By Wadi / MPA
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ အာရက္ခတပ်တော်(အေအေ) ဆေးကုသရေးစင်တာကို စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲခဲ့သဖြင့် တစ်ရက်အတွင်း ၂၀၀ ကျော် သေဆုံးဟုဆိုသည့် သတင်းအမှား စက်တင် ဘာ ၉ ရက်တွင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“Min Chit Oo” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၉ ရက်၊ ညနေ ၄ နာရီ ၄၁ မိနစ်တွင် “ သတင်းပေး တွေသေချာမေးပြီးမှ သမတာကို စစ်သုံးပန်းနဲ့ အကျဉ်းသားဆေးကုသရေးနေရာဆိုပဲ ။ သံတွဲ တောက်ကုတ် နဲ့ ကျောက်ဖြူ ကို စစ်ကူတွေပို့တာ၊ ရိက္ခာဆေးဝါးတွေစုတာနဲ့ ဒဏ်ရာရလူနာတွေကို ခိုးကုနေတာအဲ့ဒီနေရာ တွေမှာ၊ သတင်းပေးထပ်ပြောတာတော့ မနေ့က တစ်ရက်တည်း ၂၀၀ ကျော် အာရက္ခအိမ်မက် မက်သွား တယ်လို့ သိရပြီး အလောင်းတွေကို တစ်ကျင်း ဆယ်ယောက်နှုန်း အမြန်မြုပ်နေတယ်လို့ သိရတယ်” ဟု (မူရင်းရေးသားချက်အတိုင်း ) ဓာတ်ပုံနှင့်တကွ ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
အဆိုပါအကြောင်းအရာကို စက်တင်ဘာ ၁၁ ရက် ညနေ ၄ နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၆၂,၀၀၀ ကျော်၊ Reaction ပေးသူ ၂၄၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/anbFx
အဆိုပါသတင်းအမှားကို “မှိုင်းဝေ၊ Ko Thet ၊ ကိုနှင်းမောင်” တယ်လီဂရမ်များအပြင် အခြားစစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
မှိုင်းဝေ – https://archive.ph/BbETd
Ko Thet – https://archive.ph/3WYkE
ကိုနှင်းမောင် – https://archive.ph/jTCzp
တယ်လီဂရမ်တွင်ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ပုံရိပ်ပြတ်သားမှုမရှိသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာ ဖွေကြည့်ရာ ထပ်တူညီသော ဓာတ်ပုံများမတွေ့ရပေ။ သို့သော် ဓာတ်ပုံတွင် နိရဉ္ဇရာ သတင်းဌာန၏ စာအမှတ်အသား တစ်စွန်းတစ်စ တွေ့ရသည့်အတွက် “နိရဉ္ၑဇရာ” သတင်းမီဒီယာတွင် ရှာဖွေကြည့်ရာ ထပ်တူညီသော ဓာတ်ပုံတွေ့ရသည်။။
စက်တင်ဘာ ၉ ရက် နိရဉ္ဇရာတွင် “ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာအတွင်းရှိ အာရက္ခတပ်တော်(AA) ၏ စစ်သုံ့ပန်းများနှင့် အကျဉ်းသားများ ဆေးကုသရေးစင်တာအား အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက် တာဖြင့် ဗုံးကြဲတိုက်ခိုက်၍ လူပေါင်း ၂၀ ခန့် သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိ သည်” ( မူရင်းရေးသားချက်အတိုင်း ) ဟု ဒဏ်ရာရသေဆုံးသွားသည့်ဓာတ်ပုံများနှင့်တကွ ဖော်ပြထား သည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/OR40a
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “ပေါက်တော လေကြောင်း တိုက်ခိုက်မှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်သည့်အခါ “VOA ၊ People’s Spring ၊ RFA” အပါအဝင် အခြားလွတ်လပ်သောသတင်းမီဒီယာများတွင် ဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာမှာရှိတဲ့ အေအေ၏ စစ်သုံ့ပန်းများနှင့် အကျဉ်းသားဆေးကုသရေးစင်တာကို စက်တင်ဘာ ၈ ရက်တွင် စစ်ကောင်စီက လေ ကြောင်းဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းစစ်ကောင်စီ အရာရှိအချို့၊ ကျန်းမာရေးဝန်ထမ်း နှင့် အရပ်သားဆေးကုသသူများ အပါအဝင် ၁၇ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
VOA – https://shorturl.at/OY2OD
People’s Spring – https://shorturl.at/yzSc2
RFA – https://shorturl.at/IjGSw
အာရက္ခတပ်တော်(အေအေ) ၏ ဝဘ်ဆိုက်စာမျက်နှာတွင် “ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ ပန်းနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသောနေရာကို စကစ မှ ဗုံးကြဲတိုက်ခိုက်မှု ၁၇ ဦးသေဆုံး၊ ၁၀ ဦးဒဏ်ရာရ” (မူရင်းရေးသားချက်အတိုင်း) ဟု သေဆုံးစာရင်းနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အပြည့်အစုံ >>> https://shorturl.at/xck8A
သုံးသပ်ချက်
သတင်းမီဒီယာများနှင့် အေအေ၏ထုတ်ပြန်ချက်အရ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းနှင့် အကျဉ်းသားများ ဆေးကုသရေးစင်တာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြင်ပဆေးကုသသူအရပ်သားများ အပါ အဝင် ၁၇ ဦးသေဆုံး၍ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများကို အေအေတပ်ဖွဲ့ဝင် များဟု ဖော်ပြထားခြင်း မရှိပေ။ သတင်းအမှားတွင် ပါဝင်သော အေအေတပ်ဖွဲ့ဝင် ၂၀၀ သေဆုံးဟု ဖော်ပြ ထားခြင်း မရှိပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း အေအေ၂၀၀ ကျော် သေဆုံးဟုဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၁၁ ရက်၊ ညနေ ၄ နာရီအထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီသည် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့ပြီး၊ စစ်ကောင်စီလော်ဘီများက အဆိုပါလေကြောင်းတိုက်ခိုက်မှုများကို PDF နှင့်
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကို ရှင်းလင်းခြင်းဖြစ်သည်ဟု အကြမ်းဖက်အားပေးသည့်ပုံစံဖြင့် သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။