By Haythar /MPA
ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ဆိုင်းတောင် အမှတ် ၄ ရပ်ကွက်ကို စစ်ကောင်စီတပ်က လူငှားမီးရှို့ ခိုင်းပြီး နောက် KIA, PDF က မီးရှို့ဟု ဆိုသည့် သတင်းအမှားများ စက်တင်ဘာ ၁၄ ရက်တွင် ဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
Subscriber ၆၇,၀၀၀ ကျော်ရှိသည့် Snow Queen အမည်ရှိ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းတွင် နေအိမ် မီးလောင်နေသည့် နေရာကို အပေါ်စီးက ရိုက်ထားသည့် ရုပ်သံဖိုင်နှင့်အတူ “ဆိုင်းတောင် အမှတ် ၄ ရပ်ကွက်ကို KIA PDF တွေမီးတင်ရှို့နေကြတယ် လို့သိရပါတယ်” (မူရင်းရေးသား ချက်အတိုင်း) ဟု ရေးသားဖော်ပြထားသည်။
Snow Queen တယ်လီဂရမ်ချန်နယ်ကဖော်ပြချက်ကို စက်တင်ဘာ ၁၆ ရက်ည ၇နာရီအထိ ကြည့်ရှုသူ ၁၃၇၀၀ ကျော်ရှိပြီး like and react လုပ်သူ ၂၀၀ ကျော်ရှိပြီးအပြင် အခြား ချယ်နယ်များစွာကလည်း ကူး ယူဖော်ပြထားသည်။
သတင်းအမှားလင့်ခ်များ
Snow Queen – https://archive.ph/G
Ye Yint Htet(#yyh)- https://archive.ph/5bclJ
ဆင်ဖြူရှင် – https://archive.ph/HadCG
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPAက အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
Snow Queen တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေထားသော ရုပ်သံဖိုင်ကို InVID Video Vertification Tools အသုံးပြု၍ ရလာသည့် keyframe ကို Google Reverse Search ဖြင့်ရှာဖွေကြည့်ရာ Kachin News Group က ဖော်ပြထားသည့်ရုပ်ပုံနှင့်ထပ်တူညီနေသည်။
သတင်းလင့်ခ် https://shorturl.at/Y3tAN
Google တွင် “ဆိုင်းတောင် အမှတ် ၄ရပ်ကွက်မီးလောင်” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ Kachin News Group , The 74 Media , Shwe Phee Myay News သတင်းမီဒီယာတို့၌ သတင်းရေးထား သည်။
သတင်းမီဒီယာများတွင် ဆိုင်းတောင် အမှတ် ၄ရပ်ကွက်ကို စစ်ကောင်စီတပ်က မူးယစ်ဆေး သုံးစွဲသူများ အား ငွေပေး၍ မီးရှို့ခိုင်းခဲ့ကြောင်းနှင့် မီးရှို့နေသည့် မူးယစ်ဆေးသုံးစွဲသူ ဘိန်းစား ဆယ်ယောက်ကျော်ကို KPDF က ဖမ်းဆီးရမိထားကြောင်း ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
Kachin News Group – https://shorturl.at/Y3tAN
The 74 Media – https://shorturl.at/qrU1S
Shwe Phee Myay – https://shorturl.at/Ei4Kg
သုံးသပ်ချက်
စစ်ကောင်စီတပ်က မူးယစ်ဆေးသုံးစွဲသူများအား ငွေပေး၍ ဆိုင်းတောင် အမှတ် ၄ရပ်ကွက်ကို မီးရှို့ ခိုင်းခဲ့သည် ဟု သတင်းမီဒီယာများတွင် ရေးသားဖော်ပြထားပြီး မီးရှို့နေသူများကိုလည်း KPDF က ဖမ်းဆီးရမိထားသည်။
ထို့ကြောင့် ဆိုင်းတောင် အမှတ် ၄ရပ်ကွက်ကို KIA,PDF က မီးရှို့ဟုဆိုသည့် သတင်းအကြောင်းအရာ သည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက် အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်သည်။