှင့် စစ်ရေး၊ နိုင်ငံရေးလေ့လာသူသပ်များ၏ သုံးသပ်ချက်များကို ဖော်ပြ ထားသည်။
လားရှိုးကို စစ်ကောင်စီ ပြန်လည်သိမ်းယူမည့်အပေါ် PDF များက ထောက်ခံနေသည်ဟု သတင်းမီဒီယာများ ၌ ဖော်ပြထားခြင်းမရှိပေ။ တော်လှန်ရေးတပ်ဖွဲ့များ၏ တရားဝင်ဖေ့ဘွတ်ခ်များတွင်လည်း ထောက်ခံ ကြောင်း ရေးသားဖော်ပြထားမှုမရှိပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ လားရှိုးကို စစ်ကောင်စီ ပြန်လည်သိမ်းမည့်ကိစ္စ PDF များ ထောက်ခံနေ” ဆိုသည့် အကြောင်းအရာသည် ဝါဒဖြန့်ချိထားသော သတင်းအမှားသည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းအထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။