By Haythar/MPA
KIA သိမ်းပိုက်ရရှိထားသည့် ကချင်ပြည်နယ် မိုးမောက် ခမရ ၄၃၇ တပ်ကို စစ်ကောင်စီတပ်က ပြန်လည် တိုက်ခိုက်သိမ်းယူနိုင်ဟု ဆိုသည့်သတင်းအမှားများ သြဂုတ် ၃၀ ရက်၌ စစ်ကောင်စီတပ် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။
Kyaw Win Maung အမည်ရှိ တယ်လီဂရမ်ချန်နယ်က သြဂုတ် ၃၀ ရက်မွန်းလွဲပိုင်းတွင် KIA တစ်လ ကျော် တိုက်ခိုက်ခဲ့ရသည့် ခမရ ၄၃၇ အခြေစိုက် မိုးမောက်မြို့ကို လေးရက်နှင့်အပြီးသိမ်းနိုင်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်စစ်ကြောင်းက ဗန်းမော်မှ စတင်ချီတက်ခဲ့ပြီးနောက် လေးရက်အကြာတွင် ပြန်လည်ထိန်း ချုပ်နိုင်ခဲ့သည်ဟု ရေးသားဖော်ပြထားသည်။
Kyaw Win Maung ချန်နယ်က ရေးသားဖော်ပြချက်ကို စက်တင်ဘာ ၂ရက် ည ၇နာရီအထိ ကြည့်ရှုသူ ၉၉၀၀ ကျော်၊ like and react ပေးသူ ၅၀၀ ကျော် နှင့်အခြားချန်နယ်များစွာကလည်း ကူးယူဖော်ပြထား ကြသည်။
သတင်းအမှားလင့်ခ်များ
Kyaw Win Maung – https://archive.ph/JLM5u
Snow Queen – https://archive.ph/TqHMZ
Ye Yint Htet – https://archive.ph/na9iV
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသည့် အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး Google တွင် “မိုးမောက်” ဆိုသည့် စာသားဖြင့် ရှာဖွေရာ RFA ,DVB နှင့် Kachin News Group သတင်းမီဒီယာများက သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “မိုးမောက်မြို့ကို စစ်ကောင်စီတပ်က သြဂုတ် ၃၁ရက်နေ့အထိ ဗန်းမော်မှတဆင့် အင်အား ၄၀၀ ကျော်နှင့် မြေပြင်ကနေ ထိုးစစ်ဆင်နေပြီးလေကြောင်းကပါ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်” ဟု ရေးသားဖော်ပြထားကြသည်။
KIO က သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း “မိုးမောက်နဲ့ ဗန်းမော်ကြားမှာ ဖြစ် နေတဲ့တိုက်ပွဲက ၆ မိုင်ကုန်းဆိုတဲ့ နေရာမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ စစ်ကောင်စီ တပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး သိမ်းယူတာမရှိသေးပါဘူး။ လော်ဘီသတင်းတွေပါ”ဟု Kachin News Group သို့ စက်တင်ဘာ ၂ရက်က ဖြေဆိုထားသည်။
သတင်းမီဒီယာ လင့်ခ်များ
RFA – https://shorturl.at/DYurL
DVB – https://shorturl.at/uTM79
Kachin News Group https://shorturl.at/CzhPi
သုံးသပ်ချက်
မိုးမောက် ခမရ ၄၃၇ တပ်ကို KIA က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ရယူရန် မြေပြင်နှင့်လေကြောင်းက ထိုးစစ်ဆင်နေသော်လည်း သြဂုတ် ၃၁ရက်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ် ကြောင်းနှင့် စက်တင်ဘာ ၂ရက်အထိ ခမရ ၄၃၇ ကို စစ်ကောင်စီတပ်စစ်ကြောင်း ရှေ့ဆက်လာခြင်းမရှိ ကြောင်း သတင်းမီဒီယာများ၌ ရေးသားဖော်ပြထားကြသည်။
ထို့ကြောင့် မိုးမောက် ခမရ ၄၃၇ တပ်ကို စစ်ကောင်စီတပ်က လေးရက်နှင့်ပြန်လည်တိုက်ခိုက်သိမ်းယူဟု ဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
အထက်ဖော်ပြပါ သတင်းအချက်အလက်စစ်ဆေးမှုများသည် စက်တင်ဘာ ၂ရက် ည ၇နာရီအထိ ရရှိထား သောအချက်အလက်များပေါ်တွင် မူတည်၍ စစ်ဆေးမှုများဖြစ်သည်။
စစ်မြေပြင်၌ တိုက်ပွဲဖြစ်ပွားရာတွင် တစ်ဖက်နှင့် တစ်ဖက် နယ်မြေစိုးမိုးမှုများ အပြောင်းအလဲရှိနိုင်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်ပါသည်။