By Haythar / MPA
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၊ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ – ၂ (နခခ ၂) စခန်း ကို စစ်ကောင် စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံး သူများကို အာရက္ခတပ်တော် (အေအေ) တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့သည်ဟု တံဆိပ်ကပ်ထား သည့် သတင်းအမှားများ၂၀၂၄ စက်တင်ဘာ ၁၀ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ဖြန့်ဝေထားသည်။
Subscriber ၁၁၀,၀၀၀ ကျော်ရှိသည့် Thazin Oo အမည်ရှိ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက “၉ ရက်နေ့ ည ၉ နာရီခွဲက မောင်တောရှိ တပ်က ဆုံးရှူးခဲ့ရသော နခခ-၂ စခန်းတွင် ခိုအောင်းနေထိုင်သော AA များကို ဗုံးကြဲ ရှင်းလင်းရာ AA ၅၀ ကျော် သေဆုံးခဲ့ပြီး…” ဟု ရေးသားဖော်ပြခဲ့သည့်အပြင် ပျက်စီးနေသည့်အဆောက်အဦးနှင့် လူထိခိုက်မှုများကို ရုပ်သံနှင့်တကွ ဖြန့်ဝေထားသည်။
Thazin Oo တယ်လီဂရမ်ချန်နယ်က ရေးသားဖော်ပြချက်ကို စက်တင်ဘာ ၁၀ ရက် ည ၇ နာရီအထိ ကြည့်ရှုသူ ၁၂၀၀၀ ကျော်ရှိပြီး like and react ပေးသူ ၄၀၀ ကျော်ရှိပြီး အခြားချန်နယ်များစွာကလည်း ကူးယူဖော်ပြထားကြသည်။
သတင်းအမှားလင့်ခ်များ
Thazin oo – https://archive.ph/vvOVY
Thar Sitt (psy) – https://archive.ph/PLA08
Sitt Min – https://archive.ph/FaJDt
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်း အမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
Thazin Oo တယ်လီဂရမ် ချန်နယ်တွင် ဖော်ပြထားသည့် ရုပ်သံကို InVID video verification tools အသုံးပြု၍ ရရှိလာသည့် ရုပ်ပုံကို Google reverse search ဖြင့်ရှာဖွေကြည့်ရာ ထပ်တူညီသည့် ပုံကိုမတွေ့ရပေ။ သို့သော် ရုပ်သံတွင် ပါဝင်သည့် AA info desk ဟု တယ်လီဂရမ်တွင် ရှာဖွေကြည့်ရာ ထပ်တူညီသည့် ရုပ်သံဖိုင်ကိုတွေ့ခဲ့ရသော် လည်း Thazin Ooက ရေးသားဖော်ပြထားသည့် အကြောင်းအရာများနှင့် ကွဲလွဲမှုရှိေန သည်။
မူရင်းသတင်းလင့်ခ် https://shorturl.at/KHyGV
Google တွင် “မောင်တောမြို့ဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ RFA / Western News / Shwe phee myay စသည့် သတင်းမီဒီယာများ၌ ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “မောင်တောမြို့က နယ် ခြား စောင့်တပ်ဖွဲ့ခွဲ (နခခ-၂) စခန်းနေရာကို စစ် ကောင်စီတပ်က စက်တင်ဘာ ၉ ရက် ညပိုင်း တွင် လေကြောင်းက ဗုံးကြဲတိုက်ခိုက် တာကြောင့် စစ်သုံ့ပန်း တွေ အပါအဝင် အကျဉ်းသား ငါးဆယ်ကျော် သေဆုံးခဲ့သည်ဟု ရေးသားဖော်ပြထားကြသည်။
ထို့အပြင် သေဆုံးသူတွေထဲမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ ၊ ARSA ၊ RSO နှင့် စစ်ကောင်စီတပ်က သင်တန်းပေးထားသည့် မွတ်စလင်လက်နက်ကိုင်များ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) နှင့် ဆက်စပ်သူများ ၊ သံသယအမျိုးမျိုးနှင့် ဖမ်းဆီးခံထားရသူများ ပါဝင်ကြောင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
RFA- https://shorturl.at/BryF3
Western news- https://shorturl.at/WyzXJ
Shwe Phee Myay – https://shorturl.at/OoS36
သုံးသပ်ချက်
စစ်ကောင်စီတပ်က အာရက္ခတပ်တော် (အေအေ) သိမ်းပိုက်ရရှိထားသည့် မောင်တောမြို့ရှိ နယ်ခြား စောင့်တပ်ဖွဲ့ခွဲ (နခခ-၂) စခန်းနေရာကို လေကြောင်းက ဗုံးကြဲခဲ့မှု ဖြစ်စဉ် မှန်ကန်သော် လည်း သေဆုံးများသည် စစ်သုံ့ပန်းများ ၊ ARSA ၊ RSO နှင့် စစ်ကောင်စီတပ်က သင်တန်းပေး ထားသည့် မွတ်စလင်လက်နက်ကိုင်များ ရခိုင် လွတ်မြောက်ရေးပါတီ (ALP) နှင့် ဆက်စပ်သူ များ ၊ သံသယအမျိုးမျိုးနှင့် ဖမ်းဆီးခံထားရ သူများဖြစ်ကြောင်း သတင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။
ထို့ကြောင့် စစ်ကောင်စီတပ်က ဗုံးကြဲမှုကြောင့် အေအေ ၅၀ သေဆုံးဟုဆိုသော အကြောင်းအရာ သည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။