By Wadi / MPA
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာအနီးရှိ KNU စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့်ရှင်းလင်း ဟုဆိုသည့် သတင်းအမှား စက်တင်ဘာ ၉ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“People Media” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၉ ရက်၊ နေ့လည် ၁ နာရီ ၈ မိနစ်အချိန်တွင် “ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာအနီးရှိ စစ်သွေးကြွ KNU စခန်းကို တပ်မတော်က လေကြောင်းဖြင့်ရှင်းလင်းလိုက်သည်” ( မူရင်းရေးသားချက်အတိုင်း) ဟု ဓာတ်ပုံ များနှင့်တကွ ဖြန့်ဝေခဲ့ရာ စက်တင်ဘာ ၁၀ ရက် ညနေ ၅ နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၃၆,၀၀၀ ကျော်၊ Reaction ပေးသူ ၁၀၀၀ ကျော် နှင့် မှတ်ချက်ရေးသားသူ ၄၀ ကျော် ရှိသည်။
မူရင်းရေးသားထားသော သတင်းအမှားလင့်ခ် >>> https://archive.ph/N9xo2
အဆိုပါသတင်းအမှားကို “BAK24News , MDY image, Saw Ba Maung” အပါအဝင် အခြား စစ် ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
BAK24News – https://archive.ph/8QwmbMDY
image – https://archive.ph/Oqu0i
Saw Ba Maung – https://archive.ph/ietsq
တယ်လီဂရမ်တွင်ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေ ကြည့်ရာ လွတ်လပ်သောမွန်သတင်းအေဂျင်စီ၌ ဖော်ပြထားသောဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
စက်တင်ဘာ ၉ ရက်၊ လွတ်လပ်သောမွန်သတင်းအေဂျင်စီတွင် “ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာတွင် စက်တင်ဘာလ ၉ ရက်နေ့ နံနက်အစောပိုင်းက စစ်ကောင်စီလေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်” ( မူရင်းရေးသားချက်အတိုင်း ) ဟု ဗုံးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသော ဓာတ်ပုံများနှင့်တကွ ရေးသား ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/KNh9P
Google တွင် “ကျုံခဝန်ကျေးရွာ လက်နက်ကြီးကျ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “KIC News, Than Lwin Times, Dawei Watch” သတင်းမီဒီယာများ၌ သတင်းဖော်ပြထားသည်။
ဖော်ပြပါ သတင်းမီဒီယာများတွင် KNU တပ်မဟာ ( ၆ ) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျုံခဝန်ကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၉ ရက် နံနက်အစောပိုင်း၌ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ကျည်စထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး၊ သက်ကြီးပိုင်းတစ်ဦး ပြင်းထန် ထိ ခိုက်ဒဏ်ရာရခဲ့ကြောင်း၊ လူနေအိမ်အနီးနှင့် လယ်ကွက်များထဲသို့ ဗုံးများကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီ နှင့် KNU/ TNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက် မှုများအပြင် လက်နက်ကြီး၊ ဒရုန်းများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ ဒေသခံ ထောင်နှင့်ချီ ထွက် ပြေးတိမ်းရှောင်နေရပြီး၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွာများတွင်လည်း လေကြောင်းမှဗုံးကြဲခံရရန် စိုးရိမ် နေရကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
KIC News – https://shorturl.at/qECDO
Than Lwin Times – https://shorturl.at/Q7jay
Dawei Watch – https://shorturl.at/2iAwu
သုံးသပ်ချက်သတင်းမီဒီယာများတွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ် ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးနှင့် သက် ကြီးပိုင်းတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ လူနေအိမ်များနှင့် လယ်ကွက်များပေါ်သို့ ဗုံးများကျရောက် ပေါက်ကွဲခဲ့ကြောင်း ဖော်ပြထားသည်။
ဗုံးကြဲခံရသော နေရာသည် KNU စခန်းဟု ဖော်ပြထာခြင်း မရှိပေ။ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ကျုံခဝန်ကျေးရွာအနီးရှိ KNU စခန်းကို စစ်တပ်က လေကြောင်းဖြင့် ရှင်းလင်း” ဟုဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၁၀ ရက်၊ ညနေ ၅ နာရီအထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်ကောင်စီသည် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့ပြီး၊ စစ်ကောင်စီဝါဒဖြန်ချိသူများကလည်း အဆိုပါလေကြောင်းတိုက်ခိုက်မှုများ သည် PDF နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကို ရှင်းလင်းခြင်းဖြစ်ကြောင်း သတင်းအမှားများ ဖြန့် ဝေလာကြသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။