By Haythar/MPA
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ရွာဟောင်း) ရွာတွင် စစ်ကောင်စီတပ်က ပြည်သူများကို ပစ် သတ်၍ KIA PDF က ပစ်သတ်ဟု သတင်းအမှားများ စက်တင်ဘာ ၁၅ရက်တွင် တယ်လီဂရမ်ချန်နယ်များ ၌ ပျံ့နှံ့ခဲ့သည်။
Subscriber ၇၀၀ ကျော်ရှိသည့် Nwaymaung New တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် “ဆိုင်းတောင် ဖားပြင်လမ်းအိမ်တွေကို ပြန်ဝင်တဲ့ပြည်သူတွေကို KIA-PDFတွေက ဝင်လာ တဲ့သူ မှန်သမျှပစ်သတ်နေတယ်လို သိရပါတယ်။ အလောင်းဝင်ကောက်တဲ့သူတွေကိုလည်း ပစ်ခတ်နေမူ ကြောင့် အလောင်းဝင်ကောက်လို မရဘူးလို သိရပါတယ်ဆိုင်းတောင် KTVဖြစ်စဉ်တွင် PDFများကို ချကျွေးမူကြောင့် KIAနှင့်PDFများ ပြသနာတက်နေကာ ရက်ကွက်၄မှာ ပစ်ခတ်မူတစ်ချိုဖြစ်ခဲ့တယ်လို သိရပါတယ်”ဟု ( မူရင်းရေးသားချက်အတိုင်း) ပြည်သူများ လဲကျသေဆုံးနေသည့် ဓာတ်ပုံ အသုံးပြု၍ ဖြန့်ဝေထားသည်။
Nwaymaung New တယ်လီဂရမ်ချန်နယ်၏ ဖြန့်ဝေမှုကို စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁နာရီအထိ ကြည့် ရှုသူ ၁၄၀၀၀ ကျော်ရှိသည်။
မူရင်းသတင်းအမှားလင့်ခ်ဖြန့်ဝေထားသောလင့်ခ် – https://archive.ph/HnuUE
အဆိုပါအကြောင်းအရာကို Subscriber အရေအတွက် များစွာရှိသော Snow Queen, Ye Yint Htet, အဖိုးလေး, မဟူရာမြွေဟောက် နှင့် အခြား တယ်လီဂရမ်ချန်နယ်များက ကူးယူဖြန့်ဝေထားသဖြင့် ပျံ့နှံ့မှု များနေသည်။
သတင်းအမှားဖြန့်ဝေထားသောလင့်ခ်များ
Snow Queen – https://archive.ph/JT1N
Ye yint htet (#yyh) – https://archive.ph/RDRKR
မဟူရာ မြွေဟောက် – https://shorturl.at/BUQwm
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည့် ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေရာ ထပ်တူညီသော ဓာတ်ပုံ မတွေ့ရပေ။.
Google တွင် “ဆိုင်းတောင်ရွာတွင် ပြည်သူများ သတ်ခံရ” ဆိုသည့် ” စာသားဖြင့် ရှာဖွေကြည့်ရာ BBC , Kachin News Group နှင့် BNI သတင်းမီဒီယာတို့တွင် ဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “ဆိုင်းတောင်ရှိ lucky man ဟိုတယ်ကို ဝင်စီးနင်းတဲ့ စစ်ကောင်စီတပ်က အရပ် သားတစ်ချို့နဲ့ KIA အဖွဲ့ဝင်တွေကို ဖမ်းဆီးပြီးနောက် ဟိုတယ်ထဲမှာ ၇ဦးကို ပစ်သတ်ခဲ့သည်” ဟုရေးသား ဖော်ပြထားသည်။
ထို့အပြင် KIA က သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း ပစ်သတ်ခံထားရသူများ တွင် KPDFတပ်ဖွဲ့ဝင်များနှင့် ပြည်သူများပါဝင်ပြီး အလောင်းမကောက်နိုင်သေးကြောင်း BBC သတင်း၌ အင်တာဗျူးဖြေဆိုထားသည်။
သတင်းမီဒီယာ လင့်ခ်များ
BBC – https://shorturl.at/wNwyh
Kachin News Group – https://shorturl.at/MzGhv
BNI – https://shorturl.at/W86tR
သုံးသပ်ချက်
ကချင်ပြည်နယ် ဆိုင်းတောင်ရွာရှိ လက်ကီးမန်းဟိုတယ်အနီး၌ ပြည်သူများ ပစ်သတ်ခံရမှု မှန်ကန်သော်လည်း ပစ်သတ်သူများသည် ဟိုတယ်ကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သော စစ်ကောင်စီတပ်သားများဖြစ်သည်ဟု သတင်းမီဒီယာများ၌ တညီတညွတ်တည်း ဖော်ပြထားသည်။
ထို့အပြင် ဟိုတယ်အနီးသေဆုံးသူများထဲတွင် KPDF များလည်းပါဝင်သည်ဟု ရေးသားဖော်ပြထား ကြသည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော KIA, PDF များက ပြည်သူများကို ပစ်သတ် ဟု ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။