By Wadi / MPA
မန္တလေးမြို့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် မြို့နေပြည်သူများ သေဆုံး ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၃ရက်တွင် သတင်းအမှားဖြန့်ဝေခဲ့သည်။
“People Media” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် “ မန္တလေး မြို့၌ စစ်သွေးကြွများပစ်ခတ်သည့် ရှေ့တိုက်ဒုံးများ လူနေအိမ်များ ထိမှန်၊ ပြည်သူများ သေဆုံးမှုများရှိ” ဟု (မူရင်းရေးသားချက်) ဖြန့်ဝေခဲ့ရာ စက်တင်ဘာ ၄ ရက် ညနေ ၆နာရီကျော်အထိ ဝင်ရောက်ကြည့်ရှုသူ ၃၅,၀၀၀ ကျော်၊ Reaction ပေးသူ ၄၉၀ ကျော် ၊ မှတ်ချက်ရေးသားသူ ၉၀ ကျော်အထိ ရှိသည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/WEfWB
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အဆောက်အဦး ထိခိုက်ပျက်စီးနေသည့် ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “မြေလတ်အသံ၊ Tachileik News Agency၊ People’s Spring” တို့တွင် ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီမှုရှိသည်။
မီဒီယာများတွင် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ( လပခ ) ရုံးရှိရာ နန်းတွင်းမြောက်ဘက်သို့ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ လူနေအဆောက်အအုံတချို့ပါ ပျက်စီးခဲ့ကြောင်း၊ လမ်း ၈၀ ( ၁၁ နှင့် ၁၂ ) လမ်းကြားရှိ တိုက်၊ အမှတ် ( ၄ ) ရဲစခန်း အရှေ့ဘက်တိုက် နှင့် ရွှေကျင်တိုးဂိတ်တို့ပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုအတွင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို Brave Warriors for Myanmar-BWM အဖွဲ့က တိုက်ခိုက်တာဖြစ် ကြောင်း၊ နန်းတွင်း လပခ ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ်ခဲ့ရာ ၇ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ ကြောင်း BWM အဖွဲံက သတင်းထုတ်ပြန်ထားသည် ဟူ၍ ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
မြေလတ်အသံ – https://shorturl.at/Jc41E
Tachileik News Agency – https://shorturl.at/tnDCL
People’s Spring – https://shorturl.at/157Hd
Google တွင် “မန္တလေးမြို့ ရှော့တိုက်ဒုံး ကျ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်သည့်အခါ “MPA, Irrawaddy, RFA” အပါအဝင် အခြားသတင်းမီဒီယာများ၌ သတင်းရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာများတွင် မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ နန်းတွင်းထဲသို့ စက်တင်ဘာ ၃ ရက်က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နန်းတွင်းအပါအဝင် လူနေရပ်ကွက်ထဲက နေရာအချို့ကိုပါ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လမ်း ၈၀၊ ၁၁ လမ်းနဲ့ ၁၂ လမ်းကြားရှိ တိုက်အပေါ်ထပ်၊ အမှတ် ၄ ရဲစခန်းအနီးရှိ တိုက်တစ်လုံး၊ ရွှေကျင်တိုးဂိတ်အနီး ပေါက်ကွဲမှုများ ဖြစ်ခဲ့ကြောင်း၊ ပေါက်ကွဲမှု အတွင်း ရွှေကျင်တိုးဂိတ်အစောင့်ကျတပ်သားတချို့နှင့် အောင်မြေသာစံမြို့နယ်မှ အသက် ၃၀ အရွယ် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊တိုက်ခိုက်မှုကို Brave Warriors for Myanmar-BWM အဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု BMW အဖွဲ့က ထုတ်ပြန်ထားကြောင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ချိန်တွင် စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
MPA – https://shorturl.at/A6eiZ
Irrawaddy – https://shorturl.at/1vTfB
RFA – https://shorturl.at/eRsNl
တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည့် Brave Warriors for Myanmar-BWM အဖွဲ့၏ ဖေ့ဘွတ်ခ်၌ ၂၀၂၄ စက်တင် ဘာ ၃ ရက် ၊ နံနက် ၄ နာရီ ၈ မိနစ်အချိန်တွင် မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ်ခဲ့ရာ၊ ၇ လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်း၊ ပစ်ခတ်မှုတွင် လပခ တိုင်းရုံးကို ထိမှန်၍ ဒုစစ်ဦးစီးချုပ် စိုးဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး တစ်ဦးအပါ အဝင် အရာရှိ သုံးဦးနှင့် တပ်သား လေးဦး ၊ စုစုပေါင်း ခုနှစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://shorturl.at/MOSQg
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မန္တလေးနန်းတွင်းရှိ လပခ သို့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ နန်းတွင်းအပြင် လူနေအိမ်အချို့ပေါ်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တွေ့ရသည်။ ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူသေဆုံးကြောင်း သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။
လူနေအိမ်အချို့ပေါ် ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသောဖြစ်စဉ် မှန်ကန်သော်လည်း တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “အရပ်သားပြည်သူများသေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် ဩဂုတ် ၄ ရက် ညနေ ၆ နာရီကျော်အထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် Telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။